လူငယ်ကလေးတွေက တစ်ရံတစ်ရံ လူကြီးတွေကို
တစ်ခွန်းမခံပြန်လှန်ပြောဆိုနေတာတွေ့ရတော့
စိတ်ထဲမှာ မကောင်းလှပါ။လူကြီးတွေဟာသူတို့
ကြုံခဲ့သမျှကို နောက်လာနောက်သားတွေမမှားစေ
ချင်လို့ပြောပြနေတယ်ဆိုတာကို ကျနော်လဲ တစ်ချိန်
တုန်းကမသိခဲ့ပါဘူး။ဒါပေမဲ့ သူတို့ရဲ့စေတနာကို နောက်
ပိုင်းမှာသေချာမြင်လာရပါတယ် ကိုယ်တွေ့ အတွေ့ကြုံ
များစွာကြောင့်တော့မဟုတ်ပါ။လူကြီးတွေရဲ့ သွန်သင်
ပြမှုနဲ့ ကိုယ်တိုင်ရဲ့အတွေ့ကြုံတို့ပေါင်းစပ်လိုက်သော
အခါတွင်မှ သိလာခဲ့ရခြင်းဖြစ်ပါသည်။လူကြီးတွေဆို
တာ အမှားတစ်ခုကို နောက်ထပ်တစ်ခါမကျူးလွန်စေ
ရအောင် ဒါမှမဟုတ်ရင် ဆုံးရှုံးမှုများမဖြစ်ရအောင်
လမ်းညွှန်ပေးခြင်းဖြစ်ပါသည်။သို့သော်လည်း တစ်
ဖက်လူငယ်များ၏အတွေးဝယ် ဒီလူကြိးရှုပ်လိုက်တာ
ဘာတွေလာချုပ်ချယ်နေမှန်းမသိပါဘူး အလကား
တွေဆိုပြီး အပြစ်မြင်လေ့ရှိပါတယ် သူတို့မှာလည်း
သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လုပ်နိုင်ခွင့်လေးများရှိ
လာတော့ ယခုလိုပြောဆိုတာမဆန်းဘူးဆိုရပါလိမ့်မည်
လူကြီးများကလဲ စေတနာတွေဗလပွနှင့် တစ်လုံးတစ်
ထွေးကြီးသွားပြောတာမျိုး ဖြစ်ခဲ့ရင်ပိုလို့ဆိုးပီဟုပြော
ရတော့မည်။လူငယ်ဆိုသည့်အတိုင်း ငယ်ရွယ်သည်
ဖြတ်လတ်သည် သွက်လက်သည် သူတို့လုပ်ချင်တာ
ကိုလုပ်နေသည့်အတိုင်းအောင်မြင်နေသည့်အရသာ
ကိုကိုယ်တိုင်ခံစားနေသောသူမျိုးဖြစ်သည့်အခါ တစ်
ချို့သင်ခန်းစာများ သို့မဟုတ် လူကြီးများ၏ ဆိုဆုံးမ
မှုများကို မခံယူလိုကြပေ။တစ်ဝက်မှန်တစ်ဝက်မှား
သည်ဟုပြောရမလားပေ လူကြီးများဘက်ကလည်း
ကောင်းမွန်ရာဖြစ်ဖို့ဆိုဆုံးမသည်မှာလည်းမှန်၏
လူငယ်များ၏သဘောတရားများမှာလည်း မှားသည်
မဆိုသာ အဲတော့ အကြောင်းအကျိုးထက် လက်တွေ့
သွန်သင်ပြခြင်းသည်သာအကောင်းဆုံးဖြစ်ပေလိမ့်မည်
ထိုသို့လက်တွေ့ပြခြင်းကိုယခုခေတ်လူငယ်များကပို
လိုလက်ခံကြပါသည်။ဒဏ္ဍာရီတွေ ပုံပြင်တွေဆိုရင်
သိပ်ပြီးမယုံချင်ကြပေ လက်တွေ့ဖြစ်ပျက်နေတာကို
မှ သက်သေပြတာကိုမှ ယုံချင်ကြသည်မဟုတ်လား
ဆိုတော့ လူကြီးများသည် မိမိဆုံးမမည့်လူငယ်လူရွယ်
ကိုသေချာစီစစ်ပြီးမှ ဘယ်ကဲ့သို့သောလိုအပ်ချက်ရှိ
နေသည် ဘယ်နေရာဟာနေသည်ကို လက်တွေ့ပြ
ဖို့ရန်အထူးလိုအပ်လှသည်။သို့မဟုတ်ပါက လူကြီးလဲ
ပြောရဆိုရမောလှသလို နားမထောင်သည့်လူငယ်
မှာလည်း လမ်းမှားသို့ပို၍တိမ်းစောင်းသွားမည်သာ
ဖြစ်၏ထိုကဲ့သို့တိမ်းစောင်းမသွားစေရန်အထူးဂရုပြု
ကာ သွန်သင်ဆုံးမရန်အထူးပင်လိုအပ်လှပါတော့
သည်.......။
လူငယ္ကေလးေတြက တစ္ရံတစ္ရံ လူႀကီးေတြကို
တစ္ခြန္းမခံျပန္လွန္ေျပာဆိုေနတာေတြ႕ရေတာ့
စိတ္ထဲမွာ မေကာင္းလွပါ။လူႀကီးေတြဟာသူတို႔
ႀကဳံခဲ့သမွ်ကို ေနာက္လာေနာက္သားေတြမမွားေစ
ခ်င္လို႔ေျပာျပေနတယ္ဆိုတာကို က်ေနာ္လဲ တစ္ခ်ိန္
တုန္းကမသိခဲ့ပါဘူး။ဒါေပမဲ့ သူတို႔ရဲ႕ေစတနာကို ေနာက္
ပိုင္းမွာေသခ်ာျမင္လာရပါတယ္ ကိုယ္ေတြ႕ အေတြ႕ႀကဳံ
မ်ားစြာေၾကာင့္ေတာ့မဟုတ္ပါ။လူႀကီးေတြရဲ႕ သြန္သင္
ျပမႈနဲ႕ ကိုယ္တိုင္ရဲ႕အေတြ႕ႀကဳံတို႔ေပါင္းစပ္လိုက္ေသာ
အခါတြင္မွ သိလာခဲ့ရျခင္းျဖစ္ပါသည္။လူႀကီးေတြဆို
တာ အမွားတစ္ခုကို ေနာက္ထပ္တစ္ခါမက်ဴးလြန္ေစ
ရေအာင္ ဒါမွမဟုတ္ရင္ ဆုံးရႈံးမႈမ်ားမျဖစ္ရေအာင္
လမ္းၫႊန္ေပးျခင္းျဖစ္ပါသည္။သို႔ေသာ္လည္း တစ္
ဖက္လူငယ္မ်ား၏အေတြးဝယ္ ဒီလူႀကိးရႈပ္လိုက္တာ
ဘာေတြလာခ်ဳပ္ခ်ယ္ေနမွန္းမသိပါဘူး အလကား
ေတြဆိုၿပီး အျပစ္ျမင္ေလ့ရွိပါတယ္ သူတို႔မွာလည္း
သူတို႔၏ကိုယ္ပိုင္ဆုံးျဖတ္ခြင့္လုပ္နိုင္ခြင့္ေလးမ်ားရွိ
လာေတာ့ ယခုလိုေျပာဆိုတာမဆန္းဘူးဆိုရပါလိမ့္မည္
လူႀကီးမ်ားကလဲ ေစတနာေတြဗလပြႏွင့္ တစ္လုံးတစ္
ေထြးႀကီးသြားေျပာတာမ်ိဳး ျဖစ္ခဲ့ရင္ပိုလို႔ဆိုးပီဟုေျပာ
ရေတာ့မည္။လူငယ္ဆိုသည့္အတိုင္း ငယ္႐ြယ္သည္
ျဖတ္လတ္သည္ သြက္လက္သည္ သူတို႔လုပ္ခ်င္တာ
ကိုလုပ္ေနသည့္အတိုင္းေအာင္ျမင္ေနသည့္အရသာ
ကိုကိုယ္တိုင္ခံစားေနေသာသူမ်ိဳးျဖစ္သည့္အခါ တစ္
ခ်ိဳ႕သင္ခန္းစာမ်ား သို႔မဟုတ္ လူႀကီးမ်ား၏ ဆိုဆုံးမ
မႈမ်ားကို မခံယူလိုၾကေပ။တစ္ဝက္မွန္တစ္ဝက္မွား
သည္ဟုေျပာရမလားေပ လူႀကီးမ်ားဘက္ကလည္း
ေကာင္းမြန္ရာျဖစ္ဖို႔ဆိုဆုံးမသည္မွာလည္းမွန္၏
လူငယ္မ်ား၏သေဘာတရားမ်ားမွာလည္း မွားသည္
မဆိုသာ အဲေတာ့ အေၾကာင္းအက်ိဳးထက္ လက္ေတြ႕
သြန္သင္ျပျခင္းသည္သာအေကာင္းဆုံးျဖစ္ေပလိမ့္မည္
ထိုသို႔လက္ေတြ႕ျပျခင္းကိုယခုေခတ္လူငယ္မ်ားကပို
လိုလက္ခံၾကပါသည္။ဒ႑ာရီေတြ ပုံျပင္ေတြဆိုရင္
သိပ္ၿပီးမယုံခ်င္ၾကေပ လက္ေတြ႕ျဖစ္ပ်က္ေနတာကို
မွ သက္ေသျပတာကိုမွ ယုံခ်င္ၾကသည္မဟုတ္လား
ဆိုေတာ့ လူႀကီးမ်ားသည္ မိမိဆုံးမမည့္လူငယ္လူ႐ြယ္
ကိုေသခ်ာစီစစ္ၿပီးမွ ဘယ္ကဲ့သို႔ေသာလိုအပ္ခ်က္ရွိ
ေနသည္ ဘယ္ေနရာဟာေနသည္ကို လက္ေတြ႕ျပ
ဖို႔ရန္အထူးလိုအပ္လွသည္။သို႔မဟုတ္ပါက လူႀကီးလဲ
ေျပာရဆိုရေမာလွသလို နားမေထာင္သည့္လူငယ္
မွာလည္း လမ္းမွားသို႔ပို၍တိမ္းေစာင္းသြားမည္သာ
ျဖစ္၏ထိုကဲ့သို႔တိမ္းေစာင္းမသြားေစရန္အထူးဂ႐ုျပဳ
ကာ သြန္သင္ဆုံးမရန္အထူးပင္လိုအပ္လွပါေတာ့
သည္.......။
Own writer @julybrave
Image source: google