This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Big Clapper Robot

Words
194
Reading
1 min
8y
Listen to this post
~1 min

သင့် ဘဝမှာ လူတစ်ယောက်ရဲ့ အရေးပေး ဆက်ဆံတာကို တစ်ခါမှ မခံရဘူး ဖြစ်နေပါသလား၊ ဘာလုပ်လုပ် အရှုံးတွေနဲ့ ရင်ဆိုင်နေ ရပါသလား၊ တစ်ဦးတစ်ယောက်ရဲ့ အားပေးမှုကို ငတ်မွတ်နေပါသလား။ ဒီလိုဆိုရင်တော့ “Big Clapper” ဆိုတဲ့ စက်ရုပ်လေး နဲ့ မိတ်ဆက်ပေးပါရစေ။ Big Clapper ဆိုတာကတော့ သင် ဘာကြီးပဲ လုပ်လုပ် အမြဲတမ်း သင့် အနားမှာ လက်ခုပ်တီး အားပေးနေမယ့် ခရမ်းချဉ်သီး ပုံစံ မျက်နှာထား နဲ့ ချစ်စရာ စက်ရုပ်လေး တစ်ရုပ်ပဲ ဖြစ်ပါတယ်။IMG_20180711_072608.jpg

Big Clapper စက်ရုပ်လေး ကို ဂျပန်နိုင်ငံမှ ဒီဇိုင်နာ Masato Takahashi မှ ဒီဇိုင်း ရေးဆွဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ စတင် ဖန်တီးခဲ့စဉ် အချိန်တုန်းက လူသားဆန်တဲ့ လက်လေးတွေ နဲ့ ဖန်တီးခဲ့ပေမယ့် တစ်ယောက်ထဲ ရှိနေတဲ့ အချိန်မျိုးတွေမှာ ကြောက်စရာ ကောင်းတာကြောင့် အခုလို ချစ်စရာကောင်းတဲ့ ကာတွန်းဆန်ဆန် စက်ရုပ်လေးတွေ အဖြစ် ပြောင်းလဲ ဖန်တီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Big Clapper စက်ရုပ်လေးတွေဟာ သင် အလုပ်တစ်ခုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့တဲ့ အခါမျိုးတွေမှာ သင့် အတွက် လက်ခုပ်တီးပြီး အနားမှာ အားပေးနေတာမျိုးပဲ လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ Big Clapper App ကို ဖုန်းမှာ ထည့်သွင်းပြီး သင် အကြိုက်ဆုံး သီချင်း သံစဉ်အတိုင်း လက်ခုပ် လိုက်တီးပေးအောင် စေခိုင်းနိုင်မှာ ဖြစ်တဲ့အပြင် သင် ပြောစေချင်တဲ့ စကားလုံးလေးတွေ ကို Big Clapper စက်ရုပ်လေး ကို ပြောခိုင်းနိုင်အုံးမှာ ဖြစ်ပါတယ်။
IMG_20180711_072618.jpg
ဒါ့အပြင် ရုံးခန်း အဝင်ဝတွေ၊ ဆိုင် အဝင်ဝတွေမှာ Big Clapper စက်ရုပ်လေးတွေကို ထားရှိပြီး လူတွေကို ကြိုဆိုခိုင်းခြင်းဖြင့်လည်း လူအများရဲ့ စိတ်ဝင်စားမှုကို စွဲဆောင်နိုင်အုံးမှာ ဖြစ်ပါတယ်။ Big Clapper စက်ရုပ်လေးတွေ ရဲ့ မျက်လုံးကို အရှေ့တည့်တည့်မှာ ရှိနေတဲ့ သူကို ကြည့်ရှုနေတဲ့ ပုံစံမျိုး ဖြစ်အောင် ဒီဇိုင်း ရေးဆွဲထားတာ ဖြစ်တာကြောင့် စက်ရုပ်လေးနဲ့ နှစ်ယောက်တည်း အတူရှိနေတဲ့ အခါမျိုးတွေ ဆိုရင်တော့ နည်းနည်းတော့ ကြောက်ဖို့ ကောင်းမှာ အမှန်ပါပဲ။

လက်ရှိအချိန်မှာ Big Clapper စက်ရုပ်လေးကို ကန်ဒေါ်လာ ၄၅၀၀ ဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်တာကြောင့် ဈေးနှုန်း အရ တော်တော်လေးကို များနေအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Takahashi တစ်ယောက်ကျွန်တော်တို့ရဲ့ ခုံလေးတွေပေါ်မှာ၊ စားပွဲလေးတွေပေါ်မှာ တင်ထားနိုင်မယ့် Little Clapper စက်ရုပ်လေးတွေ ကို ဖန်တီးပေးသွားမယ်ဆိုရင်တော့ အမြဲတမ်း မိမိ အနားမှာ အားပေးနေမယ့် စက်ရုပ်လေးတွေကို တန်ဖိုးနည်းနည်း နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
SOURCE
REF - THE VERGE
OHOTO - GOOGLE

Big Clapper Robot | Ecency