ကျွန်တော် ဆိုင်ကို ကနဦး စတင်ဖွင့်ကတည်းက အကျိုးမးအမြတ် တစ်ခုတည်းကြောင့် ဖွင့်ခဲ့ခြင်း မဟုတ်ပါဘူး။ ဒါကြောင့် တစ်ချို့ကိစ္စများတွင် အရှံးအမြတ်များကို ထည့်တွက်လေ့ မရှိပါဘူး။
နောက်တစ်ချက်က နေ့စဥ် ညဥ်းညူသံများ ဖြစ်ပါတယ်။ ကျွန်တော် ဈေးရောင်းနေသည့်အတွက် လူတော်တော်များများဖြင့် နေ့စဥ် ပြောဆို ဆက်ဆံရပါတယ်။ ဒါကြောင့် လူတွေ၏ အခက်အခဲများကို ယခင်ကထက် ပိုမိုနားလည် သဘောပေါက်လာပါတယ်။
တစ်ချို့ဆိုလျှင် ငွေကျပ် - ၅၀ ခန့်အတွက် အချိန်အတော်ကြာ စဥ်းစာသည့် လူတန်းစားများ ပိုမိုများပြား လာပါတယ်။
" ဒီဟာလေးက ဈေးတက်သွားပြန် ပြီလား" ဝမ်းနည်း အားငယ်စွာ မေးမြန်းသူများ များပြားလာခဲ့ပါတယ်။ ကျွန်တော်ဆိုသည် Channel များစွာဖြင့် ချိတ်ဆက်ထားသောကြောင့် ဈေးနှုန်း အတက်/အကျ ကို အချိန်အမျှ သိရှိနေသည်က များပါတယ်။
ဒါကြောင့် တစ်ချို့ ဈေးဝယ်များအား တိုးတိုးတိတ်တိတ်ဖြင့် ဒီပစ္စည်းက ဒီလို ဈေးတက်သွားပြီး တစ်ခြားဆိုင်မှာ အရင်သွားဝယ်ကြည့်ပါလား။ ဒီဈေးနှုန်းလေး ရလျှင် တန်သည့်အတွက် အသုံး လိုလျှင် များများလေး ဝယ်ထားဖို့ ပြောဆိုတက်ပါတယ်။ တစ်ခါတစ်လေကြလျှင်လည်း ဒီပစ္စည်းက ဒီလောက် ဈေးတက်သွားပါပြီ ဒါပင်မဲ့ ဒီနေ့တော့ ယခင်ဈေးအတိုင်းဘဲ ရရှိမည် ဖြစ်သောကြောင့် အသုံးလိုလျှင် ဝယ်သွား စေလိုကြောင်း ပြောဆို တက်ပါတယ်။
@johndieo
6.9.2022