တခါတခါ သူ့ အညှိုးတွေကို ကြောက်စရာကောင်းအောင် ထုတ်ပြတတ်သည့် အခါ
သူမှဟုတ်ရဲ့လားလို့  တအံ့တဘြဖြစ်ရတယ် ……
တခါတခါမှာတော့ ကျမစတွေ့တုန်းအခါကလို သူ့ အမူအယာတို့ က အေးဆေးတည်ငြိမ်လွန်း၍ ကျမကိုအရမ်းချစ်ပြသည့်အခါလည်း ရှိပြန်တယ် ……
တခါတခါ သူ့ ဒေါသတွေကို ဘာမှမစဉ်းစားတော့ဘဲ သူထုတ်ဖော်ပြတတ်သည့်အခါတိုင်း သူမဟုတ်တဲ့ ဘီလူးတကောင်လားလို့ ထင်မိတယ် ……
တခါတခါမှာတော့ သူ့ အနာဂတ်အတွက် သူလုပ်သမျှအလုပ်နှင့် သူ့အကြံဥာဏ်တို့ ကို ကျမကို ပြောပြသည့်အခါလည်း ကြုံခဲ့ရတယ် ……
အဖေလိုတမျိုး
အကိုလိုတမျိုး
ဦးလေးလိုတမျိုး
မောင်လေးလိုလည်းတမျိုး
ချစ်သူလိုလဲတမျိုး
အမျိုးမျိုးဖြင့် သူ့ ကိုချစ်ခဲ့ရတယ် ……
လေးစားခြင်း
အားကိုးခြင်း
တိုင်ပင်ဆွေးနွေးခြင်း
ကိုယ်သိတဲ့နည်းလမ်းတွေကို မေးမြန်းခြင်း
အကြံဥာဏ်တောင်းခြင်းတို့ ဖြင့်
အမျိုးမျိုး သူ့ ကိုသံယောဇဉ်ဖြစ်ခဲ့ရတယ် ……
သူမှန်၍ ကိုယ်မှားခဲ့သည်လည်း ရှိသည်
သူမှား၍ ကိုယ်မှန်ခဲ့သည်လည်း ရှိခဲ့ပါတယ်
ကိုယ့်အမှားတွေကြောင့် သူဒေါတွေထွက်သည်
သူ့ ဒေါသတွေမြင်ရ၍ ကိုယ်ကြောက်ခဲ့သည် ……
ဤသို့ ဖြင့် ……
ကြောက်ခြင်းနှင့် ချစ်ခြင်း တို့ကြား လွန်ဆွဲခြင်းဖြင့်
ရံဖန်ရံခါ၌ ကိုယ်လည်း စိတ်တို့သည်လည်းဒွိဟဖြစ်နေတော့သည် ……
@အယ်းမီး ( author )