နွေရာသီအစပြုပြီဆိုတော့ တောရွာတွေမှာဆိုရင်လှည်း
လမ်းကြောင်းကဖုတ်တစ်ထောင်းထောင်းထလို့ တံလျပ်
တွေထင်တဲ့အချိန်ပေါ့ တံလျပ်ကိုရေထင်လို့ ရွှေသမင်
ရေလိုက်မှားတဲ့အချိန်ဆိုလဲမှားမယ်မထင်ပါ တံလျပ်တွေ
ဟာ တစ်လှပ်လှပ်ဖြင့်လှမ်းကြည့်လိုက်ရင် တစ်မူထူးခြားလှပါတယ်။တောရွာအချို့ မှာဆိုရက်နွေရာသီစပါးစိုက်ယလို့ရတော့ အပူသက်သာပါတယ် စပါးတင်မကပါဘူး
ယခုလိုမတ်ပဲဈေးပြန်ထောင်လာချိန်မှာလည်း မတ်ပဲ
တွေစိုက်ကြတော့ လယ်ကွက်တွေဟာစိမ်းစိမ်းစိုစိုတွေနဲ့
အပူကိုထိမ်းသိန်းပေးထားရာသဘာဝတစ်ခုပါပဲ မြက်
ပင်တွေဟာလည်းထူထူထဲထဲနှင့် နွားများစားကျက်
ဖြစ်လို့နေပါတယ်ထိုကဲ့သို့ရွာများမှာတော့ အပူရှိန်ဟာ
အလွန်သက်သာလှလို့ နေချင်စရာနေလို့ကောင်းတဲ့
ရွာတွေပါ ပြောရမယ်ဆိုရင်တော့ ပြင်ဦးလွင်တို့ တောင်
ကြီးတို့လို့နေရာမျိုးတွေပေါ့။ဒါပေမဲ့ မတ်ပဲလဲမဖြစ် နွေစပါးလဲမရတဲ့ ကျနော်တို့ရွာမျိုးတွေကတော့ နွေရာသီ
မှာခေါင်ခိုက်အောင်ပူလွန်းပါတယ် ဟိုအရင်ကဆိုရင်
နွေရာသီမှာရေအရမ်းရှားလို့ ညပိုင်းမှာ ရေစောင့်ပြီးစစ်
ခတ်ရပါတယ် ဒါမှမဟုတ်ရင် ရေစည်လှည်းတွေနဲ့ ရေ
ပေါများရာ အခြားရွာများ သို့မဟုတ်ရွာနဲ့ခပ်လှမ်းလှမ်းက
ရေပေါများတဲ့တွင်များဆီကိုချီတက်ကာ ရေများသွား
ရောက်ကာ ခပ်ယူစုဆောင်းကြရပါတယ် ယခုတော့
ဦးသိန်းစိန်အစိုးရလက်ထက်မှာ စက်ရေတွင်း နှစ်တွင်း
ချပေးလိုက်တော့ အလွန်ပင်အဆင်ပြေသွားကာ ရေ
အတွက်တော့ပူစရာမလိုတော့ပါ။နောက်တစ်ခုက ကျ
နော်တို့ရွာရဲ့ အရှေ့ နှင့် အရှေ့ မြောက်ဘက်မှာ တောင်
တန်းတွေတည်ရှိပါတယ် ယခင်ကရေနံထွက်တော့ ရေနံ
တွင်တွေတူးကြကာ တရုပ်တို့၏လောဘဇောတွေနဲ့
လယ်ယာမြေတွေပေါ်မှာပါ မြေလှန်ကာ ဘတ်ဟိုးကား
ကြီးတွေနဲ့ ထိုးရှာကြလို့ လယ်ပိုင်ရှင်တွေပြန်လည်ဖို့ကြ
ရနဲ့ အလုပ်ရှုပ်ခဲ့ဖူးပါတယ် ကျနော်တို့ရဲ့လယ်တွေမှာ
ဆိုရင်ရေစမ်းများရှိတော့ကားတွေနစ်တဲ့ချိုင့်ကြီးတွေဒိုင်း
နမိုက်ခွဲလို့တွင်းကြီးတွေကနေ ရေတွေစိမ့်တောင်ထွက်
ခဲ့ကြပါတယ်။အဲသည်တောင်တန်းတွေဟာ ယခင်ကဆို
သစ်ဝါးများအလွန်ပေါပါတယ် ကျွန်း၊အင် ပျဉ်းကတိုး
အင်ကြင်း သစ်စေး အစရှိသည့်သစ်ကောင်းဝါးကောင်း
များအလွန်ပေါကာ အလွန်ပင်ခုတ်ယူခဲ့ပါတယ် ထင်း
အတွက်ကြောင့်ပေါ့ ယခုတော့ ထိုကဲ့သို့ ခုတ်ယူမှုများ
လာသည့်အတွက် တောင်တွေဟာ မိုးရာသီမှာသာ
စိမ်းစိုစွာတောင်နှင့်တူပါတယ် နွေရာသီရောက်ရင်တော့
အထက်ပိုင်း တောင်တွင်းကြီး ရေနံချောင်းဘက်က
ထိပ်ပြောင်ပြောင်တောင်တန်းများအတိုင်းတံလျပ်တွေ
ထလို့နေပါတယ်ယခုတော့ လျပ်စစ်မီးရတော့မယ်ဟု
ပြောပါတယ် အလွန်ဝမ်းသာစရာဆိုပေမဲ့ မီးတိုင်
ထရန်စဖော်မာ ဓာတ်ကြိုးတွေက ကိုယ်ထူကိုယ်ထပါ
ကျနော်တို့ရွာက တောင်နားနီးတော့ လျှပ်စစ်လိုင်းသွယ်
တန်းထားတဲ့နေရာနဲ့က တစ်မိုင်နီးပါးဝေးပါတယ်။
ထို့
ကြောင့်သွယ်တန်းဖို့စရိတ်တဲ့အတွက် ကျနော်တို့လို့
တစ်ရွာမှအိမ်ခြေရှယ်ဆယ်လောက်ရှိတဲ့ရွာလေးဟာ
ဆင်းရဲသားကပေါများတော့ ဘယ်မှာတတ်နိုင်ရှာမှာလဲ
အဲသည်တော့ ထိုတောင်ကုန်းပြောင်ပြောင်းလေးဆီသို့
သာလျင် နွေရာသီရဲ့အစပိုင်းမှာ ထင်းခုတ်ဝါးခုတ်ရိုးရာ
မပျက်ချီတက်လျက်ပါပဲ။ဒါကတော့ တောရွာတွေရဲ့
နွေရာသီတစ်နေ့တာမှာ ပူပြင်းစွာဖြတ်သန်းပုံပေါ့
အလုပ်အကိုင်များကတော့ နွေရာသီရောက်ပြီဆိုရင်
သိပ်ပြီးမရှိလှတော့ပါ ထင်းတွေရေတွေပြီးစီးလို့ ပင်ပန်း
သမျှတွေကို အတိုးချအနားယူကာ အိမ်မှာရှိတဲ့တောက်
တိုမယ်ရလေးများကိုလုပ်နေရတဲ့အချိန်ပေါ့ အလှူ
အတန်းများရှိလျင်သွားရောက်ကူညီကြလိုက် မင်္ဂလာ
ဆောင်များရှိလျင် လက်ဖွဲ့လိုက်ဖြင့်ညောင်ဖူးသုပ်များ
လှိုင်လှိုင်စားရတဲ့အချိန်လို့ပြောရင်လဲမမှားပါဘူး ထို
အချိန်မှာ သရက်ကင်းလေးများကို ငါးငပိချက်ရှယ်ချက်
လေးဖြင့်တို့မြုပ်စားရတာခံတွင်းမြိန်လှတဲ့ အချိန်လည်း
ဖြစ်၏ တောက်တာဖူး ကတက်စာ အင်ဥမှိုများ မပြတ်
စားရတဲ့ရက်များဆိုလျှင်လည်းမှားမည်မထင်ပေါင်။
တောထဲတွင်ကတက်စာ အင်ဥတွေရှာကြကာ ဈေး
ကောင်းရတဲ့အချိန်မို့ တောကျွမ်းကျင်သူ သူသူငါငါတို့
ဝင်ရောပ်မွှေနှောက်ကာရှာဖွေကြတဲ့အချိန်ပါ ရှေးလူကြီးများမှာတော့ စပါးများသိမ်းပြီးသည့်အခါတိုင်းဆွေးမျိုး
များဆီသို့အလည်ပတ်တစ်နှစ်တစ်ခေါက်သွားရောက်
ကြသည့်အချိန်ဖြစ်ပေသည်။နွေရာသီမှာပူပြင်းလှပေမဲ့
မကြာမှီသင်္ကြန်ရက်ရောက်တော့မည်ဖြစ်လို့ ပူပြင်းသမျှ
တွေကိုနှစ်သစ်သင်္ကြန်ရေဖြင့်ပက်ဖြန်းကာ ရွှင်းလန်း
ကြရတော့ဖြစ်ပေတော့၏.........။
Own Writer @julybrave
Image Source: google