This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

NOKIA X5

Words
203
Reading
1 min
8y
Listen to this post
~1 min

HMD Global အနေနဲ့ ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ Nokia X Series ရဲ့ မော်ဒယ်သစ် တစ်ခု ဖြစ်တဲ့ Nokia X5 စမတ်ဖုန်း ကို မိတ်ဆက် ပေးဖို့ စီစဉ် ထားခဲ့ပါတယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် တရားဝင် မိတ်ဆက် ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
IMG_20180718_182242.jpg
ယခုအခါမှာတော့ Nokia X5 စမတ်ဖုန်း မော်ဒယ် အသစ် ကို မိတ်ဆက်ပေးမယ့် နေ့ရက် ကို Nokia အနေနဲ့ ပြန်လည် ကြေငြာ ပေးခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းများ အရ Nokia X5 စမတ်ဖုးန် ကို လာမယ့် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ မိတ်ဆက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Nokia X5 စမတ်ဖုန်း ကို HMD Global ထုတ် စမတ်ဖုန်းတွေထဲမှာ ဒုတိယမြောက် Notch Display ကို အသုံးပြုထားတဲ့ စမတ်ဖုန်း မော်ဒယ် တစ်ခု အဖြစ် မိတ်ဆက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလများ အရ Nokia X5 စမတ်ဖုန်းမှာ ၅.၈၅ လက်မ အရွယ်အစားရှိ HD+ Notch Display ကို အသုံးပြု လာနိုင်တယ်လို့ သိရပါတယ်။
Nokia X5 ကို မော်ဒယ် သုံးမျိုး အနေနဲ့ မိတ်ဆက်သွားမှာ ဖြစ်ပြီး Base Model မှာ Helio P23 SoC, RAM 3GB, Internal 32 GB ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ High-End Version အနေနဲ့ မော်ဒယ် နှစ်မျိုး မြင်တွေ့ရမှာ ဖြစ်ပြီး Helio P60 SoC, RAM 4GB, Internal 64GB ဗားရှင်း အပြင် Helio P60 SoC, RAM 6GB, Internal 64GB အနေနဲ့ပါ မြင်တွေ့ ရနိုင်ပါတယ်။
IMG_20180718_182231.jpg
ကင်မရာပိုင်း အနေနဲ့ 13MP + 5MP Back Camera နဲ့ အတူ 8MP Front Camera ကို Nokia X5 မှာ အသုံးပြု လာနိုင်ပါတယ်။ Fingerprint Scanner ကိုတော့ ဖုန်းရဲ့ ကျောဘက်မှာ မြင်တွေ့ရနိုင်ပြီး ဘက်ထရီ အနေနဲ့ 3000 mAh ဘက်ထရီ ကို အသုံးပြု လာနိုင်ပါတယ်။ Operating System အနေနဲ့ Android 8.1 Oreo OS ကို Nokia X5 မှာ မြင်တွေ့ရနိုင်ပြီး Dual Sim Support လည်း ပါဝင် လာနိုင်ပါတယ်။
SOURCE

NOKIA X5 | Ecency