ဒီနေ့ တော့ အီမ်ကမဟေသီက ဆိုင်အတွက် အထည်တွေ သွားဝယ်တော့ ကျနော့်သားသားအတွက် ကိုယ်တိုင် စားဖိုမှူးလုပ်ရတာပေါ့ဗျ
ဒါနဲ့ ပဲ ဗိုလ်ကြီး(သားရဲ့ nick name )နိုးလာတာနဲ့ စားဖို့  ဝက်နံရိုးကို ကြက်သွန်ဖြူ ရယ်ဂျင်းရယ်ကို ရိုက်ထဲ့ပြီး ဆန်အနည်းငယ်ထဲ့ပြီး နံရိုးဆန်ပြူတ်လုပ်ပေး လိုက်တယ်ဗျ
နေ့လယ်စာအတွက်ကိုတော့ ပဲတီစိမ်း(ပဲဝါလေး)လက် တစ်ဆုပ်လောက်နဲ့ carrots ကို အိန္ဒိကcooker ထဲထည့်ပြီး နာရီဝက်လောက် တရှီးရှီးနဲ့ အရည်ကျဲလေး လုပ်ပေးရင်း ကိုယ့်အတွက်ပါ ငါးလေးကြော်ပြီး ဗိုလ်ကြီးအတွက်ပါ အရိုးနွှင်ပြီးထားပေးရတယ် ဗျ