အပြုPositive Discipline

Words
137
Reading
1 min
Listen
Play
9y

Positive Discipline
ဒီစည်းကမ်းက​တော့ က​လေး​တွေကို ပညာသားပါပါ ထိန်း​ကျောင်းနိုင်​တဲ့ စည်းကမ်းပဲ ဖြစ်​ပါတယ်​။ မ​လျော့လွန်း၊ မတင်းလွန်းတဲ့ အလယ်​အလတ်​ လမ်းစဉ်​ စည်းကမ်း​ပေါ့။ ဒီစည်းကမ်းကို အသုံးပြုတဲ့သူ​တွေရဲ့ လက်​နက်​က​တော့ အကျိုးသင့်​ အ​ကြောင်းသင့်​ ရှင်းပြခြင်း၊ ချီးကျူးခြင်း၊ အား​ပေးကူညီခြင်း​တွေပဲ ဖြစ်​ပါတယ်​။ က​လေး​တွေအ​ပေါ် "အပြု သ​ဘော စည်းကမ်း" ချမှတ်​ရာမှာ​တော့ အဆင့်​သုံးဆင့်​ ရှိပါတယ်​။ ကဲ...ကိုယ့်​သားသမီး​တွေအတွက်​ အ​သေးစိတ်​ ​လေ့လာလိုက်​ရ​အောင်​ဗျာ။
image
အဆင့်​(၁) - ကြိုတင်​ကာကွယ်​ခြင်း >>>
နေ့စဉ်​ပုံမှန်​အလုပ်​​တွေ၊ လိုက်​နာရမယ့်​ အ​ခြေခံ စည်းမျဉ်း​တွေ၊ လူ့ကျင့်​ဝတ်​​တွေ၊ ​ဆောင်​ရန်​​ရှောင်​ရန်​​တွေကို က​လေးကို ကြို ပြီးရှင်းပြရပါမယ်​။ ပြီးရင်​ က​လေးနဲ့ နှစ်​ဦးသ​ဘောတူ စည်းကမ်း​တွေကို ချမှတ်​ကြမယ်​။ ချမှတ်​လိုက်​တဲ့ စည်းကမ်းဟာ က​လေးလိုက်​နာနိုင်​တဲ့ စည်းကမ်းဖြစ်​ဖို့လိုသလို ချမှတ်​တဲ့လူကလဲ အဲဒီစည်းကမ်းကို က​လေးရဲ့ စံပြအ​နေနဲ့ လိုက်​နာပြရပါမယ်​။ က​လေးကို အချို ​လျှော့စားပါလို့ ဆုံးမဖို့ ကိုယ်​တိုင်​လဲ သကြားဖြတ်​လိုက်​တဲ့ ဂန္ဒီကြီးလို​ပေါ့။ ဒီအဆင့်ဟာ ပြဿနာ မဖြစ်​ခင်​ ကြို ပြီးကာကွယ်​လိုက်​တဲ့ သ​ဘောပါ။

အဆင့်​(၂) - ပြန်​လည်​ပြု ပြင်​ခြင်း >>>
တကယ်​​တော့ က​လေးဆိုတာ လူကြီးမဟုတ်​ပါဘူး။ ဒါက​တော့...မင်း​ပြောမှလားလို့ ​တွေးမိပါလိမ့်​မယ်​။ ကျ​နော်​​ပြောချင်​တာက လူကြီး​တွေနဲ့ယှဉ်ရင် ​​အသက်​အရွယ်​၊ အ​တွေ့အကြုံကွာသလို လူကြီး​တွေလို ​စဉ်းစား​တွေး​ခေါ်နိုင်​စွမ်း၊ အမှားအမှန်​ ခွဲခြားနိုင်​စွမ်း ​ကောင်း​ကောင်းမရှိ​သေးပါဘူး။ ဒါ​ကြောင့်​ ဘယ်​​လောက်​ ရှင်းပြ​ပြောဆို ထားပါ​စေ စိတ်​အလိုလိုက်​ပြီး အမှားက​တော့ မကြာခဏ လုပ်​မိပါလိမ့်​မယ်​။
မလိုလားအပ်​တဲ့ အမူအကျင့်​​တွေ ရှိလာခဲ့ရင်​လဲ ပြစ်​တင်​ကြိမ်း​မောင်းခြင်း၊ ထိခိုက်​နာကျင်​​အောင်​ ရိုက်​နှက်​ခြင်း၊ စိတ်​ဒဏ်​ရာ​တွေရ​အောင်​ ရှုံချ​ပြောဆိုခြင်း​တွေ လုံးဝမလုပ်​သင့်​ပါဘူး။ အမှားလုပ်​မိတဲ့အခါ နဂိုကတည်းက က​လေးနဲ့ နှစ်​ဦးသ​ဘောတူ ချမှတ်​ထားတဲ့ စည်းကမ်းကို ပြန်​လည်​​ထောက်​ပြပြီး ပြု ပြင်​​ပေးရပါမယ်​။ ​နောက်​ဆက်​တွဲဖြစ်​လာမယ့်​ ဆိုးကျိုး​တွေကိုလဲ ရှင်းပြ​ပေးရပါမယ်​။ ဒီလို​ထောက်​ပြ​ပြောဆိုပြီး ဆိုဆုံးမတဲ့အခါ တခြားသူ​တွေ​ရှေ့မှာလဲ မ​ပြောသင့်​ပါဘူး။ ဒါကသတိထားရမယ့်​ အချက်​ပါ။ တခြားသူများ​ရှေ့မှာဆို ​က​လေးဟာ သိမ်​ငယ်​သွားတတ်​ပါတယ်​။ တခါတ​လေဆို ရှက်​ရမ်းရမ်းပြီး ဆုံးမတဲ့သူကိုပါ ပြန်​ရန်​လုပ်​တတ်​ပါတယ်​။
Photo credit google

အပြုPositive Discipline | Ecency