binance ပြန်လည်အသုံးပြုလို့ရနေပါပြီ

Words
98
Reading
1 min
2y
Listen to this post
~1 min

လက်ရှိအနေအထားအရ မြန်မာပြည်မှာ binance အကောင့် ပြန်သုံးလို့အဆင်ပြေနေပြီးပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က မြန်မာပြည်မှာ VPN တွေကို ban လိုက်တဲ့နေ့ကစပြီးတော့ binance အနေနဲ့ အသုံးပြုခက်ခဲခဲ့တယ်ဆိုတာ binance အသုံးပြုသူတိုင်း သိကြပါလိမ့်မယ်။

တချိူ့သော binance user တွေအနေနဲ့ binance အသုံးပြုရတာအခက်တွေ့နေသောကြောင့် ကျွန်နော်ကိုယ်တိုင်းတောင် VPN တွေကို ဝယ်ယူသုံးစွဲခဲ့ပါသေးတယ်။ ထို VPN ကို Binance အနေနဲ့ ထိုင်းနိုင်ငံတစ်ခုတည်းထားပြီးတော့ အသုံးပြုမိခဲ့ပါသေးတယ်။

ထိုင်းVPNတစ်ခုတည်းသာ အသုံးပြုနေတဲ့အချိန်မှာ binance ရဲ့ P2P,World of the day, Spot Trade, Web3 project တွေအနေနဲ့ ကောင်းကောင်းအသုံးပြုလို့ရပါသော်လည်း binance to binance နဲ့ binance to other wallet နဲ့ other exchange တွေကို အသွင်းကတော့ အဆင်ပြေမယ့် ထုတ်ယူတဲ့အခါမှာတော့ မူရင်း နိုင်ငံကိုသာ အသုံးပြုမှသာလျှင် ထုတ်ယူခွင့်ကို ခွင့်ပြုထားသောကြောင့် အဲဒုက္ခကို ခံစားမိပါသေးတယ်။

အခုတော့ ပြန်လည်အသုံးပြုခွင့်ပေးတဲ့အချိန်ကစပြီးတော့ အခက်အခဲတွေကို ပြန်လည်အဆင်ပြေလာခဲ့ပြီးလို့ပဲ ပြောလို့ရပြီးပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ binance ရဲ့ web3 project နဲ့ mega drop တွေအတွက် bnb တွေကို ကိုင်ထားပြီးတော့ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ စာဖက်သူတွေအနေနဲ့ကရော် binance ရဲ့ project တွေကို ဝင်ရောက် လုပ်ကိုင်နေလဲဲ ဆိုတာကို ပြောပြပေးသွားပါဦးဗျ။

binance ပြန်လည်အသုံးပြုလို့ရနေပါပြီ | Ecency