This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Honor 9N

Words
131
Reading
1 min
Listen
Play
8y

Huawei ရဲ့ Sub-Brand ဖြစ်တဲ့ Honor က အိန္ဒိယမှာ စမတ်ဖုန်း
အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့မှာ ခေတ်စားနေတဲ့
အနောက်ကင်မရာ ၂ လုံးနဲ့ Notch များပါပါတယ်။ သူ့ရဲ့ အမည်
မှာ Honor 9N ဖြစ်ပြီး အနောက်ဘက်မှာ 13MP+2MP Dual
Camera များထည့်သွင်းထားပါတယ်။ Selfie အသားပေး 16MP
Camera ထည့်သွင်းထားပါတယ်။

Honor 9N မှာ ၅.၈၄ လက်မ LCD FHD+ (1080x2280)
Display ထည့်သွင်းထားပါတယ်။ Android 8.0 Oreo အခြေပြု
Huawei EMUI 8.0 ထည့်ထားပါတယ်။ Hisilicon Kirin 659
Chip မောင်းနှင်ထားပါတယ်။ RAM နဲ့ Storage အတွက် မော်ဒ
ယ် သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။ microSD Card ကို
Hybrid SIM slot မှာ ထည့်သွင်းနိုင်ပါတယ်။

ခရမ်း၊ အပြာ၊ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။
3GB/32GB ကို ရူပီး ၁၁ ၉၉၉ ၊ 4GB/64GB ကို ရူပီး ၁၃၉၉၉ နဲ့
4GB/128GB ကို ရူပီး ၁၇၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာ
အားဖြင့် ၁၇၄ ၊ ၂၀၃ နဲ့ ၂၆၁ အသီးသီး တန်ကြေးရှိပါတယ်။
Flipkart ကနေသော ရောင်းချမှာ ဖြစ်ပါတယ်။IMG_20180725_110708.jpg

Honor 9N ဟာ တရုတ်မှာ ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ Honor
9i (2018) နဲ့ အတူတူပဲ ဖြစ်ပါတယ်။ အိန္ဒိယမှာ အမည်ပြောင်းပြီး
ရောင်းချတာပါ။ သူဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလက အိန္ဒိ
ယမှာ ကြေညာခဲ့တဲ့ Honor 9 ရဲ့ မျိုးဆက်ဖြစ်ပါတယ်။
SOURCE

Honor 9N | Ecency