ကျနော်ပဲစက်ရုံမှာစာရင်းကိုင်လုပ်တယ်ဆိုတာ ကျွမ်းကျင်လို့ တော့မဟုတ်ဘူးဗျ အမျိုးဆိုတော့လူယုံသဘောမျိုးပေါ့ ၃ လလောက်တော့ စက်ရုံမှာ အေးဆေးပဲဗျ သူဌေးက အလုပ်သင်ဘောမျိုးနဲ့  ယောင်ဝါးရာထူး ပေါ့
၃လ ပြည့်တာနဲ့ ပညာပြပါလေရော
စက်ရုံကLCCI စာရင်းကိုင်မမကိုထုတ်ပြီး ကျနော်ကို စာရင်းကိုင်တဲ့ဗျ
လစာသုံးသိန်း ပေးရတဲ့သူကို ထုတ်
ပြီးကျတော့ကိုကျတော့ရှစ်သောင်းယူတဲ့ ကိုယ်တိုင်ကဘွဲ့ ရမဟုတ်တော့လည်းလုပ်ရတာပေါ့ဗျ ဒါနဲ့ လဲ မပြီးသေးဘူးဗျ အားရင် ပဲတွေကို အခွံချွတ် အရောင်တင် အချောထည်ရတဲ့ အထိ ပြုလုပ်ပုံအဆင့်ဆင့်ကိုလေ့လာခိုင်းသေးတယ်ဗျ (နောက်ရက်တွေမှာ ဗဟုတုသ ရအောင်လို့  သပ်သပ်တင်ပေးပါဦးမည် )$တင်စရာမရှိမှာစိုးလို့ ဟီး$ ပြီးတာနဲ့  စက်ရုံက ဂိုထောင်မှူး ကိုပါထုတ်ပြစ်ပြီး ကျနော်ကို စက်ရုံကိုပါ ထိန်းခိုင်းတယ်ဗျ အဲတာနဲ့ ပဲတစ်နှစ်လောက် ကြာတော့ ဖူးခက်ကသူငယ်ချင်းနဲ့  g talk မှာတွေ့ပြီးမင်း ရန်ကုန်မှာ တစ်လတစ်သိန်းလောက်နဲ့  ဘာလုပ်မှာလဲ ထိုင်းလာခဲ့ လို့ ပြောတယ်ဗျ မင်း ကော့သောင်းကိုသာ ရောက်အောင်လာခဲ့  ကျန်တဲ့ စရိတ် အကုန် ငါတာ ဝန်ယူမယ်တဲ့  အမျိုးထက်သူငယ်ချင်းကောင်းချက် အဲတာနဲ့  ကော့သောင်းကို လေယာဉ်လက်မှတ် တန်းဝယ်ပြီး ကော့သောင်းကို ထွက်ခဲ့ တော့တာပဲဗျ မနက်ဖြန်မှ ထိုင်းကို ဝင်ရောက်ပုံလေး တင်ပေးမယ် ဗျ .....ဆက်ရန်