မီး နှင့် ရေ

Words
120
Reading
1 min
Listen
Play
4y

img_0.36457846127108484

Photo Source

မနေ့က ကျွန်တော်တို့ဆီမှာ ရေပျက်သည့် အကြောင်းကို ပြောပြဖြစ်တယ်။ ဒီနေ့မှာတော့ ရေပျက်ခြင်း (ဂျိုးဖြူရေမရရှိခြင်း ) ၏ နောက်ဆက်တွဲ အခြေအနေလေး မျှဝေပေး ပါရစေ။

ဒီနေ့နှင့်ဆို ဂျိုးဖြူရေ မရှိသည်မှာ လေးရက်ခန့် ရှိပြီ ဖြစ်ပါတယ်။ အဆောင်နေသူများ အ​တော်လေး အဆင်မပြေ ဖြစ်ကြတာပေါ့။ အဓိက ကတော့ Toilet ကိစ္စပါ။ Toilet အတွက် သီးသန့် ရေသည်လည်း ကုန်သလောက် ဖြစ်သွားပါပြီ။ ဒီတော့ အားလုံး ရေကိုချွေတာ သုံးခိုင်းရပါတော့တယ်။

အဆောင်နေသူများမှ ရေချိုးချင်သူများကို အိမ်ကို ခေါ်ပြီး ရေချိုးခိုင်းရပါတော့တယ် ( တစ်ချို့ကတော့ ရှက်လို့ မလာကြပါဘူး )။ အမှန်တော့ ရေမလာလို့ အိမ်မှာ ရေချိုးရသည်မှာ ရှက်စရာ တစ်ခုတော့ မဟုတ်ပါချေ။

တစ်ချို့ကတော့ အဝတ်အစားလေးတွေပါ ယူလာပြီး လျှော်ကြပါတယ်။ ဒီ ပြသာနာကို ဖြေရှင်းဖို့ ရေစက်တွေကို ပြန်ရွှေ့ကြရပါတယ်။ ( ဂျိုးဖြူရေ စသုံးကတည်းက ရေစက်များကို စတို၏ ဘယ်နေရာမှာ ထားမိမှန်း မသိတော့ သိမ်းထားသည်မှာ ကြာခဲ့ပါပြီ )

ရေစက် ရပြန်တော့ လျှပ်စစ်မီးက ပျက်ပြန်ပါတယ်။ မီးလာတော့လည်း မီးအားက မမှီရှာပေ။ (အဆောင်များဆိုတော့ လိုအပ်ချက် သိပ်မရှိသောကြောင့် မီးအားမြင့်စက်များ အသုံး မပြုထားပါဘူး )။

မိုးရာသီမှာတောင် ဒီလောက် ဆိုးဝါးနေပါတယ်။ ဆောင်ရာသီနှင့် နွေရာသီ ဆိုလျှင် ဆိုဖွယ်မရှိအောင် ဆိုးပါတော့မည်။ ဒီလို အခြေအနေကြီးမှာ လူလာဖြစ်တာကိုက မကောင်းဘူးဟု ဆိုရပေလိမ့်မယ်။

ဒီလို ခေတ်ဆိုးကြီးကို ကျော်လွှားဖို့ဆိုသည်မှာ ကျွန်တော်တို့ တစ်ဦးချင်းဆီတိုင်းတွင် ရှိသော လုံးလ၊ ဝရီယ နှင့် ဇွဲဆိုသည့် အရာများကို စုပေါင်း ကြိုးစားဖို့တော့ လိုပေလိမ့်မယ်။

johndieo@johndieo
20.7.2022

မီး နှင့် ရေ | Ecency