📝📝

kbkb(39)
Published in
#artzone
Words
54
Reading
1 min
9y
Listen to this post
~1 min

#ချစ်သူရဲ့အထာ

မနေ့က စာစစ်ပြီးအပြန် ချစ်သူရဲ့လက်ကိုတွဲပြီး ခပ်နွဲ့နွဲ့လေး လမ်းလျှောက်ပြီး တည်းတဲ့နေရာကိုအပြန်....လမ်းခုလတ်မှာ ချစ်သူက စိတ်ကောက်တော်မူတယ်လေ။ ကိုယ့်အမှားတစ်ခုကြောင့် သူစိတ်ကောက်သွားတာပါ။ သူ့မှာအပြစ်မရှိပါဘူး။ဒါနဲ့ ကိုယ်ကပဲ
သူစိတ်ကောက်ပြေဖို့ မျက်နှာချိုသွေး လေပြေသွေး ချော့ရတယ်ပေါ့။
သူစိတ်ကောက်ပြေဖို့ အတူတည်းတဲ့ညီမလေးကရော ကူပြောပေးလို့တော်သေးတယ်။ အနေဝေးနေတော့လည်း ဖြစ်တတ်တဲ့သဘောပဲထင်ပါရဲ့။ သူစိတ်ကောက်ပြေလို့ အတူရယ်မော လက်ကလေးတွဲပြီးလျောက်နေစဉ် အရင်က ခင်ခဲ့ဖူးတဲ့သူတစ်ယောက်ကို ရပ်ပြီးစကားပြောမိတာကို သူအရမ်းသဝန်တိုပြီး ဝူးဝူးဝါးဝါးတွေလုပ်။ကျွန်မကိုလည်းအားမနာ။ဘေးကလူတွေ
ကကြည့် ကျွန်မလည်းရှက်တာပေါ့။ချွေးတွေပျံလို့ပေါ့။ုကျွန်မထင်မထားဘူး။ဒီကိစ္စက ခုလောက်ကြီးကျယ်သွားလိမ့်မယ်လို့။ တကယ်တော့... ကျွန်မ အကဲခတ်ညံ့သွားတယ်။သူ့စကားသံတွေကစိတ်ကောက်ပြေကာစမို့ မူမမှန်ဘူးပဲလို့ ထင်မိသေးရဲ့။တကယ်တမ်းလည်း သူစိတ်ကောက်မပြေသေးဘဲကို။ သူ့လက်ကိုတွဲပီး ကျွန်မက အားကိုးတကြီး သူ့မျက်နှာကိုကြည့်နေပေမယ့်...သူ့ကတော်တော်နဲ့ စိတ်ကောက်မပြေ။ သူ့လက်ကိုအတင်းလိုက်တွဲရလို့ ကျွန်မလက်တော့ အတော်နာသွားတယ်။ဒီနေ့တက္ကသိုလ်ဆေးရုံသွားရတယ်။ဆေးထိုး ဆေးစား လုပ်ရတယ်ပေါ့။ခု...သူကစိတ်ကောက်ပြေပေမယ့်..သူစိတ်ကောက်တဲ့ဒဏ်ကတော့...ညကတစ်ညလုံး လက်ကိုက်လို့အိပ်မပျော်ခဲ့ဘူး။ဘာပဲဖြစ်ဖြစ် နောက်နေ့တွေတော့ စိတ်မကောက်နဲ့နော်ချစ်သူ။

image

kbkb@kbkb