Hive Platform နှင့် ဈေးအတက် / အကျ ( Henry Aung )

Words
272
Reading
2 min
Listen
Play
5y

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့ ၏ Cryptocurrency များကတော့ ၂ ပတ်ခန့် အစိမ်ရောင် ပြပြီးနောက်တော့ ရဲရဲနီရန် ပြင်ဆင်နေကြပြီထင်ပါသည်။ BTC က​တော့ ၅၂၀၀၀ လောက်အထိ အတက်ပြကာ အဆင်းတွင်တော့ ၄၅၀၀၀ အထိ ခုန်ဆင်းပြသွားခဲ့ပါသည်။

BTC နည်းတူ အခြားသော Cryptocurrency များကလည်း ဘာခံနိုင်မည်နည်း။ ဟုတ်ကဲ့ ခုန်ဆင်းကုန်ကြပါသည်။ ကျွန်တော်တို့ ဇတ်လိုက်ကျော် Hive ကလည်း 1$ ကျော်အထိ အတက်ပြပြီးနောက် ပြား ၈၀ တွင် ငြိမ်နေတော့မည်ဟု ထင်ထားသော်လည်း ၇၀ ကျော်သို့ ဆင်းချရန် ပြင်ဆင်နေသည်ကိုတွေ့နေရပါသည်။

Cryptocurrency လောကတွင် ငါ့ Token ကတော့ ဈေးတက်ပြီဟ.. ဈေးတက်ပြီဟ နှင့် ပျော်ရသလောက် ဈေးထိုးကျလာလျင် နင့် token ကတော့ကျပဟ ဟူ၍ လုပ်မရတော့။ အတူတူ ကျလာကြသည်သာ။ ရာခိုင်နှုန်း နည်းသည်နှင့် များသည်သာ ကွာပါသည်။

Hive ၏ ဤတခေါက်ဈေးအကျတွင် မည်သည့် ကိန်းကဏန်း တွင် တင်ကျန်နေလိမ့်မည်ဟူသည်မှာ စိတ်ဝင်စားစရာကောင်းနေပါသည်။ မည်သို့ပင် ဆိုစေ Hive သည် Steemit မှ စတင်ခွဲထွက်လာပြီးနောက် Hive ဈေးသည် Steem ဈေး၏ အောက်တွင်သာ ရှိနေခဲ့ပါသည်။

သို့သော် ယနေ့ အချိန်တွင် Hive ဈေးက Steem အထက်တွင် ရပ်တည်နေပါသည်။ Hive သည် Splinterland ကြောင့် လူသိများလာသည်ပဲဆိုဆို ၊ Leofinance ကြောင့် Hive အားပိုသိလာကြသည်ပဲဆိုဆို လက်ရှိအချိန်တွင် Hive အား လူအများသတိထားမိလာသည်ကတော့သေချာပါသည်။

ဟိုယခင်ကလည်း ကျွန်တော်ရေးသားဘူးပါသည်။ အကယ်၍ Hive အောင်မြင်လာသည်ဆိုခြင်းမှာ သူ၏ Blogging ကြောင့် အောင်မြင်ခြင်း မဟုတ်ပဲ Hive Platform အား အခြေခံ၍ ထုတ်လုပ်ကြမည်ဖြစ်သော Token များ / Project များကြောင့် သာ Hive သည် အောင်မြင်လာမည် ဖြစ်ပါသည်။

ဆိုရလျင် Hive သည် သူ၏ မိခင် ဖြစ်သော Steemit မှ ခွဲထွက်လာပြီးနောက် SMTs ဟူသော စကားအား မပြောကြတော့သည်ကို သတိထားမိပါသည်။ Hive သည်လည်း ခေတ်ရေစီးကြောင်းအလိုက် NFT များဘက်သို့ ဦးတည်သွားပုံရပါသည်။

မည်သည့် လမ်းကြောင်းပင်သွားသည်ဖြစ်စေ Hive တွင် ခိုင်မာသော ဈေးကွက်တခု ရှိနေပါသည်။ ထိုအရာမှာ HBD ဖြစ်ပါသည်။ HBD သည် ဈေးတက်လျင်သာ တက်သွားမည် သို့သော် အကျတွင်ကာ USD 1$ တွင်သာ ရှိပါလိမ့်မည်။ ဤသည်က Hive ဈေးအား ထိန်းညှိပေးပါလိမ့်မည်။

ဤတွင် တခုမေးစရာရှိသည်မှာ HBD သည် USD 1$ အောက်ရောက်စရာ အကြောင်းမရှိဘူးလားဟု မေးစရာရှိပါသည်။ ရောက်ကောင်း ရောက်ပါလိမ့်မည်။ သို့သော် ၂၄ နာရီ မပြည့်ခင် HBD သည် USD 1$ သို့ ပြန်ရောက်သွားလိမ့်မည်ဖြစ်ပါသည်။

Cryptocurrency ၏ သဘောသဘာဝသည် ဈေးအတက်သို့ ဦးတည်ပြီးလျင် ပြန်ကျလာပါလိမ့်မည်။ ဈေးပြန်ကျပြီးလျင် နောက်တခါ ပြန်တက်လာပါလိမ့်မည်။

ဝယ်ရောင်း ကစားသူတို့ သတိထားရမည်မှာ ဤ တခါ ဈေးအတက်သည် မည်မျှ ခုန်တက်၍ ဈေးအကျတွင် မည်မျှ ထိုးကျသွားသည်ကို ကြည့်ရမည်ဖြစ်ပါသည်။ ဈေးတက်ခြင်း ကျခြင်းသည် Cryptocurrency ၏ သဘောသဘာဝဖြစ်ပါသည်။

ကျွန်တော်တို့အတွက်တော့ Hive ဈေးတက်ခြင်း ကျခြင်းသည် ပုံမှန်သာ ဖြစ်၍ မိမိ post တင်ခြင်း မတင်ခြင်းက သာ၍ အရေးကြီးပါသည်။ အဘယ့်ကြောင့် ဆိုသော် Hive ဈေး $100 ဖြစ်သွားလည်း မိမိ Post မတင်လျင် တပြားမှ ရမည် မဟုတ်သော ကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် မိတ်ဆွေတို့လည်း Hive ဈေးအတက်တွင် ပျော်ရွှင်ကြပါရန် နှင့် ဈေးအကျတွင် လည်း Post တင်မပျက်ကြစေရန် နှိုးဆော်လိုက်ရပါသည်။

Henry Aung ( Kachin )

08/09/2021 - Wednesday - 18;24 Pm

Hive Platform နှင့် ဈေးအတက် / အကျ ( Henry Aung ) | Ecency