Life

Words
45
Reading
1 min
Listen
Play
8y

ရှေးကံကလည်း အခုဘဝမှာ နှိပ်စက်တယ်
အခုကံကလည်း လက်ရှိမှာ မကောင်းတော့
သူတို့ ၂ခုပေါင်း ရက်စက်လေသမျှ ခံနိုင်အောင်တောင့်ခံထားရတယ်

ကံကိုယုံပြီးလဲ ဆူးပုံမနင်းခဲ့မိပါ
ကံကိုလဲ လွှဲချဘို့ စိတ်မကူးခဲ့ပါ
ကံဆိုတာ ကိုယ်ကလုပ်ခြင်းကြောင့်ဖြစ်လာခဲ့သည်လေ

ကိုယ်ကောင်းခဲ့သည့်လူများ ကိုယ့်အပေါ်မကောင်းခဲ့ကြတာရှိသလို
ကိုယ်မကောင်းခဲ့သည်ကြောင့်လဲ ကိုယ့်အပေါ်မကောင်းခဲ့ကြတာလဲရှိသည်

ထိုအခါမျိုး၌ ဆင်ခြင်မှုကင်းမဲ့စွာ ကိုယ်လည်းစိတ်ထဲရှိသမျှ လုပ်ချင်တာကိုလုပ်ပစ်လိုက်ရမှ ကျေနပ်မိသည်က ကိုယ့်အမှားပင်ဆက်ဖြစ်လာလေတော့လည်း ……

ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်နေတာ အကောင်းဆုံးဖြစ်မည်ဟု ထင်လာမိတော့တဲ့အတွက် တယောက်ထဲနေတတ်လာအောင် လေ့ကျင့်ရင်း နေသားတကျရှိလာသလောက်တောင် ရှိခဲ့ပါပြီ

received_695457477300772.jpeg

photo credit to facebook

julia-rain@julia-rain (own creator)

Life | Ecency