သစ်ခွပန်းတွေကြည့်ရအောင် ( အပိုင်း - ၂ )

Words
163
Reading
1 min
Listen
Play
6M

001.jpeg

မင်္ဂလာပါ။ သစ်ခွပန်း ကြည့်ရအောင် အပိုင်း ( ၂ ) ကို ဆက်ကြည့်ကြပါစို့။ ကျွန်တော်ကလည်း ဓါတ်ပုံ ပြရတာ သက်သာမလားလို့ ပိုတောင် ဆိုးနေပါသေးတယ်။ ကိုယ်က ကျွမ်းကျင်တဲ့ ဓါတ်ဖမ်းဆရာမဟုတ်တော့ ပုံတွေက ကြည့်လို့မကောင်းတာတွေများ။ ကြည့်လို့ လှမယ်ထင်တာတွေ ရွေးနေရ မှတ်ချက်ရေးရနဲ့ ပိုလို့တောင် အလုပ်ရှုပ်သေး။ သို့ပေသိ ရေးလက်စဆိုတော့ ပြီးအောင်တော့ရေးရမှာပဲ။ မိတ်ဆွေတို့လည်း ကြိုးစားပြီးအားပေးကြပါကုန်။

image.png

image.png

image.png

image.png

သစ်ခွပန်းတွေတော့ အတော်လှတဲ့ သစ်ခွပန်းတွေကြီးပါပဲ။သစ်ခွမျိုးစုံဆိုတော့ ဟိုပန်းကလည်း လှနေရော ဒီပန်းကလည်း တမူထူးခြားဖြစ်နေတာမို့ တခုတမျိုးစီလှနေကြတာပါ။ အဓိကကျတာကတော့ ပန်းတွေရဲ့ အလှအပ အရောင်အသွေးကို ကြည့်တတ်တဲ့သူ ခံစားတတ်သူ ကြည့်မှ ပန်းတွေက ပိုပြီး ကြွရွ လှပနေကြတာမျိုးပါ။

အဓိပ္ပာယ် ကတော့ အရက်သောက်တတ်တဲ့ အရက်သမားများတောင် မတူကြသလိုပေါ့။ တချို့က အရက်ဖြစ်ရင်ပြီးရော အကုန်သောက်တယ် မူးရင်ပြီးရော။ တချို့က အရက်ကောင်းပဲ သောက်တယ် လစ်မစ်လေးနဲ့ ။ တချို့ကတော့ စစ်မြင်း မှ ဂရန်းပြာမှ။ အဲသလိုပေါ့။ အရက်မှန်ရင် မူးတာကြီးပါပဲ။

ပန်းတွေမှာလဲအဲသလိုပေါ့။ တချို့က အရောင်းအသွေးမျိုးစုံနဲ့လှတယ်။ တချို့က တရောင်တည်း ဒါပေသိ အဆုပ်အခဲ လိုက် ပွင့်ဖတ်များတယ်။ တချို့က Air Con ခန်းထဲထားမှ ပွင့်တာမျိုး ဈေးကြီးတာပေါ့။

သေချာကြည့်တတ်ဖို့လိုတာပေါ့။ မကြည့်တတ်ရင်တော့ လမ်းဘေးပေါက်နေတဲ့ ခွေးသေးပန်း လည်း ပန်း ဖြစ်သလို ရေခဲတောင်ထိပ် တက်ပေါက်နေတဲ့ ကြာပန်းလည်း ပန်းပါပဲ။ သိပ်တော့မထူးဘူးပေါ့။

image.png

image.png

image.png

image.png

image.png

ဒီသစ်ခွအမျိုးအစားကတော့ Spider အမျိုးအစားလို့ ထင်ပါတယ်။ Spider အမျိုးအစားအတော်များများကို တွေဘူးပါတယ်။ မြန်မာပြည်မှာရှိတဲ့ Spider တွေကပိုလှသလားလို့။ မြန်မာပြည်က Spider မျိုးတော့ မတွေ့ခဲ့ရပါ။

image.png

image.png

ဒီပန်းကတော့ သစ်ခွပန်း မဟုတ်ပါဘူး။ လှလို့ တမင်ရိုက် လာခဲ့တာပါ။ မြန်မာပြည်မှာတော့ ဘယ်လိုခေါ်တယ်မသိဘူး။

image.png

image.png

ဒါလည်း သစ်ခွပန်းမဟုတ်ပါဘူး။ အမြဲစိမ်းတောနဲ့ မုတ်သုံတော တွေမှာ တွေ့ရတဲ့ အပင်တမျိုးရဲ့ ပန်းပွင့်ပါ။ Botanic Garden အကြောင်းရေးရင်တော့ ဒီအပင်အကြောင်း တကူးတကထည့်ရေးရမှာပါ။ Ginger garden ( ဂျင်းမျိုးနွယ်ဝင် ) မှာတွေ့ရလို့ပါ။ အခုတော့ သစ်ခွပန်းကြည့်ရင်း ကြိုကြည့်ထားလိုက်ပေါ့။

image.png

image.png

ဒါကတော့စံပယ်သစ်ခွပန်းပါ။ စံပယ်ပန်းနဲ့တူလို့ ကျွန်တော်နာမည်ပေးလိုက်တာပါ။ တကယ်လည်း မှတ်မနေကြပါနဲ့။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်လိုက်ကြတာပေါ့။ နောက်နေ့ အပိုင်း ၃ မျှော်။

Henry Aung ( Kachin )

17/03/2026 Tuesday 17;25 PM

သစ်ခွပန်းတွေကြည့်ရအောင် ( အပိုင်း - ၂ ) | Ecency