မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ယခုတလော Hive Platform အပေါ် တက်မလာနိုင်သော်လည်း မီးလာသော အချိနိများတွင် အတတ်နိုင်ဆုံး Vote ပေးခဲ့ပါသည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် အလုပ်များနေရခြင်း ဖြစ်ပါသည်။ ကျွန်တော့ မိတ်ဆွေများအား တခု အသိပေးလိုသည်မှာ ကျွန်တော့ အနေဖြင့် Hive Platform မှ ငွေကြေးထုတ်ယူ သုံးစွဲ ရန် လိုအပ်လာပါသဖြင့် ၃ ပတ် ခန့် Power Down လုပ်ထားရမည် ဖြစ်ပါသည်။
HP delegate လုပ်ထားခြင်း များအား ဖြုတ်ချမည် မဟုတ်ပဲ ဆက်လက်၍ Delegate လုပ်ထားပေးမည် ဖြစ်ပါသည်။ စုစုပေါင်း Hive 2000 ခန့် ဈေးကွက်သို့ ပိုရန် လိုအပ်နေပါသဖြင့် Power Down လုပ်ရခြင်း ဖြစ်ပါသည်။ လာမည့် April လဝက် လောက် အထိ မိတ်ဆွေတို့၏ Post များအား vote မပေးနိုင်သည့် အတွက် ကြိုတင်၍ တောင်းပန်လိုပါသည်။
April လ နှောင်းပိုင်းလောက်တွင်တော့ ကျွန်တော့ အနေဖြင့် Hive Platform ပေါ်သို့ ပုံမှန် ပြန်ရောက်နိုင်ပါလိမ့်မည်။ ယခင်ကကဲ့သို့ Cryptocurrency အကြောင်း ၊ ဟိုဟိုဒီဒီ အကြောင်း များ ပြန်၍ ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )