This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

GPU Turbo

Words
182
Reading
1 min
8y
Listen to this post
~1 min

တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Huawei အနေနဲ့ မနေ့က GPU Turbo Update ရရှိမယ့် စမတ်ဖုန်း စာရင်း ကို ထုတ်ပြန် ကြေငြာ ပေးခဲ့ပါတယ်။ ဒါ့အပြင် GPU Trubo Update ကို ဘယ် စမတ်ဖုန်းတွေ က ခန့်မှန်းခြေ ဘယ်အချိန်မှာ ရရှိနိုင်တော့မယ် ဆိုတာပါ Huawei က ကြေငြာ ပေးခဲ့ပါတယ်။IMG_20180710_124409.jpg

Huawei ရဲ့ ထုတ်ပြန် ကြေငြာချက်များ အရ လက်ရှိ အချိန်မှာ စမတ်ဖုန်း မော်ဒယ် ၁၄ မျိုးကတော့ GPU Turbo Update ကို ရရှိမှာ သေချာ သွားခဲ့ပြီ ဖြစ်ပါတယ်။ GPU Turbo Update ကို နောက်လထဲမှာ Huawei Mate 10, Mate 10 Pro, Mate RS, P20, P20 Pro စတဲ့ Flagship တွေမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပြီး စက်တင်ဘာ လထဲမှာ Huawei Mate 10 Lite, Nova 2i, P Smart, P20 Lite (Nova 3E), Y9 2018 တို့မှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။IMG_20180704_133955.jpg

နိုဝင်ဘာလထဲမှာတော့ GPU Turbo Update ကို Huawei Mate 9, Mate 9 Pro, P10, P10 Plus စတဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Huawei ရဲ့ GPU Turbo Feature ဆိုတာကတော့ ဂိမ်းကစားရာမှာ Graphics စွမ်းဆောင်ရည် ကို ၆၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်စေပြီး ပါဝါ အသုံးပြုမှု ၃၀ ရာခိုင်နှုန်း လျှော့ချပေးမယ့် Feature တစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် GPU Turbo Feature ကြောင့် AR, VR စွမ်းဆောင်ရည်ပိုင်းမှာ ပိုမို ကောင်းမွန်လာမှာ ဖြစ်သလို EMUI စွမ်းဆောင်ရည်ပိုင်းမှာလည်း ပိုမို ကောင်းမွန်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ အချိန်မှာ Huawei ရဲ့ GPU Turbo Feature ဟာ PUBG, Mobile Legends စတဲ့ ဂိမ်းတွေကိုသာ Support လုပ်ပေးအုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ သိပ်မကြာခင် အချိန်တွင်းမှာတော့ အခြား ဂိမ်းတွေကိုလည်း Support လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
SOURCE
Photo - google

GPU Turbo | Ecency