This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Kaung Soe Thant From Myanmar

Words
506
Reading
3 min
Listen
Play
8y

Kaung Soe Thant: ( IT , Sales & Marketing, Trainer) 

၁၃၄၉ခုနစ် နှောင်းတန်ခူး လကွယ် နေ့တွင် ဖခင် ဦးလှမြင့် ပါမောက္ခ ငြိမ်း မြန်မာစာဌာန စစ်ကိုင်းပညာရေးတက္ကသိုလ် နှင့် မိခင် ဒေါက်တာသွယ်သွယ်အေး ပါမောက္ခ ငြိမ်း ဇီဝဗေဒဌာန စစ်ကိုင်းပညာရေးတက္ကသိုလ် တို့မှ မွေးဖွားခဲ့သည်။ ငယ်စဉ်ကာလ ကတည်းက မိခင် ဖခင်တို့ တာဝန်ကျရာ တက္ကသိုလ် အသီးသီး အတူတူ လိုက်ပါခဲ့ရသောကြောင့် တက္ကသိုလ်ဝန်းကျင် ဆရာ/ဆရာမ ဝန်ကျင်တို့ဖြင့် ရင်နှီးကျွမ်းဝင်သူဖြစ်ပါသည်။ စာပေလေ့လာ သင်ကြားရာတွင်လဲ အခြား ကလေးများနှင့် မတူ အမေးမြန်ထူးလွန်းသော ကြောင့် ချစ်သော မုန်းသော ဆရာ ဆရာမ များလည်း ရှိခဲ့လေသည်။ အရွယ်ရောက်လို့ တက္ကသိုလ်ပညာလေ့လာ ဆည်းပူးချိန်တွင် ဘွဲ့လက်မှတ်တစ်ခုသည် မိမိဘဝအောင်မြင်မှုပန်းတိုင်အတွက် လုံလောက်သော အထောက်အပံ့ မဟုတ်ကြောင်းသတိပြုမိခဲ့သည်။ ထို့ကြောင့်လဲ တက္ကသိုလ်ပညာတစ်ဖက် Computer ( Information Technology ) တစ်ဖက် ပညာရပ် နှစ်ဖက်ကို တစ်ချိန်တည်းလေ့လာ ဆည်းပူးခဲ့သည်။ ထိုသို့ ဆည်းပူးခဲ့ခြင်းကြောင့် တက္ကသိုလ် တက်ရောက်စဉ်ကာလတစ်လျှောက်လုံးတွင် အပေါင်းအသင်း နည်းပါးခဲ့လေသည်။ လူအများနှင့် ပြောဆိုဆက်ဆံခြင်းထက် ကိုယ့်အတွက် အကျိုးရှိမည့်ပညာရပ်များကိုသာ တစ်ကိုယ်ရည်လေ့လာခြင်း ဖြင့် အချိန်တွေကုန်ဆုံးခဲ့ကြောင်းသတိထားမိခဲ့သည်။ တက္ကသိုလ်နောက်ဆုံးနှစ် အောင်စရင်းထွက်သောအခါ လူအများနှင့် ပြောဆိုဆက်ဆံခြင်းကို လေ့လာသင်ကြားလိုသောကြောင့် Treading Company တစ်ခုတွင် အရောင်း/အမောင်း အနေဖြင့် စတင် ဝင်ရောက် လုပ်ကိုင်လေ့လာ ဆည်းပူးခဲ့သည်။ ထို Company ကို ဦးဆောင်လျှက်ရှိသော Manager မှာလဲ ဖခင်ဖြစ်သူ၏ တပည့်ရင်းဖြစ်နေသောကြောင့် Manager ၏ လမ်းညွှန် သင်ကြားပြသမှုကိုလဲ ကောင်းစွာ ဆည်းပူးခွင့်ရခဲ့သည်။ ထို ကုမ္ပဏီမှ ထွက် သောအခါ Singapore အခြေစိုက် ကုမ္ပဏီ တစ်ခုဖြင့် Online sales Site တစ်ခု ထူထောင်ခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံတကာ အတွေ့ အကြုံ နည်းပါးခြင်းတို့ကြောင့် (၃) လအကြာတွင် ထို လုပ်ငန်းအားရပ်နားလိုက်ရပေသည်။ ထိုချိန်မှ စ၍ နိုင်ငံတစ်ကာ ဆက်သွယ်ရေးသည် အရေးပါကြောင်း သတိထားမိလာပြန်သည်။ မိမိတတ်အားသ၍ လေ့လာခဲ့သော (IT) ပစ္စည်းများ၏ လာရာဇစ်မြစ်ကို စတင်လေ့လာခဲ့သည်။ ၈လခန့် အိမ်တွင်းပုန်းလေ့လာပြီးနောက် ရန်ကုန်မှ နည်းပညာ ပစ္စည်းများရောင်းချသော ကုမ္ပဏီတစ်ခုမှ မန္တလေး မြို့ရုံးခွဲအတွက် ဝန်ထမ်းများခေါ်ယူလျက်ရှိသည်ကို တွေ့ရှိခဲ့သည်။ ထိုအခါ ၄င်းကုမ္ပဏီမှ တင်သွင်းရောင်းချနေသော company နှင့် products များ အကြောင်း၊ မြန်မာနိုင်ငံအတွင်းရောင်းအား အကောင်းဆုံး products နှင့် ရောင်းအားအနည်းဆုံး products များအကြောင်း၊ ရှေ့လအနည်းငယ်တွင် လက်ရှိ ချိတ်ဆက်ထားသော ကုမ္ပဏီများမှ အသစ်ထွက်ရှိမည့် Products များနှင့် ၄င်းProducts အား မြန်မာနိုင်ငံတွင် ရောင်းချမည်ဆိုပါက ဖြစ်ပေါ်လာနိုင်မည် အားနည်းချက် အားသာချက်များအကြောင်း လေ့လာ စရင်းပြုစုခဲ့သည်။ ထို့နောက် ၄င်းကုမ္ပဏီတွင် အလုပ်လျှောက်ရာ အောင်မြင်ခဲ့သည်။ ရန်ကုန်မှ လာရောက် ဦးစီးသော Manager မှလဲ များစွာ အားရဝမ်းသာလျှက် လိုအပ်သည်များကို သင်ကြားပြသပေးပြီး (၃)လအကြာတွင် အထက်မြန်မာပြည် ရုံးခွဲ Mandalay တာဝန်ခံအဖြစ် ခန့်အပ်ကာရန်ကုန်သို့ ပြန်သွားခဲ့သည်။ ထို့နောက် ခရစ်သက္ကရာဇ် 2013 ခုနစ်တွင် အိမ်ထောင်ကျပြီး အိမ်ထောင်ဖက်မှ ဟိုတယ် ဝန်ထမ်းဖြစ်ရာမှ  တစ်ဖန် ဟိုတယ်လုပ်ငန်းဖက်သို့ စိတ်ဝင်စားသွားခဲ့ပြန်သည်။ တိုင်းတစ်ပါးမှ product များကို ယူရောင်းရသည်ကို ငြီးငွေ့နေချိန်တွင် မိမိတို့ နိုင်ငံမှ Product များကို ရောင်းပြီး နိင်ငံခြားငွေများ ရှာဖွေသည် လုပ်ငန်းကို အထူးတစ်လည် စိတ်ဝင်စားခဲ့သည်။ Non Smoking factory ဖြစ်သော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အပေါ်တွင် စူးစူးနစ်နစ်ဖြစ်လာသည့်အလျောက် ဟိုတယ်နှင့်ပတ်သက်သမျှကို ဇနီးသည်အားမေး၍သော်လည်းကောင်း ဇနီးသည်နှ်င့် နီးစပ်ရာ ဆရာသမားများထံ မိတ်ဆက်၍လည်းကောင်း နည်းအမျိုးမျိုးဖြင့် လေ့လာ ဆည်းပူးရပြန်သည်။ ကံအားလျှော်စွာ နိုင်ငံတကာတွင် နှစ်ပေါင်း (၃၀)ခန့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်လာခဲ့သော ဘာသာစကား (၈)မျိုးခန့် ပြောဆိုနိင်သော၊ ကမ္ဘာ့ နိုင်ငံအများအပြား၏ ဗဟုသုတများ လက်တန်း ပြောဆိုနိုင်သော ဆရာတစ်ဦးဖြင့် ဆုံဆည်းခဲ့လေသည်။ မိမိ၏ ရိုးစားကြိုးစားသော၊ နည်းပညာပိုင်း ကျွမ်းကျင်ပိုင်နိုင်သော၊ စကားအပြောအဆို ညက်ညောသော အချက်များကို ထိုဆရာမှ သဘောကျ၍ ၄င်းထံတွင် အလုပ်ဆင်းရန်နှင့် လုပ်အားခအား ဆရာမှ ပေးမည်ဆိုခဲ့လေသည်။ မိမိက လုပ်အားခ အခကြေးငွေမလို ပညာသာလိုချင်ပါသည် ဟုဆိုရာ ထိုဆရာမှ ချစ်အားပို၍ အိတ်သွန်ဖာမှောက် သင်ကြားပေးလေတော့သည်။ အတောင် အနည်းငယ် စုံ၍ အပျံသင်စ အချိန်တွင် ဇနီးသည်မှာ ဟိုတယ် ပြောင်းရန် ကံကြမ္မာကြုံလာပေတော့သည်။ ဇနီးသည် ပြောင်ရွှေ့ရာဟိုတယ်တွင် ကြုံဆုံရသော General Manager မှာလဲ မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး နိုင်ငံတွင်း ဟိုတယ် လုပ်ငန်း တိုးတက်မှုအလုံးစုံကို သိရှိသူဖြစ်လေသည်။ မိမိမှာ နိုင်ငံတစ်ကာအတွေ့အကြုံနှင့် နည်းပညာ များကျွမ်းကျင်ပါ သော်လည်း မြန်မာနိုင်ငံ အခြေအနေအရပ်ရပ်ကို နားလည်စွမ်းငှာ မတတ်သာပေ။ ထို General Manager ၏ လမ်းညွှန် သင်ကြားပြသမှုများ ကြောင့် ဟိုတယ်လုပ်ငန်းနှင့်ပတ်သက်သော သိသင့်သိထိုက်သည်များကို လေ့လာဆည်းပူးခွင့်ရပြန်သည်။ မိမိဘဝ တိုးတက်ပြောင်းလဲ လာရခြင်းမှာ မိမိ၏ ကံ၊ ဥာဏ်၊ ဝိရိယ တို့အပြင် ဆရာကောင်း သမားကောင်းများဖြင့် တွေ့ကြုံရခြင်းကြောင့်ဟု မှတ်ယူပါသည်။ ထို့အတွက်ကြောင့် ယခုလက်ရှိတွင် General Manager ကြီးနှင့် အတူ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း မန္တလေးဇုံတွင် ကျတာဝန်ထမ်းဆောင်ရင်း တတ်သိထားသော ပညာရပ်များကို မျိုးဆက်သစ်လူငယ်များအတွက် ပညာဖြန့်ဝေလျှက်ရှိပါသည်။

ဦးကောင်းစိုးသန့် Asian National Trainer 

MHPA MandalayZone

09976298669

Myanmar, My native country  is one of the most magical and undiscovered destinations in the  world: a golden land of breathtaking beauty and charm that is steeped in  fascinating history and traditions. I live in Mandalay Third City of Myanmar. 

Credit Link: https://www.facebook.com/photo.php?fbid=1963208817045639&set=a.168738306492708.36625.100000696188717&type=3

I was Born on 23th April 1987 and I attended Yadanarbon University Mandalay with Botany major. After finish university I work on company as Sales & Marketing. After 3years Later I became Head of Branch Manager for upper Myanmar. When I married I change my life from trading company to hotel life. Now I work as a voice chairman of MHPA ( Myanmar Hospitality Professionals Association ) and Leading of over 5 hotels on Online sales and Marketing as consultants.

 I have only two skills: 

  1. Trading Skill (Sales and Marketing)
  2. IT Skill ( Information Technology)
Kaung Soe Thant From Myanmar | Ecency