This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Mi A1 Update

Words
157
Reading
1 min
8y
Listen to this post
~1 min

Xiaomi အနေနဲ့ ပြီးခဲ့တဲ့ အပတ်တုန်းက Mi A1 စမတ်ဖုန်း မော်ဒယ်တွေ အတွက် Android 8.1 Oreo Update ကို ထုတ်လွှင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် Messaging App မှာ Error တက်ခဲ့တာကြောင့် Mi A1 အတွက် Android 8.1 Oreo Update ကို ခေတ္တခဏ ရပ်နားခဲ့ရပါတယ်။IMG_20180718_181020.jpg

ယခုအခါမှာတော့ July’s Security Patch ပါဝင်တဲ့ Android 8.1 Update ကို Mi A1 အတွက် ပြန်လည် လွှင့်တင် ပေးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက Mi A1 အတွက် လွှင့်တင် ပေးခဲ့တဲ့ Android 8.1 Update မှာ June’s Security Patch သာ ပါဝင်ခဲ့တာ ဖြစ်ပြီး ယခု အသစ် လွှင့်တင် ပေးခဲ့တဲ့ Android 8.1 Oreo Update မှာ July’s Security Patch ပါဝင် လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Mi A1 အတွက် အသစ် လွှင့်တင် ပေးခဲ့တဲ့ Android 8.1 Oreo Update ကို ဗားရှင်း နှစ်မျိုး အဖြစ် လွှင့်တင် ပေးခဲ့တာ ဖြစ်ပြီး SMS Error ပါဝင်တဲ့ ပထမ Update ကို ဒေါင်းလုပ် ပြုလုပ်ထားသူတွေ အနေနဲ့ 467.3MB သာ ထပ်မံ ဒေါင်းလုပ် ရယူမှာ ဖြစ်ပြီး အခုမှ Android 8.1 Oreo Update ကို ထည့်သွင်းမယ့် သူများကတော့ 1152MB ဒေါင်းလုပ် ရယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။IMG_20180718_181031.jpg

မကြာမီ အချိန်အတွင်း July’s Security Patch ပါဝင်တဲ့ Android 8.1 Oreo Update ကို Mi A1 အသုံးပြုသူ အားလုံး Update ပြုလုပ်နိုင်မှာ ဖြစ်ပြီး ဘာ Error မှ မပါဝင်တာကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Xiaomi က ဆိုထားပါတယ်။
SOURCE
PHOTO

Mi A1 Update | Ecency