This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

IMX

Words
139
Reading
1 min
8y
Listen to this post
~1 min

ဂျပန်စမတ်ဖုန်းနဲ့ အီလက်ထရောနစ် နည်းပညာပစ္စည်း ထုတ်လု
ပ်သူကြီးဟာ စမတ်ဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်ဖို့အတွက်
CMOS Image sensor IMX586 ကိုထုတ်ဖော်ကြေညာလိုက်ပါ
တယ်။ Sony ရဲ့ ဆင်ဆာအသစ်ဟာ ကမ္ဘာ့ပထမဆုံး 48MP စမ
တ်ဖုန်းဆင်ဆာ ဖြစ်လာမှာပါ။ Sensor အသစ် ရဲ့ Pixel size က
0, um ဖြစ်တဲ့အတွက် ကမ္ဘာ့မှာအသေးဆုံး plxel size လို့သတ်
မှတ်နိုင်ပါတယ်။ Sony ကတော့သူရဲ့ နည်းပညာကို Ultra
compact Pixel Size လို့ဆိုပါတယ်။ Sony ရဲ့ ထုတ်ပြန်ချက်
အရ 48 megapixel ပမာဏထိရနိုင်တယ်လို့ ဆိုထားပါတယ်။

Sony အနေနဲ့ သူ့ရဲ့ Exposure ထိန်းချုပ်နိုင်တဲ့နည်းပညာနဲ့
Signal တွေကို Process လုပ်တဲ့စွမ်းရည်တွေကို Image sensor
ထဲမှာ တစ်ခါတည်းထည့်သွင်းပေးထားတဲ့အတွက် ထွက်လာတဲ့
ပုံတွေရဲ့ Dynamic Range က 12MP sensor ထက် ၄ဆလော
က်ပိုများသွားပါတယ်။ အလင်းရောင်မမှန်တဲ့ ညပုံရိပ်တွေနဲ့ low
noise photos တွေကို ပိုမိုတိကျတဲ့ pixel အရည်အသွေးရရှိစေ
မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ CMOS image
sensor အသစ်တွေကို ယခုနှစ် စက်တင်ဘာလမှာ စတင်ရောင်း
ချတော့မှာဖြစ်ပြီး ဈေးနှုန်းကတော့ ယမ်း 3,000 (ဒေါ်လာ 27)
နဲ့ရောင်းချမှာဖြစ်ပါတယ်။

ဒီနေ့ထွက်ရှိနေတဲ့ စမတ်ဖုန်းအများစုရဲ့ ကင်ရာတွေမှာ SONY
ရဲ့ image sensor ကိုအသုံးပြုကြတာများပါတယ်။ လက်ရှိထွ
က်နေတဲ့ သတင်းတွေအရ ဂျပန်ကုမ္ပဏီရဲ့ IFA ဘာလင်မှာ မိတ်
ဆက်သွားမယ့် Xperia XZ3 မှာ 48 MP ကင်မရာကိုသုံးလာမယ်
လို့ မျှော်လင့်ရပါတယ်။ Sony ရဲ့ CMOS image sensor အသစ်
သုံးထားတဲ့ အခြားစမတ်ဖုန်းကုမ္ပဏီထုတ် ဖုန်းတွေကိုတော့ လာ
မယ့် ၂၀၁၉လောက်မှသာ မြင်တွေ့ရနိုင်မှာပါ။
SOURCEIMG_20180724_162114.jpg

IMX | Ecency