This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

GPU Turbo

kcs-token(29)
Published in
#gpu
Words
146
Reading
1 min
8y
Listen to this post
~1 min

Huawei ဟာ Razer တို့ Asus တို့လို Gaming Phone တွေကို တွေ့မြင်ပြီးတ့ဲနောက်မှာ Gaming Phone အကြမ်းစားတွေ ထုတ်လုပ်နိုင်ဖို့ ကြံစည်နေခ့ဲတာပါ။ Gaming Phone တွေမှာဆိုရင် GPU လို့ခေါ်တ့ဲ Graphic Processing Unit ဟာအသက်ပါပဲ။ စိတ်ဝင်စားဖို့ကောင်းတာက အဆိုပါ အသက်ဆိုတ့ဲ GPU ကို Update လုပ်နိုင်မယ့် Software တစ်ခု Huawei မှာရှိနေပါတယ်။IMG_20180704_133945.jpg

Huawei မှာရှိတ့ဲ အဆိုပါ Software ဟာ ဖုန်းမှာရှိတ့ဲ GPU ရဲ့ Performance ကို 60 percent ထိ Boost လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Battery သုံးစွဲတ့ဲနှုန်းကိုလည်း 30 Percent လောက် သက်သာစေပါတယ်။ ဒီ Software Update ကိုတော့ GPU Turbo လို့ခေါ်ပါတယ်။ ဒီ GPU Turbo ဟာ Mid-Range ဖုန်းတွေကိုတောင်မှ Mobile Game အကြမ်းစားတွေ အေးဆေးဆော့နိုင်အောင် GPU ရဲ့ Performance ကို Boost လုပ်နိုင်ပါတယ်။ Huawei ရဲ့ပြောစကားအရတော့ ဒီ Update ဟာ ရိုးရိုး GPU ပဲသုံးထားတ့ဲ တချို့ Honor ဖုန်းတွေအတွက်တောင် တမူထူးခြားတ့ဲ GPU သုံးထားတ့ဲဖုန်းအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။

August လမှာတော့ Huawei P20, Huawei P20 Pro, Mate 10, Mate 10 Pro, Mate RS နဲ့ Honor 10 New Edition တွေဟာ ဒီလထဲမှာလဲ Software Update ရရှိမှာ ဖြစ်ပြီး September မှာတော့ Huawei P20 Lite, Mate 9, Mate 9 Pro, Huawei P10 နဲ့ Huawei P10 Plus တို့ပါ Update ရရှိမှာ ဖြစ်ပါတယ်။
[SIMG_20180701_070559.jpg
Source
Photo - Google

GPU Turbo | Ecency