သူဌေးမကိုနာရီယူနေကြ company ကိုစကားပြောခိုင်းကြည့်တော့ ကျနော်
တို့ဆိုင်ကိုပစ္စည်းလျော့ပေးဖို့ ပြောသူရှိကြောင်းသူဌေးဆုံးပါးသွားလို့ ဆိုင်မှာဦးစီးမည့်သူမရှိတော့ကြောင်း
မကြာမှီဆိုင်ပိတ်ရတော့မည် ဖြစ်ကြောင်းပြောသောကြောင့် ပစ္စည်းအပြည့်အဝမပေးရဲကြောင်းအကြောင်းပြန်လာတယ်ဗျ အဲဒါနဲ့ပဲ သူဌေးမကို ချိုင်းနားတောင်းခေါ်သွားပြီး နာရီယူရန် နေရာပေါကြောင်း စိတ်ဓါတ်မကျဖို့ အားပေးရတာပေါ့ဗျ
နာရီကိုတခြားကလဲဝယ်တတ်တာသိသွားတော့နည်းလမ်းပြောင်းတိုက်လာတယ်ဗျ အလုပ်သမားဘက်လှည့်တော့တာပဲဗျကျနော့ကိုစတိုက်တာပဲဗျ ကျနောကဈေးထဲမှာပဲ အမျိုးသမီးအဝတ်ထည်တွေရေင်းတဲ့ဆိုင်လေးဖွင့်ထားသေးတယ်ဗျ ကျနော့အမျိုးသမီးကိုယ်တိုင်ဆိုင်ထိုင်တယ်လေ အဲတာကိုကျနောကအလုပ်ကို သေချာလုပ်မည့်သူမဟုတ်ကြောင်း ကိုယ်ပိုင်ဆိုင်ရှိသောကြောင့်ဈေးရောင်းရာတွင်
ကြိုးစားရောင်းမည့်သူမဟုတ်ကြောင်း ကျနော့်ကိုအလုပ်ထုတ်ပါက သူ့ ဆိုင်မှအလုပ်သမားတစ်ယောက်ပို့ပေးမည်ဆိုပြီးသူဌေးမကိုလာပြောပြန်တယ်ဗျ သူဌေးမကလဲ ဒီနေရာမှာတော့သိသွားပြီဗျ သဘောရိုးနဲ့ လာပြောတာမဟုတ်ဘူးဆိုတာ ဆက်ရန်..........
ဘန်ကောက်ရောက်ရင် Asiatique Night Market , Ware house 4 က ဒီဆိုင်လေးမှာ ဝယ်ယူအားပေးနိင်ကြောင်းပါ ကြေငြာအပ်ပါသည်