ငါးလတာ ခရီး

Words
114
Reading
1 min
4y
Listen to this post
~1 min

img_0.6396268504372633

ဘာလိုလိုနှင့် HIVE တွင် ကျွန်တော် ရောက်ရှိခဲ့တာ ငါးလကျော် ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ စိတ်ဓာတ် တက်ကြွချိန်ရော စိတ်ဓာတ် ကျဆင်းချိန်ပါ ရှိခဲ့ပါတယ်။ တစ်ခါတစ်လေ စာရေးဖို့ လမ်းစ ပျောက်နေခဲ့ပါတယ်။

စာရေးဖို့ လမ်းစ ပျောက်ချိန်မှာတော့ တစ်ခြားသူတွေ တင်ထားသည့် Post များကို Commet ပေးရင်း Vote ပေးရင်း အချိန်ကုန်ခဲ့သည်က များပါတယ်။ တစ်ခါတစ်လေ လမ်းစပျောက်သွားသည့် အချိန်တွေဆို ကျွန်တော်အတွက် အတော်လေးကို ဆိုးဝါးလှပါတယ်။

ဒီငါးလအတွင်း ဥပဒေဆိုင်ရာများ သုတများ အတော်များများလေးကို ရေးသားနိုင်ခဲ့ပါတယ်။ အမှားများစွာ ရှိပင်မဲ့ အတော်များများက ဖေးမကူညီပေးကြပါတယ်။ အချင်းချင်း နားလည်ပေးနိုင်မှုကြောင့် စာတွေ ဆက်ရေးဖြစ်ပါတယ်။

ဒီငါးလအတွင်း Game များမှာ Income အတော်များများ ရခဲ့ပါတယ်။ ကျွန်တော် အစက Game များကို အပျော်သဘောသာ ဆော့ခဲ့ပင်မဲ့ နောက်ပိုင်းမှာတော့ ကျွန်တော် HIVE အတွက် ပင်မဝင်ငွေ ရလမ်းကြောင်း သဖွယ် ဖြစ်လာပါတော့တယ်။

နောက်ထပ် Income ကတော့ HIVE Platform ပေါ် အခြေခံထားသည့် Token တွေပါ။ အကျိုးအမြတ် နည်းပါးလှပင်မဲ့ အလကားရသည့် နွား သွားဖြဲပြီး ကြည့်နေလို့ မရပါ။

ဒီငါးလအတွင်း ကျွန်တော် တင်ချင်သည့် အကြောင်းအရာ တစ်ချို့ကိုတော့ မတင်ဖြစ်ပါဘူး။ အစက English စာနှင့် သက်ဆိုင်သည်များကို မျှဝေပေးဖို့ ရှိပင်မဲ့ မလုပ်ဖြစ်ပါဘူး။ နောက်ပိုင်းလည်း တင်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီကိစ္စလေးကိုတော့ အားမရ ဖြစ်မိပါတယ်။

ဒီနေ့တော့ HIVE နှင့် သက်ဆိုင်သမျှကို မျှဝေပေးလိုက်ပါတယ်။ နောက်ရက်တွေမှာ ထပ်မံပြီး တွေ့ကြအုံးမယ်နော်

johndieo@johndieo
10.6.2022