This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

3D

Words
110
Reading
1 min
8y
Listen to this post
~1 min

3D-Printing နည်းပညာဖြင့် နေအိမ်တစ်လုံးကို တစ်ရက်ထဲနဲ့ တ
ည်ဆောက်ပြတဲ့ သတင်းများကိုလည်း ကြားခဲ့ရပြီးပါပြီ။ ဒီနည်း
ပညာဟာ အချိန် သာမက နေအိမ် တည်ဆောက်တဲ့ ကုန်ကျစား
ရိတ်ကိုလည်း သက်သာစေပါတယ်။

အခုလည်း Estonia's University of Tartu နဲ့ Estonian
University of Life Sciences တို့က တန်ဖိုးနည်း ဒြပ်ထုများဖြင့်
ဖန်တီးထားတဲ့ ကွန်ကရစ်ကို ဖန်တီးနေပါတယ်။ ဒီ ကွန်ကရစ်
များနဲ့ 3D Printing နည်းပညာကို ပေါင်းစပ်၍ တည်ဆောက်တဲ့
လူနေအိမ်များဟာ သာမာန် နေအိမ်များထက် ကုန်ကျစားရိတ်
၁၀ ဆ သက်သာစေပါတယ်။

အဲဒီ ကွန်ကရစ်များဟာ 3D Printing နည်းပညာဖြင့် ပုံသွန်း
လောင်း အပြီး တစ်ရက်အကြာမှာ မာကျောသွားပါတယ်။ သာမာန်
ကွန်ကရစ်များရဲ့ မာကျောမှုကို ယှဉ်ပြိုင်နိုင်ပါတယ်။ ပညာရှင်
များက ၄၉၀ စတုရန်း ပေ အကျယ်အ၀န်းရှိတဲ့ နေအိမ်ကို ဒီနည်း
ပညာ၊ ဒီကွန်ကရစ်များဖြင့် တည်ဆောက်မယ်ဆိုရင် ဒေါ်လာ
၅၈၅၀ လောက်သာ ကုန်ကျမယ်လို့ ပြောပါတယ်။ မြန်မာငွေအား
ဖင့် သိန်း ၈၀ လောက်သာ ရှိပါတယ်။

လက်ရှိမှာတော့ ပညာရှင်များဟာ နေအိမ် တစ်ခုလုံးကို တည်
ဆောက်ဖို့ ငွေ မလုံလောက်သေးဘူးလို့ ပြောပါတယ်။ ဒီဆောင်းတွ
င်းမှာတော့ နေအိမ် တစ်ခုလုံးကို တည်ဆောက်နိုင်မယ်လို့ သူ
တို့က ပြောပါတယ်။ လက်ရှိမှာ သူတို့က သက်သေပြတဲ့ အနေနဲ့
နေအိမ် နံရံများကိုသာ တည်ဆောက်ပြနိုင်ပါသေးတယ်။IMG_20180725_125343.jpg
SOURCE

3D | Ecency