Author of this content has low reputation.

If you wanna go Phuket

jacyphyo(-2)
Published in
#busy
Words
165
Reading
1 min
Listen
Play
8y

ဖူးခက်ကို သွားမယ်ဆိုရင် လေဆိပ်ကနေပြီးတော့ ဟိုတယ်သွားဖို့ကို လေဆိပ်မှာ Taxi ဆို ဘတ် ၇၀၀ ၀န်းကျင်ပဲ ကျတယ် ( ၃ ယောက်လောက်သွားတာဆို Taxi စီးရင် တန်တယ်) . Share Van တွေလည်း ရှိတယ် သူက ၁၀ ယောက်လောက် စုပြီး စီးတာ . တစ်ယောက် ကို ဘတ် ၁၈၀ ပေးရတယ် . မှာချင်တာကလေ အဲ့ကားတွေက လမ်းမှာ သူတို့ရဲ့ ပါတနာ Tour company တွေမှာ ရပ်ပြီး Package တွေ ၀ယ်ခိုင်းလိမ့်မယ် မ၀ယ်ပါနဲ့ ဈေးကြီးတယ်3C589BCE-7742-41DE-B196-17C5933A812B.jpeg ,Sim Card 8Days Tourist card ရှိတယ် ၂၉၉ ဘတ် ပဲ ပေးရတာ ဖုန်းပြောဖို့ ဘတ် ၁၀၀ ဖိုးပါပြီးသား အင်တာနက်က အကြိုက်သုံး Social Free ဖူးခက်မှာ Taxi စီးရမှာလည်း ဈေးမမှန်းတတ်ဖူး . သူတို့အခေါ် တုတ်တုတ်ကားလေးတွေ စီးရမှာလည်း ဟိုနားဒီနားလဲ တစ်ယောက် ဘတ် ၂၀၀ ဆိုတော့ ဈေးကြီးတယ် ဆိုရင် ဆိုင်ကယ်ငှားစီးပါလို့ ကိုယ့် passport တော့ ဆိုင်မှာအပေါင်ထားခဲ့ရတယ် ၂၄ နာရီလုံးမှ ဘတ် ၂၅၀ ပဲ ပေးရတယ် . လမ်းမသိလည်း မေးပြီးသွား အင်္ဂလိပ်လိုပြောလို့ တော်တော်များများ အဆင်ပြေပါတယ် .⚠️ ဒါပေမဲ့ သတိထားဖို့ တစ်ခုက ဖြူနီမျဉ်းကြားလေးတွေ တားထားတဲ့ ပလပ်ဖောင်းနေရာတွေမှာ ဆိုင်ကယ် ရပ်လို့ မရဘူးနော် ဒါဏ်ရိုက်လိမ့်မယ် ပြီးတော့ ကားအနောက်က သိပ်အကပ်ကြီး မလိုက်ပါနဲ့တဲ့ လူလိမ်တွေနဲ့တွေ့ရင် ရုပ်တရပ် ကား ဘရိတ်စောင့်အုပ်လိုက်ရင် ကိုယ်က နောက်က လိုက်လာတာ ဆိုတော့ တိုက်မိမယ် သူတို့က အဖွဲ့လိုက် ငွေညစ်တာမျိုးပေါ့ . သတိထားဖို့ပါ ပြီးတော့ အရမ်းမမောင်းနဲ့နော် D93D4644-C259-4385-A96B-3B3325ECB717.jpeg

👙🕶️👟👒ကမ်းခြေသွားတဲ့နေဆိုရင်လေ နေကာမျက်မှန်ရယ် ဦးထုတ်ရယ် ပြီးတော့ ကမ်းခြေစီးတဲ့ ဖိပ်လေးတွေ သယ်သွားပါလို့ Sun Block Cream လဲ လိမ်းဖို့ မမေ့နဲ့ဦး . ပြီးတော့ တီရှပ် ခပ်ပွပွ တစ်ထည် ယူသွား တစ်ကျွန်းပြီး တစ်ကျွန်း ကူးတာဆိုတော့ စိုလိုက် ခြောက်လိုက်ပဲ အောက်က ရေကူးဝတ်စုံဝတ်ပြီး အပေါ်က တီရှပ်ထပ်ဝတ် အပူလည်း သက်သာတယ် 5DFC0C9F-C3BD-4D0B-875C-4E04E822BFBC.jpeg

⚠️⚠️ နောက်ဆုံး အရေးအကြီးဆုံးမှာချင်တာကတော့ ဘာစားစား ဈေးမေးပြီးမှ စားပါလို့

If you wanna go Phuket | Ecency