မနက်က အစောကြီး ကျွန်တော် သဘောကျသည့် သရုတ်ဆောင် တစ်ဦး၏ Post တစ်ခုကို ဖက်လိုက်ရတယ်။ သူရေးထားသည့် စာလေးကို ဖက်ပြီး တွေးစရာ အတွေးတွေ ခေါင်းထဲကို အလျှိုလျှို ရောက်လာပါတော့တယ်။
သူရေးထားတာကတော့ ကျွန်တော်တို့ နိုင်ငံနောက် ဆယ်နှစ်ခန့် နောက်ပြန်ရောက်သွားသည်တဲ့ ။ ကျွန်တော်လည်း ဒီလို အခြေအနေအတိုင်း ဆက်သွားခဲ့လျှင် ဆယ်နှစ်မက နောက်ပြန်ရောက်သွားမယ်လို့ ခံစားမိပါတယ်။
ယခုဆိုလျှင် Company များထံမှ နိုင်ငံခြားငွေများကို အောက်ဈေးဖြင့် မရမက ရောင်းချခိုင်းထားပါတယ်။ ယခင်က ကိုယ်အပ်ထားသည့် ငွေကြေးကို ကျွန်တော်တို့ စိတ်ကြိုက်အချိန်မှာ စိတ်ကြိုက်ပမာဏ ထုတ်လို့ရပါတယ်။ နိုင်ငံခြားငွေ ဈေးနှုန်းများသည်လည်း အဆမတန် ဈေးတက်နေသည် မဟုတ်ပါ။
ယနေ့ အချိန်မှာ ကျွန်တော်တို့ အကောင့်ထဲရှိ ငွေမျကို ထုတ်ယူရာတွင် အကန့်အသတ်နှင့် တန်းစီစောင့်ဆိုင်းရသည် ကြိုးနီ စနစ်လိုဖြစ်နေပါတယ်။ ( လက်ရှိအချိန်မှာ ပြည်တွင်ဘဏ် အကောင့် တစ်ခုမှ မရှိသော ကျွန်တော် အဖို့ ဒီလို ပူပင် သောကများနှင့် ဝေးကွာနေပါတယ်။ အကြောင်းမူ ကျွန်တော်သည် ကျွန်တော်၏ Bank Acc အားလုံး နီးပါးကို PD ( permanently deactivate ) လုပ်ခဲ့ပြီး အကောင့်များ ဖက်သိမ်းထားလိုက် သောကြောင့် ဖြစ်ပါတယ် )
ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး ဝယ်ယူရ ခက်ခဲသည့် အခြေအနေများကြောင့် တစ်ခြား နိုင်ငံများ၏ သာမယန် အသုံးအဆောင် ပစ္စည်းများသည် ကျွန်တော်တို့အတွင် ဇိမ်ခံ ပစ္စည်းများ ဖြစ်လာနိုင်ပါတယ်။ ဒီလိုကာလမှာ မှောင်ခို ဈေးကွတ်များ ကြီးစိုး လာနိုင်ပါတော့တာ်။
ဒါအပြင် အကျဥ်းထောင်များမှ လူဆိုး၊ သခိုး၊ ဓားပြများ နှင့် မုဒိန်းသမားများကို အလွယ်တကူ လွတ်ငြိမ်းခွင့် ပေးလိုက်တော့ ပြည်တွင်း၌ အမှုများ တိုးလာပါတော့။ ယခုဆိုလျှင် ကျွန်တော်တို့သည် ကျွန်တော်တို့ဘဝများ မလုံခြုံတော့ဟု ခံစားမိလာကြပါတယ်။
ကျန်းမာရေး စောင့်လျှောက်မှုများသည်လည်း အလုံးစုံ ပျက်လုနီးပါး ဖြစ်နေပါတယ်။ ဒါကြောင့် ပိုက်ဆံတက်နိုင်သည့် နိုင်ငံသားများ ပြည်ပတွင် ဆေးကုသရန် အလျှိုလျှို ထွက်ခွာကုန်ကြ ပါတယ်။
ကျွန်တော်တို့ အနေဖြင့်ရော ဘာဆက်လုပ် နိုင်ကြမှာလဲ နိုင်ငံခြားကို သွားမလား ဒီနိုင်ငံမှာဘဲ ဒုက္ခတွေကို အတူမျှဝေ ခံစားကြမလား ဆိုသည့် ရွေးချယ်ခွင့် နှစ်ခုလောက်သာ ရှိပါတော့တယ်။
တစ်ကယ်ဆိုလျှင် ကျွန်တော်တို့နိုင်ငံသည် နောက်ပြန်ပြီး ဆယ့်ငါးနှစ်ခန့်ကို ရောက်ရှိသွားတာပါ။
@johndieo
18.7.2022