This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Find X sold 15 millions dollar in 15 mins

Words
160
Reading
1 min
Listen
Play
8y

တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ OPPO အနေနဲ့ မနေ့က တရုတ်နိုင်ငံ အတွင်းမှာ Flagship စမတ်ဖုန်း OPPO Find X Standard Edition ကို စတင် ရောင်းချ ပေးခဲ့ပါတယ်။ OPPO Find X ကို Online ကနေ တစ်ဆင့် မှာယူနိုင်သလို တရုတ်နိုင်ငံတွင်း က OPPO Brand ဆိုင်တွေမှာလည်း ဝယ်ယူခွင့် ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။IMG_20180715_081812.jpg

OPPO Find X စမတ်ဖုန်းဟာ စတင် ရောင်းချပြီး ၁၅ မိနစ် အတွင်းမှာ Online ကနေ တစ်ဆင့် မှာယူမှုကြီးပဲ ကန်ဒေါ်လာ ၁၅ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါတောင် Online အော်ဒါ သီးသန့်ပဲ ရှိပါသေးတယ်။ ဆိုင်တွေမှာ ဝယ်ယူ အားပေး သွားတာတွေကို ထည့်တွက်ထားခြင်း မရှိသေးပါဘူး။

Online ကနေ တစ်ဆင့် ဝယ်ယူမှုမှာပဲ OPPO Find X ဟာ အားပေးသူတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံ အတွင်းမှာ ရှိတဲ့ OPPO ရဲ့ စမတ်ဖုန်း ဆိုင်ခွဲတွေတိုင်း မှာ OPPO Find X စမတ်ဖုန်း ကို ဝယ်ယူဖို့ အတွက် တန်းစီစောင့်နေတဲ့ လူတွေလည်း အများကြီး ရှိနေတယ်လို့ သိရပါတယ်။
Online၊ Offline နှစ်ခုပေါင်း တန်ဖိုး ဘယ်လောက် ရောင်းချနိုင်ခဲ့တယ် ဆိုတာကို OPPO ဘက်က တရားဝင် ကြေငြာခြင်း မရှိသေးပေမယ့် Online Sales တစ်ခုထဲနဲ့တင် OPPO အတွက်တော့ မှတ်ကျောက်ကောင်း တစ်ခု ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
IMG_20180715_081824.jpg
OPPO Brand ကို မုန်းနေတဲ့ သူတွေ အတွက်ကတော့ ဒီသတင်းကို အလကားပါကွာ၊ ဘာမှ အရေးပါတဲ့ သတင်း မဟုတ်ပါဘူးလို့ ထင်ချင် ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ OPPO Find X ဟာ အကောင်းတကာ့ အကောင်းဆုံး စမတ်ဖုန်း တစ်လုံး အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဆိုတာ အခုလို ရောင်းရမှု တစ်ခုတည်းနဲ့တင် သက်သေ ပြနိုင်ခဲ့ပါပြီ။ ဘယ်သူကမှ မကောင်းတဲ့ ဖုန်းတစ်လုံးကို အခုလို ဈေးကြီး ပေးဝယ်နေကြမှာ မဟုတ်ပါဘူး။
SOURCE
PHOTO

Find X sold 15 millions dollar in 15 mins | Ecency