This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Google Account

Words
178
Reading
1 min
8y
Listen to this post
~1 min

Google Account တစ်ခုဆိုတာ Gmail တစ်ခုထဲအတွက် မဟုတ်ပဲ နေရာအမျိုးမျိုးမှာ အသုံးပြုနေကြရတာဖြစ်ပါတယ်။ ဥပမာပြောရရင် လက်ရှိ Mobile Game တွေအကုန်လုံးနီးပါးမှာ Google Account နဲ့ Sign In ဝင်ဖို့ လိုအပ်သလို Google Chrome မှာ Google Account Sign In ဝင်ရောက်ပြီး Web Browsing ပြုလုပ်တယ်ဆိုရင်လည်း အဲ့ဒီ ချိတ်ဆက်ထားတဲ့ Application တွေနဲ့ Web Browsing History အကုန်လုံးကို Google ကနေမှတ်သားထားမှာပဲဖြစ်ပါတယ်။IMG_20180718_181621.jpg

အဲ့ဒီအတွက် ကိုယ့်ရဲ့ Google Account နဲ့ ပတ်သတ်တဲ့ Information တွေ၊ Google Account နဲ့ ဝင်ရောက်ထားတဲ့ Devices နဲ့ Application တွေအကြောင်းကို ကိုယ့် Google Account ကို ခိုးယူခံရမှာ စိုးရိမ်တယ်ဆိုရင် အမြဲတမ်းစစ်ဆေးသင့်ပါတယ်။ ဘယ်လို စစ်ဆေးရမလဲဆိုရင်တော့ www.myaccount.google.com ကနေ ဝင်ရောက်ပြီး ကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်။

အဆိုပါ Website Link မှာဆိုရင် ကိုယ့်ရဲ့ Google Account နဲ့ My Activity လိုမျိုး မပါမဖြစ် Features တွေအပြင် Google Activity တွေ၊ Search History တွေနဲ့ Google Products တွေဖြစ်တဲ့ Maps, YouTube နဲ့ Search တို့က သိမ်းဆည်းထားတဲ့ Data တွေကိုပါ ဖျက်ပစ်နိုင်တဲ့ Portal တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။
Google က My Account Dashboard ကို နှစ်စဉ် လူသန်းပေါင်း ရာနဲ့ချီပြီး အသုံးပြုနေကြတယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ လူသန်းပေါင်း ဆယ်ဂဏန်းဝန်းကျင်ကပဲ သူတို့ရဲ့ Google Account လုံခြုံရေးကို တစ်ဆင့်ပြီးတစ်ဆင့် စစ်ဆေးပေးနိုင်တဲ့ Privacy Checkup Feature ကို အသုံးပြုနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ကိုယ့် Google Account ကို လုံခြုံအောင် စစ်ဆေးဖို့ကိုလည်း အသိပေးလိုက်ပါတယ်။
IMG_20180718_181637.jpg
နောက်တစ်ခုကတော့ Google မှာ ကိုယ့်ရဲ့ Google Account Information အကုန်လုံးကို Zip File အနေနဲ့ Offline သိမ်းဆည်းနိုင်တဲ့ Takeout Feature ( https://takeout.google.com/settings/takeout) ကို ၂၀၁၁ ခုနှစ်ထဲက မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာ လတိုင်း လူတစ်သန်းဝန်းကျင် အဆိုပါ Feature ကို အသုံးပြုနေတာဖြစ်ပါတယ်။ တကယ်လို့ Google က ကိုယ့်အကြောင်း သိထားသမျှ Data တွေကို သိချင်တယ်ဆိုရင် ဒီ Feature ကနေ ကြည့်ကြည့်လို့ရပါသေးတယ်။
SOURCE

Google Account | Ecency