Our life =ဘဝ
ဘဝဆိုတာ ကျနော်တို့ တောင့်တသလို ဖြစ်မလာပဲ အမြဲ ဆန့်ကျင်ဘက်ဆီကိုသာ ဦးတည်ပြီး တရှိန်ထိုး သွားနေတက်တယ်။
ကျနော်တို့ လိုချင်တဲ့အတိုင်း အမြဲအဆက်မပြတ် သူ့ကို ဆွဲဆွဲပြီးလမ်းကြောင်းပေါ်ရောက်အောင် မနည်းလမ်းကျောင်းနေရတာကသာ ကျနော်တို့ဘဝဖြစ်တယ်။
ဒီမှာ အဆက်မပြတ် သူ့နောက်လိုက်နေတော့ အေးချမ်းမှုတွေ ပျောက်ဆုံးကုန်တယ်။
အေးအေးဆေးဆေးနဲ့ ဘဝအရသာခံစားနေပြန်တော့ ဘဝဆိုတာကပဲ ကျနော်တို့ကို နောက်ချချန်ခဲ့ပြန်တယ်။
တကယ်တော့ ဘဝဆိုတာ ဘာမှန်းမသိပဲ ဘာမှန်းမသိတဲ့အရာတွေနောက်လိုက်ရင်းက ဘယ်မှန်းမသိ မသွားမရ သွားနေရတဲ့ ခရီးတစ်ခုလေလား...
အဲ့လိုတွေးတော့ ကိုယ့်ကိုကိုယ် အဆိုးမြင်ဝါဒီတစ်ယောက်လေလားလို့ ခံစားမိတယ်။
သို့သော်လည်း စဉ်းစားကြည့်ရင် လူတွေ ဘယ်နေရာ ဇာတ်ဆုံးလဲ ကြည့်...
သွားနေရတာက မပြီးဘူး...အဲ့နေရာက ပန်းတိုင်လား ဆိုတော့လည်း မဟုတ်နေပြန်ဘူး...
သေမှ ဇာတ်ဆုံးလား ဆိုပြန်တော့...သေရင် ဘယ်သွားရမှန်းမသိဆိုရင်က ပိုဆိုးဦးမယ်ထင်တယ်....တချို့လည်း ဇာတ်မဆုံးလို့ သစ္ဆေ၊သရဲဖြစ်နေရတာလည်း ကြည့်...
အင်း... ဘဝဆိုတာက တကယ်တော့ ခရီးဆက်ခြင်းသာ ဖြစ်ကောင်းဖြစ်မယ် ထင်တယ်။
နောက်ဆုံးတော့လည်း ခရီးတွေမဆုံးသရွေ့တော့ တွေ့သမျှ မြင်သမျှ ကြုံသမျှ ပြုံးရင်း၊ရယ်ရင်း၊မဲ့ရင်း၊ရှုံ့ရင်း၊ဝမ်းသာလိုက်၊ဝမ်းနည်းလိုက်၊ဆိုးလိုက်၊ကောင်းလိုက်၊လှဲကျလိုက်၊ပြန်ထလိုက်နဲ့ ဒီလိုပဲ ဘဝခရီးဆက်နေရဦးမှာ ပါပဲလေ။