📷📒📒

kbkb(39)
Published in
#artzone
Words
168
Reading
1 min
9y
Listen to this post
~1 min

..

KBS နဲ့ SBS တို့အကြောင်း တစ်စေ့တစ်စောင်း

SBS၊ KBS စတဲ့စကားလုံးလိုဂိုတွေကို တော်တော်များများမြင်တွေ့ဖူးကြမှာပါ။

စင်စစ်အားဖြင့် ဒီစကားလုံးတွေကို ကိုရီးယားရုပ်သံဇာတ်လမ်းတွေမှာ တွေ့မြင်ရမှာပါ။ SBS နဲ့ KBS တို့ဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်သံထုတ်လွှင့်တဲ့ မီဒီယာကုမ္ပဏီတွေဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံက ရုပ်သံထုတ်လွှင့်မှုနဲ့ ကုမ္ပဏီတွေအကြောင်း တင်ပြပါမယ်။ တောင်ကိုရီးယားနိုင်ငံမှာ ရုပ်သံထုတ်လွှင့်တဲ့ မီဒီယာအုပ်စုကြီး ၄ ခုရှိပါတယ်။ အဲဒါကတော့ KBS၊ MBC၊ SBS နဲ့ EBS တို့ဖြစ်ပါတယ်။ KBS နဲ့ MBC တို့ဟာ ပြည်သူပိုင်ရုပ်သံထုတ်လွှင့်ရေးကုမ္ပဏီတွေဖြစ်ပါတယ်။ SBS ကတော့ ပုဂ္ဂလိကပိုင်ဖြစ်ပါတယ်။ EBS ကတော့ တောင်ကိုရီးယားအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒီရုပ်သံထုတ်လွှင့်ရေးစတေရှင်တွေဟာ အခမဲ့ (free-to-air) စတေရှင်တွေဖြစ်ပါတယ်။ ဒီရုပ်သံလိုင်းတွေဟာ ကြော်ငြာတွေရဲ့ ၈ဝ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားနိုင်တဲ့ စတေရှင်တွေဖြစ်ပါတယ်။

KBS ရုပ်သံလိုင်းတွေဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ အခြေစိုက်တဲ့ ရုပ်သံစတေရှင်တစ်ခုဖြစ်ပြီး ရေဒီယို၊ တီဗီနဲ့ အွန်လိုင်းထုတ်လွှင့်မှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ KBS ရဲ့ အရှည်ကောက်ကတော့ Korean Broadcasting System ဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၅ဝဝဝ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေပြီး ရုပ်သံလိုင်းနဲ့အွန်လိုင်းတီဗီ ၁၁ လိုင်းနဲ့ ရေဒီယိုလိုင်း ၇ လိုင်းကို ထုတ်လွှင်နေပါတယ်။ တာဝါတိုင်အခြေပြုတဲ့ Terrestrial စနစ်နဲ့ထုတ်လွှင့်တဲ့ ရုပ်သံလိုင်း ၃ လိုင်းရှိပြီး KBS1၊ KBS2 နဲ့ KBS UHD တို့ဖြစ်ပါတယ်။ ကေဘယ်၊ ဂြိုလ်တုစနစ်တို့နဲ့ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်း ၈ လိုင်းရှိပြီး KBS World ကတော့ ကမ္ဘာတစ်ဝန်းထုတ်လွှင့်နေတဲ့ KBS ရဲ့ ရုပ်သံလိုင်းဖြစ်ပါတယ်။

SBS ရုပ်သံလိုင်းတွေကလည်း ဆိုးလ်မြို့မှာပဲ အခြေစိုက်တာဖြစ်ပါတယ်။ အမည်အရှည်ကောက်ကတော့ Seoul Broadcasting System ဖြစ်ပါတယ်။ terrestrial digital TV၊ T-DMB (Digital Multimedia Broadcasting) စတဲ့စနစ်တွေနဲ့ ထုတ်လွှင့်ပေးနေတာဖြစ်ပြီး Digital နဲ့ Cable စနစ်သုံးပြီး ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းပေါင်း ၆ လိုင်းရှိပါတယ်။ SBS လက်အောက်မှာ ရေဒီယိုစတေရှင် ၂ ခုရှိပါတယ်။ SBS က ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေကတော့ SBS Plus၊ SBS Golf၊ SBS E!၊ SBS Sports၊ SBS CNBC၊ SBS MTV၊ Nickelodeon Korea နဲ့ SBS Phoenix TV တို့ဖြစ်ပါတယ်။
image
kbkb@kbkb