Breaking news

Words
41
Reading
1 min
Listen
Play
9y

တောင်ပြုံးပွဲတော်သို့ သွားလာမှုကို
ယနေ့ ည၈နာရီမှ စ၍တားမြစ်


 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်ပြုံးပွဲတော် 
ကျင်းပမှုပေါ် ရက်ရွေ့ဆိုင်းထားကြောင်း ထုတ်ပြန်ပြီးနောက် ဇူလိုင်၃၀ ရက် ၈နာရီမှစတင်၍ ပွဲတော်သို့ သွားလာခွင့် 
တားမြစ်ခဲ့သည်။

တောင်ပြုံးပွဲတော် ဝင်ပေါက် အရှေ့နှင့်အနောက်ဘက်တို့ကို ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များက တားဆီးပိတ်ဆို့ထားကြောင်း ကြာနီကန်ရဲကင်းမှ စခန်းမှူးကပြောသည်။
ဒေသခံတော့ ဝင်ခွင့်ပေးတယ်။ ဒီညကစပြီးဝင်ခွင့်မပေးတော့ဘူး။ ကျွန်တော်တို့လည်း၂၄နာရီစောင့်ကြည့်သွားမယ် ဟု ဒုရဲအုပ်ကပြောသည်။

ထို့ပြင် မန္တလေး မတ္တရာလမ်းပေါ်ရှိ အလှူခံမဣပ်များကို
လည်း ဖယ်ရှားခိုင်းထားကြောင်းသိရသည်။



Tun Nay Lin