This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

LG V40

Words
226
Reading
2 min
8y
Listen to this post
~2 min

ပြီးခဲ့တဲ့လတုန်းက LG V40 ThinQ မှာ ကင်မရာ ငါးလုံး ပါဝင်လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ယခုအခါမှာတော့ LG V40 ThinQ နဲ့ ပတ်သတ်တဲ့ Concept Design ပုံရိပ်တွေ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။
IMG_20180710_123018.jpg

လက်ရှိ အချိန်မှာ ထွက်ပေါ်လာခဲ့တဲ့ Concept ပုံရိပ်တွေ အရ LG V40 ThinQ မှာ Notch Display ဒီဇိုင်းကို မြင်တွေ့ရနိုင်ပါတယ်။ Notch လေးမှာတော့ Dual Camera Setup နဲ့ အတူ Earpiece ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ LG V4 ThinQ မှာ Notch ဒီဇိုင်းကို အသုံးပြုထားတာကြောင့် Screen to Body Ratio မှာ LG V30 ထက် ပိုသာသွားမှာ ဖြစ်ပါတယ်။

LG V40 ရဲ့ ကျောဘက်ခြမ်း ဒီဇိုင်းပိုင်းမှာတော့ LG V30 နဲ့ သိပ်ပြီး ကွဲပြား ခြားနားသွားတာကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် LG V30 မှာ Dual Rear Camera Setup ကို အသုံးပြုခဲ့ပြီး LG V40 မှာတော့ Triple Rear Camera Setup နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
IMG_20180710_123008.jpg

LG V40 ThinQ ရဲ့ Specifications နဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေကို သိရှိရခြင်း မရှိသေးပေမယ့် Flagship စမတ်ဖုန်း တစ်လုံး ဖြစ်တာနဲ့ အညီ Qualcomm ရဲ့ Snapdragon 845 SoC နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ဒါ့အပြင် LG V30 မှာလို Multimedia Features တွေကို LG V40 ThinQ မှာ မြင်တွေ့ရနိုင်ပြီး Google Assistant ကို အသုံးပြုနိုင်ဖို့ အတွက် သီးသန့် ခလုတ် တစ်ခု LG V40 ThinQ မှာ ပါဝင်လာနိုင်ပါတယ်။

LG V30 ကို IFA 2017 မှာ မိတ်ဆက်သွားခဲ့တာကြောင့် နောက်လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ နဲ့ စက်တင်ဘာ လ ၅ ရက်နေ့ကြားမှာ ကျင်းပသွားမယ့် IFA 2018 မှာ LG V40 ThinQ ကို မိတ်ဆက် သွားနိုင်တယ် လို့ ကျွမ်းကျင်သူများ က ခန့်မှန်းထားကြပါတယ်။

Samusng ရဲ့ Flagship စမတ်ဖုန်း မော်ဒယ် အသစ် Galaxy Note 9 ကိုလည်း သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်တာကြောင့် LG V40 ThinQ ထွက်ရှိလာတဲ့ အခါကျရင် Galaxy Note 9 နဲ့ ဈေးကွက်ထဲမှာ အဓိက ယှဉ်ပြိုင်ရနိုင်ပါတယ်။ LG V35 ThinQ ကို ကန်ဒေါ်လာ ၈၉၉ ဒေါ်လာ ဝန်းကျင်နဲ့ မိတ်ဆက် ပေးခဲ့တာ ဖြစ်တာကြောင့် LG V40 ThinQ ကိုလည်း ကန်ဒေါ်လာ ၉၉၉ ဝန်းကျင်နဲ့ မိတ်ဆက် လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Source
Photo- Google

LG V40 | Ecency