This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Ananda

Words
185
Reading
1 min
8y
Listen to this post
~1 min

ananda (အနန္တ) မှနေ၍ ဝါရင့်တယ်လီကွန်မြူနီကေးရှင်း ကျွမ်းကျင်ပညာရှင် Alan Sinfield ကို အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်ပါပြီ။

ဝါရင့်တယ်လီကွန်မြူနီကေးရှင်းကျွမ်းကျင်ပညာရှင် Alan ဟာဆိုရင် ကမ္ဘာအနှံ့အပြားမှာ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ များပြားလှသော အတွေ့အကြုံများကို ရရှိပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ မိုဘိုင်း၊ ကြိုးဖုန်းနှင့် ဘရော့ဘန်းဒေတာ အော်ပရေတာများတွင်သာမက အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပတို့ရှိ ထွန်းသစ်စ ဈေးကွက်များတွင် လက်လီလုပ်ငန်း၊ မီဒီယာလုပ်ငန်းနှင့် ကုန်ပစ္စည်းအများအပြား ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းများ၌လည်း ဦးဆောင်လမ်းညွှန်သူအနေနဲ့ ခေါင်းဆောင်ပိုင်းနေရာအတော်များများတွင် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးပါတယ်။
IMG_20180707_060349.jpg
“အခုလို Alan Sinfield က မြန်မာနိုင်ငံကို လာရောက်ပြီး ananda (အနန္တ) မှာ တာဝန်ထမ်းဆောင်တာကို ဂုဏ်ယူ ဝမ်းမြောက်စွာကြိုဆိုပါတယ်။ Alan ရဲ့ ထက်မြက်တဲ့ခေါင်းဆောင်မှုစွမ်းရည်၊ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကျွမ်း ကျင်မှု၊ မိုဘိုင်းဒေတာအော်ပရေတာနဲ့ပတ်သက်တဲ့ ကြွယ်ဝလှတဲ့အတွေ့အကြုံတွေကို ပေါင်းစပ်လိုက်ရင် သူဟာ ananda (အနန္တ) ကို ဒီထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းတွေနဲ့ ကြီးထွားလာအောင်၊ ပိုပြီးလင်းလက်တောက်ပြောင် လာအောင် စွမ်းဆောင်နိုင်မှာ မလွဲဧကန်ပါပဲ” ဟု IGE ကုမ္ပဏီလုပ်ငန်းစု၏ ဥက္ကဋ္ဌ ဦးနေအောင်မှ မီဒီယာများသို့ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သည့်အချိန် ၁၁ နှစ်တာ ကာလတွင် တယ်လီကွန်မြူနီကေးရှင်းလုပ်ငန်းများ၏ အမှုဆောင်အရာရှိချုပ်အဖြစ် Alan မှ တောက်လျှောက်တာဝန်ထမ်းဆောင်လာခဲ့ပြီး ၁၅ နှစ်တာကာလအတွင်းတွင် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး စသည့် ရာထူးအမြင့်ပိုင်းများကို တာဝန်ယူလုပ်ကိုင်လာခဲ့သူတစ်ဦးပါ။ အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ကမေ္ဘာဒီယား၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အပါအဝင် ကမ္ဘာတစ်လွှား၌လည်း နိုင်ငံပေါင်း ၅၀ နီးပါးတွင် အလုပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားပါတယ်။

“ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒေတာအော်ပရေတာလုပ်ငန်းဟာ ရှေ့ဆက်ဖွံ့ဖြိုးဖို့အတွက် အလားအလာတွေအများကြီးရှိပြီး စိန်ခေါ်မှုအသစ်သစ်တွေဟာလည်း အမြဲမပြတ်ဖြစ်ပေါ်နေပါတယ်။ ဒီနေ့ ဒီအချိန်မှာ အဲဒီလိုအရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဒေတာအော်ပရေတာလုပ်ငန်းကြီးထဲမှာ ဝင်ရောက်ပြီး မိုဘိုင်းဒေတာ အော်ပရေတာလောကကို အလှည့်အပြောင်းလုပ်ပေးနိုင်မယ့် ananda (အနန္တ) လို ဒေတာအော်ပရေတာလုပ်ငန်းမျိုး မှာ တာဝန်ထမ်းဆောင်ခွင့်ရတာကို အရမ်းစိတ်လှုပ်ရှားမိပါတယ်” ဟု ananda (အနန္တ) ၏ အမှုဆောင်အရာရှိချုပ် Alan Sinfield မှ ရင်တွင်းခံစားချက်များကို မီဒီယာများကို ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။
IMG_20180707_060434.jpg
ဗြိတိန်နိုင်ငံဖွား Alan သည် ဘဏ္႑ာရေးနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကဏ္႑တွေမှာ ဦးစွာအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုကဏ္႑များတွင်လုပ်ကိုင်ခဲ့စဉ်က ဥရောပကုမ္ပဏီအတော်များများ၏ ဒါရိုက်တာရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းမပြုမီက အီရတ်နိုင်ငံရှိ မိုဘိုင်းနက်ဝေါခ် အော်ပရေတာတစ်ခုဖြစ်သော Orascom Telecom တွင် သတင်းအချက်အလက်ဆိုင်ရာ အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသေးတယ်။

မြန်မာနိုင်ငံ၏ ပထမဆုံး 4G+ ဒေတာအော်ပရေတာ ananda (အနန္တ) ဟာဆိုရင် အကန့်အသတ်မရှိသော မြန်နှုန်းမြင့် အင်တာနက်လိုင်းကို ထောက်ပံ့ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ၎င်း၏ နက်ဝေါ့ခ်များကို ဖန်တီးတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ အသေးစိတ်ကို ထပ်မံသိရှိလိုပါက www.ananda.com.mm သို့ လွတ်လွတ်လပ်လပ် ဝင်ရောက်လေ့လာနိုင်ပါတယ်။
Source
Photo - mytechmyanmar

Ananda | Ecency