သားတို့ သမီးတို့ဖတ်ဖို့ အင်္ဂလိပ်စာ
The peacock and the crow – who is happy?
ဥဒေါင်းနဲ့ ကျီးကန်း ဘယ်သူကပျော်သလဲ
A crow lived in the forest and was absolutely satisfied with life.
ကျီးတစ်ကောင်ဟာ တောထဲမှာနေပြီး သူ့ဘဝသူကျေနပ်နေတာ။
But one day he saw a swan. “This swan is so white,” he thought, “and I am so black. This swan must be the happiest bird in the world.”
သို့သော် တစ်နေ့မှာ သူဟာ ငန်းတစ်ကောင်ကိုတွေ့တော့ "ဒီငန်းဟာ ဖြူဖွေးနေတာပဲ၊ ငါ့မှာတော့ မဲတူးနေလိုက်တာ။ ဒီငန်းဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက်ဖြစ်လိမ့်မယ်" လို့တွေးမိသတဲ့။
He expressed his thoughts to the swan. “Actually,” the swan replied, “I was feeling that I was the happiest bird around until I saw a parrot, which has two colors. I now think the parrot is the happiest bird in creation.”
သူအဲဒီလိုထင်တဲ့အကြောင်းကို ငန်းကိုပြောပြလေတယ်။ "တကယ်က ငါဟာ အရောင်နှစ်ရောင်ရှိတဲ့ ကြက်တူရွေးကို မမြင်ဖူးခင်အထိတော့ ကိုယ့်ကိုယ်ကိုယ် အပျော်ဆုံးငှက်လို့ ငါလည်းမှတ်နေတာ။ ခုတော့ ကြက်တူရွေးသာလျှင် ရှိသမျှငှက်တွေအထဲမှာ အပျော်ဆုံးလို့ ငါထင်တယ်" လို့ ငန်းက ပြန်ပြောသတဲ့။
The crow then approached the parrot. The parrot explained, “I lived a very happy life until I saw a peacock. I have only two colors, but the peacock has multiple colors.”
အဲဒီတော့ ကျီးကန်းဟာ ကြက်တူရွေးဆီသွားလေရဲ့။ ကြက်တူရွေးက "ငါလည်း ဥဒေါင်းကို မမြင်ဖူးသေးတဲ့အထိတော့ ဘဝမှာပျော်နေခဲ့တာပေါ့။ ငါက အရောင်နှစ်ရောင်သာရှိပြီး ဥဒေါင်းကတော့ အရောင်အသွေးစုံသူပါ" လို့ရှင်းပြလေတယ်။
The crow then visited a peacock in the zoo and saw that hundreds of people had gathered to see him.
အဲလိုနဲ့ ကျီးကန်းဟာ တိရစ္ဆာန်ဥယျာဉ်ထဲမှာရှိတဲ့ ဥဒေါင်းဆီကိုသွားတော့ ရာပေါင်းများစွာသော လူတွေ ဥဒေါင်းကို ဝိုင်းအုံကြည့်နေကြတာကိုတွေ့သတဲ့။
After the people had left, the crow approached the peacock. “Dear peacock,” the crow said, “you are so beautiful. Every day thousands of people come to see you. When people see me, they immediately shoo me away. I think you are the happiest bird on the planet.”
လူရှင်းသွားမှ ကျီးကန်းဟာ ဥဒေါင်းအနားကိုကပ်ပြီး "မိတ်ဆွေ ဥဒေါင်း၊ သင်ဟာ တော်တော်လှပပါတယ်။ နေ့စဉ် လူတွေထောင်ပေါင်းများစွာ သင့်ကိုလာကြည့်ကြတယ်နော်။ လူတွေက ကျွန်တော့်ကိုမြင်ရင်တော့ တခါတည်းမောင်းထုတ်ပစ်ကြတာပါ။ ဒီကမ္ဘာကြီးထဲမှာတော့ သင်ဟာအပျော်ဆုံးငှက်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ပြောလိုက်သတဲ့။
The peacock replied, “I always thought that I was the most beautiful and happiest bird on the planet. But because of my beauty, I am entrapped in this zoo. I have examined the zoo very carefully, and I have realized that the crow is the only bird not kept in a cage. So for past few days, I have been thinking that if I were a crow, I could happily roam everywhere.”
ဥဒေါင်းမှ ပြန်ဖြေတာက "ငါလည်း ငါ့ကိုယ်ငါ ဒီလောကကြီးမှာ အလှဆုံး အပျော်ဆုံးငှက်လို့ ထင်နေခဲ့တာပေါ့ကွာ။ သို့ပေမဲ့ ငါ့ရဲ့အလှကြောင့် ငါဟာ ဒီတိရစ္ဆာန်ဥယျာဉ်ထဲမှာ ပိတ်မိနေရတာပေါ့။ ငါ ဒီတိရစ္ဆာန်ဥယျာဉ်ကို သေသေချာချာလေ့လာကြည့်တော့ လှောင်အိမ်ထဲမှာ အထားမခံရတဲ့ငှက်ဆိုလို့ ကျီးကန်းသာ ရှိတာကလား။ ဒါ့ကြောင့် ဒီရက်ပိုင်းတွေမှာ ငါသာကျီးကန်းဖြစ်လို့ကတော့ ကြိုက်တဲ့နေရာ ပျော်ပျော်ကြီးလျှောက်သွားလို့ရမှာလို့ တွေးနေမိတာကွ" တဲ့လေ။
That’s our problem too. We make unnecessary comparison with others and become sad. We don’t value what we have. This all leads to the vicious cycle of unhappiness. Learn to be happy with what you have instead of looking at what you don’t have. There will always be someone who will have more or less than you have. The person who is satisfied with what he/she has, is the happiest person in the world.
ဒါဟာ လူတိုင်းဖြစ်နေကြတာ မဟုတ်ပါလား။ တို့တွေဟာ မလိုအပ်ဘဲ မိမိကိုယ်ကိုယ် တပါးသူတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲတတ်ကြတယ်။ ကိုယ့်မှာရှိတာကိုတော့ တန်ဖိုးမထားတတ်ကြဘူးလေ။ ဒါ့ကြောင့်လည်း စိတ်ညစ်သထက်ညစ်နေကြရတာမဟုတ်လား။ ကိုယ့်မှာမရှိတာတွေကိုလျှောက်ကြည့်နေမဲ့အစား ရှိတာလေးနဲ့ ကျေနပ်တတ်ပါစေ။ သင့်မှာ ရှိတာထက် ပိုရှိတဲ့သူ၊ သင်ရှိသလောက် မရှိတဲ့သူ ဆိုတာမျိုးကတော့ အမြဲရှိနေမှာ။ ကိုယ့်မှာရှိတာလေးနဲ့ တင်းတိမ်ကျေနပ်နိုင်သူသည်သာ ကမ္ဘာပေါ်မှာ အပျော်ဆုံးသူဖြစ်ပါတယ် ခလေးတို့ရေ။
With love,
@kbkb