Photo Source
ကျွန်တော်ကတော့ သူများတွေလို ဈေးကွတ် အကြောင်း ထွေထွေထူးထူး သိရှိသူ မဟုတ်ပါဘူး။ ယခုလည်း ရေးစရာ Post ထွေထွေ ထူးထူး မရှိသောကြောင့် ဘာရေးလျှင် ကောင်းမည်လဲဟု တွေးကာ ယခု Post ကို ရေးသားဖြစ်ခြင်း ဖြစ်ပါတယ်။ ယခု Post တွေးစရာ ထွေထွေထူးထူး ပေးနိုင် လိမ့်မည် မဟုတ်ပါချေ။ သို့ပါသောကြောင့် လေ့လာစရာ ထွေထွေ ထူးထူး မရှိသူများသာ ကျွန်တော် Post ကို ဆက်ပြီး ဖက်ပါလေ။
အားလုံး သိကြသည့် အတိုင်း ကျွန်တော်တို့ နေ့စဥ် ဝယ်ယူ စားသောက်ရသော အခြေခံ ကုန်ဈေးနှုန်းများသည် ဒလဟော ထိုးတက်လျှက် ရှိနေပါတယ်။ ဆိုလိုသည်က ကျွန်တော်တို့ စားသောက်နေသော ကုန်ပစ္စည်းများသည် အနည်းဆုံး ၄၀% ခန့်အထိ ဈေးနှုန်း မြင့်တက်သွားပါတယ်။
အဓိက ကတော့ ပိတ်ဆို့မှုများ ၊ ပြည်တွင်းရေး မငြိမ်သက်မှုများနှင့် စီမံခန့်ခွဲ ပုံ အရည်အသွေး မပြည့်မှီချင်းတို့ကြောင့် ဖြစ်ပါတယ်။ အကြောင်း ကြောင်းသော အချက်တွေကြောင့် ကျွန်တော်တို့၏ မြန်မာ (ကျပ်) ငွေ တန်ဖိုးသည် အဆမတန် ကျဆင်းခဲ့ပါတယ်။
ထို့ကြောင့် ပြည်ပ သွင်းကုန် များသည့် ကျွန်တော်တို့ နိုင်ငံသည် အခက်အခဲများ စတင် ရင်ဆိုင် ကြရပါတော့တယ်။
ပြည်ပ သွင်းကုန် ခက်ခဲသည့်အတွက် ဈေးကွတ်၏ လိုအပ်ချက်ကို မဖြည့်ဆည်း ပေးနိုင်တော့ပါဘူး။ ဈေးကွတ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လျှင်တောင် ဈေးကွတ် ဝယ်လိုအား ကျဆင်းနေမှာ ဖြစ်ပါတယ်။
ယခုအချိန်က ဈေးကွတ်ဝယ်လိုအား ကျဆင်းနေချိန်မှာ ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်ပါတယ်။ ဘောဂဗေဒ အရ ပြောင်းပြန်အချိုးကျရမည့် ပုံသေနည်းကို ဖောက်ထွက်သွားခြင်း ဖြစ်ပါတယ်။ ( ပုံသေနည်း ဖောက်ထွက်ခြင်း၏ ဆိုးကျိုးများစွာ ရှိပါတယ် )
ကျွန်တော်တို့၏ ရရှိသော ဝင်ငွေ ( လစာ ) သည် တိုးတက်လာခြင်း မရှိပါဘူး။ ဒါပင်မဲ့ ကုန်ဈေးနှုန်းများ တက်လာသည့်အတွက် အများစုသည် ချို့ချန်စွာ ဝယ်ယူကြရပါတယ်။ ပုံသေနည်းကို ဖောက်ထွက်သည့် ကိစ္စရပ်ပါ။
ကုန်ဈေးနှုန်းများ မတည်ငြိမ်မှုကို ကုစားရန် ( အရှံးမရှိစေရန် ) ပြန်ရောင်းကြသော ဆိုင်ပိုင်ရှင်များသည် ( Seller ) အမြတ်ရာခိုင်နှုန်းကို မြင့်တင် တက်ကြပါတယ်။ Accounting သဘောတရားအရ ကုန်ပစ္စည်းများ ဈေးတက်ချိန်တွင် နဂိုရောင်းနေကျ ဈေးအတိုင်း ရောင်းချပြီး ရောင်းချပြီးသော ပစ္စည်းများကို တက်ဈေးဖြင့် ပြန်လည်ဝယ်ယူရလျှင် အရှူံးကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီလို အခြေအနေကို ကာမိစေရန် တက်ဈေး၏ အမြတ်ငွေကို နဂို အမြတ်ရာခိုင်နှုန်းတက် +5% ပေါင်းတင်လိုက်ပါတယ်။ နဂိုက ကုန်ပစ္စည်း တစ်ခုလျှင် အမြတ်ငွေ +10 ရာခိုင်နှုန်းယူပါက ယခုအခါတွင် (ယခုလို ကာလတွင် ) အမြတ်ငွေ +15ရာခိုင်နှုန်း ယူသည်ဟု မှတ်ယူနိုင်ပါတယ်။
ဒါကြောင့် End User များ အနေဖြင့် ကုန်ပစ္စည်း တစ်ခုလျှင် အပိုပေးချေရသည့် ငွေကြေး တန်ဖိုး များပြားလာပါတော့တယ်။ ဒီလို အခြေအနေက ကျွန်တော်တို့ကို ပိုမိုဆိုးဝါးသည့် အနေအထားသို့ ရောက်ရှိစေနိုင်ပါတယ်။
ဒီနေ့ ပြောပြချင်တာကတော့ ဒီလောက်ပါဘဲ။ မကြာခင်များ Super Coffee (48 ထုပ် ) ပါ တစ်ပါကင်လျှင် ငွေကျပ် တစ်သောင်းခန့် ပေးရသည့် အခြေအနေသို့ ရောက်ရှိလာနိုင်ပါတယ်။ ကျွန်တော်လည်း ဆိုင်မှာ ကုန်ပစ္စည်း အပြည့်ဝယ်လှောင်ပြီး ဆိုင်ပိတ် အိပ်ပါတော့မည်။
@johndieo
7.8.2022