Dcity Stort #1

Words
173
Reading
1 min
4y
Listen to this post
~1 min

HIVE Myanmar အဖွဲ့သား အားလုံး မင်္ဂလာပါခင်ဗျ။ ကျွန်တော်လည်း HIVE Myanmar မှာ Post တင်တာ အနည်းငယ်ပျက်ကွက်နေပါတယ်။ ( HIVE Myanmar မှာ Post မတင် ဖြစ်ပင်မဲ့ တစ်ခြား Community တွေမှာတော့ Post တင်ဖြစ်ပါတယ်။ အဓိက ကတော့ Gaming Community ၊ ASEAN Community ရယ် Finance Community တွေမှာ တင်ဖြစ်နေပါတယ်။

ဒီတစ်ခါတော့ HIVE Myanmar Community မှာ #dcity နှင့် ပတ်သက်သမျှကို ကျွန်တော် သိထားသမျှ မျှဝေပေးသွားပါ့မယ်။ ကျွန်တော်သည် #dcity game ကို ဆော့လာခဲ့သည်မှာ ခုနှစ်လကျော် ရှိခဲ့ပါပြီ။ ဒီကာလအတွင်း ကောင်းခြင်း ဆိုးခြင်း နှင့် မှားယွန်းမှု တော်တော်များများကို တွေ့ကြုံခဲ့ပါတယ်။

ကနဦး အနေဖြင့် ယခုကဲသို့ မျှဝေပေးရခြင်းမှာ ကျွန်တော်သိသမျှကိုသာ မျှဝေပေးခြင်း ဖြစ်ပါတယ်။ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ကျွန်တော်ကဲ့သို့ လိုက်ပါ ဆော့ကစားရန် မတိုက်တွန်းသလို မဲဆွယ်ခြင်းလည်း မရှိပါ။ ကျွန်တော်တို့ အားလုံးသိသည့်အတိုင်း ဒီလို ကိစ္စတွေမှာ ဆုံးရှံးနိုင်ချေ မြင့်မားသောကြောင့် ဖြစ်ပါတယ်။

နောက်ရက် ကျွန်တော်ရှင်း ပြမည့် ကိစ္စတွေမှာ အဓိက ပါမှာကတော့ Card အသစ်များ အချိန်တိုအတွင်း ရရှိနိုင်မည့် နည်းလမ်းများ၊ Card များ ရောင်းဝယ် ရာမှ ရရှိနိုင်မည့် အချက်များ၊ #dcity game တွင် မရှိမဖြစ် လိုအပ်သည့် Card များ၊ Ranking Level များ အလျှင်အမြန် တက်မည့် ကိစ္စများ၊ Technology Tree များနှင့် Technology Card များ အကြောင်း၊ President Vote ခြင်းနှင့် အကျိုးကျေးဇူးများ၊ War Share နှင့် Card Income ကြားမှ ရွေးချယ်နိုင်မည့် ကိစ္စများ စသည့် ကျွန်တော် သိသည့် ကိစ္စများကို ပြန်လည် ပြောပြပေးမှာ ဖြစ်ပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း အလုံးစုံကို ကျေပွန်စွာ သိရှိနေသေးသည် မဟုတ်သောကြောင့် ကျွန်တော် နားလည်သလောက်ကိုသာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော် မျှဝေသည့် အခါမှာ လိုအပ်ချက် နှင့် အားနည်းချက်များ ရှိကောင်း ရှိလာနိုင်ပါတယ်။ ဒါပင်မဲ့ #dcity အကြောင်းကို စိတ်ဝင်စားသည့် HIVE Myanmar Community အဖွဲ့သားတွေ အတွက် ဗဟုသုတ တစ်စုံတစ်ခု ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

johndieo@johndieo
13.8.2022