Money

Words
68
Reading
1 min
Listen
Play
8y

ငွေကိုလူတိုင်းနှစ်သက်ကြသည် …
နှစ်သက်၍လည်း ကြိုးစားရှာဖွေကြသည် ……
ငွေသည် ဒုတိယဘုရားသခင်ဟုပင် တင်စားကြသည် ……

ငွေဖြင့်ပေးရသောအခြေအနေခပ်များများကြောင့် ငွေရှိမှသာ အဆင်ပြေသည်ဟု မှတ်ယူလာကြပေမယ့်လည်း အရာရာကို ငွေနဲ့တော့ ဝယ်၍မရနိုင်ပါ ။

2512279_S.jpg

crd org source

ငွေရှာရာတွင် လူအမျိုးမျိုးက နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေကြပါတယ် ။ ကောင်းရောင်းကောင်းဝယ်အလုပ်ဖြင့်ရှာဖွေကြသလို မကောင်းသောအလုပ်ဖြင့်ရှာဖွေကြသူများလည်း ရှိပါတယ် ။

မည်သည့်ဘာသာအယူကိုဘဲကိုးကွယ်သည်ဖြစ်စေ မကောင်းမှုကိုပြုလျှင် မကောင်းသောအကျိုးကို ခံရမည်မှာမလွဲမသွေပါဘဲ ။

1362244_S.jpg

crd org source

ငွေကိုလိုချင်သော်ငြားလည်း ကောင်းမွန်ရိုးသားစွာ ရှာဖွေကြရန်လည်း လိုပါတယ် ။ ရှာဖွေလို့ ရသမျှသည် ကိုယ့်အကျိုးအတွက်တင်မဟုတ် သူတပါးအကျိုးကိုပါ ကူညီနိုင်ရန်ရည်ရွယ်လျှက် အလှူအတန်းနှင့် ပေးကမ်းခြင်းကိုလည်း ပြုလုပ်နိုင်က ယခုဘဝအတွက်လည်းကောင်းမည်ဖြစ်ပြီး နောင်သံသရာအတွက်လည်း ကောင်းမှာဖြစ်ပါတယ် ။

ငွေကို ရိုးသားစွာ လုပ်ကိုင်ရင်း ရှာဖွေစုဆောင်းနိုင်ကြပါစေ ။ လှူနိုင်တန်းနိုင် ပေးကမ်းနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါတယ် ။

32259_S.png

crd org source

@အယ်မီး

Money | Ecency