This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Blackberry Ghost

Words
187
Reading
1 min
8y
Listen to this post
~1 min

TCL အနေနဲ့ BlackBerry ကုမ္ပဏီကို ဝယ်ယူပြီးစဉ် အချိန်ထဲက Flagship စမတ်ဖုန်း စစ်စစ် ကို မိတ်ဆက် ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ ယခုအခါမှာတော့ BlackBerry Ghost လို့ အမည်ပေးထားတဲ့ Flagship စမတ်ဖုန်း ကို ပထမဆုံး အကြိမ် အဖြစ် မိတ်ဆက်ပေးဖို့ ကြံစည်နေတဲ့ ပုံပါပဲ။
IMG_20180707_061200.jpg
ဒီနေ့မှာတော့ နာမည်ကြီး Leakster တစ်ယောက်ဖြစ်တဲ့ Evan Blass အနေနဲ့ BlackBerry Ghost နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ ကို ချပြပေးခဲ့ပါတယ်။ BlackBerry Ghost မှာ အရင်တုန်းက ထွက်ရှိထားတဲ့ BlackBerry KeyOne စမတ်ဖုန်းမှာလို Physical Keyboard ပါဝင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

BlackBerry Ghost ကို Flagship စမတ်ဖုန်း တစ်လုံး အဖြစ် မိတ်ဆက်ပေးသွားမှာ ဖြစ်တာနဲ့အညီ Processor ပိုင်းမှာလည်း Qualcomm ရဲ့ Snapdragon 845 SoC ကို အသုံးပြုလာနိုင်ပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တစ်ချက်ကတော့ BlackBerry Ghost မှာ 4000 mAh ဘက်ထရီ ပါဝင်မယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

Display ပိုင်းမှာတော့ Black Berry Ghost Flagship စမတ်ဖုန်းဟာ ပထမဆုံး 18:9 Display အသုံးပြု စမတ်ဖုန်း အဖြစ် ပွဲထွက်လာမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ ပုံရိပ်များအရ Black Berry Ghost မှာ သတ္တုစပ် ဘေးဘောင်တွေ ကို အသုံးပြုထားတာ မြင်တွေ့ရမှာ ဖြစ်ပြီး Volume Key နဲ့ Power Key ကို ဖုန်းရဲ့ ညာဘက်ခြမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်း မျက်နှာပြင်ရဲ့ အောက်နားလောက်မှာ ကုမ္ပဏီ အမှတ်တံဆိပ် BlackBerry ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
IMG_20180707_061150.jpg
BlackBerry Ghost စမတ်ဖုန်းကို Flagship စမတ်ဖုန်း တစ်လုံး အဖြစ် မိတ်ဆက်ပေးသွားမှာ ဖြစ်တာကြောင့် ဖုန်းရဲ့ ကျောဘက်မှာ Dual Camera Setup ကို မြင်တွေ့ရနိုင်ပါတယ်။ လက်ရှိအချိန်မှာ BlackBerry Ghost စမတ်ဖုန်း နဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်များကို သိရှိရခြင်း မရှိသေးပါဘူး။

ဒါပေမယ့် LeakSter Evan Blass ချပြပြီး သိပ်မကြာခင် အချိန်အတွင်းမှာ စမတ်ဖုန်း တော်တော်များများ ကို တရားဝင် မိတ်ဆက်သွားလေ့ ရှိတာကြောင့် BlackBerry ချစ်ပရိသတ်တွေ အနေနဲ့ BlackBerry Ghost စမတ်ဖုန်း ကို မကြာမီ အချိန်အတွင်း မြင်တွေ့ရဖွယ် ရှိပါတယ်။
Source

Photo- Google

Blackberry Ghost | Ecency