Value

Words
67
Reading
1 min
Listen
Play
9y

#တန်ဖိုး

စကားလေးက နှစ်လုံးထဲပါဘဲ...
သို့သော်.. ဒီစကားနှစ်လုံးကို ကိုယ့်ဘ၀အတွက်ပိုင်ဆိုင်ချင်တယ်ဆိုပြီး
ငွေဘယ်လောက်ပုံပေးပေး မရနိုင်ပါဘူး...
ကိုယ့်ရဲ့ စိတ်နေသဘောထား ၊အပြုအမူနဲ့ ပြောဆို လုပ်ကိုင်မှုတွေအပေါ် မူတည်ပြီး ကိုယ့်ဘ၀ထဲကို တန်ဖိုးဆိုတဲ့စကားက အလိုလို ရောက်လာ တတ်တာမျိုးပါ..
တန်ဖိုးဆိုတာ ငွေနဲ့ဝယ်လို့မရတဲ့ ကိုယ့်ဘ၀ရဲ့ ရှားပါးတဲ့ ပုံရိပ်တစ်မျိုးပါဘဲ...
ကိုယ့်ဘ၀မှာ တန်ဖိုးဆိုတာကို ပိုင်ဆိုင်ဖို့ဆိုရင် စိတ်ဓာတ်၊လုပ်ရပ်၊အပြုအမူ
အပြောအဆို အနေအထိုင်အားလုံးကို အကောင်းဆုံးပုံရိပ်တွေထွက်အောင် စဉ်ဆက်မပြတ် ကြိုးစားနေဖို့လိုပါတယ်...
image

💝"စိန်​"တစ်​ပွင့်​ဟာ
တန်​ဖိုးဘယ်​​လောက်​ရှိပါတယ်​​ပြော​ပြော
အသိဥာဏ်​နိမ့်​ပါးတဲ့ငှက်​က​လေးတစ်​​ကောင်
အတွတ်​​တော့ စပါး​စေ့​လေးတစ်​​စေ့​လောက်​​တောင်
မက်​​မောစရာမ​ကောင်းပါဘူး။***

💝မိန်းက​လေးတိုင်းဟာလည်း
သူ့အရည်​အ​သွေး သူ့တန်​ဖိုးနဲ့သူရှိ​နေတဲ့
ရတနာ​တွေလိုပါပဲ။***

💝လူတစ်​ချို့က
ရတနာကိုရတနာလို့မထင်​ပဲ
ကျောက်​စရစ်​ခဲလို့ထင်​တတ်​ကြတယ်​။***

💝​ကျောက်​စရစ်​ခဲလို့ထင်​ပြီးစွန့်​ပြစ်​လိုက်​တဲ့​နောက်
တန်​ဖိုးသိတဲ့သူလက်​ထဲ​ရောက်​လို့
ပြုပြင်​လိုက်​တဲ့အခါအ​ရောင်​အဆင်းလင်းလက်​လို့
အရည်​အ​သွေး မြင့်​မားလာတယ်​ဆိုရင်
ယူကြုံးမရအပူလုံးကြွတတ်​ကြပါတယ်​။***

💝မိန်းက​လေးတစ်​​ယောက်​ရဲ့တန်​ဖိုးကိုလည်း
တန်​ဖိုးအ​ကြောင်းသိနားလည်​တဲ့သူနဲ့​တွေ့မှသာ
ဖြစ်​တည်​လာရတာပါ။***

💝အမျိုးသားတစ်​ချို့ဟာ
ကိုယ့်​ဆီ​ရောက်​လာတဲ့အရာကို
ကိုယ်​နဲ့ကံစပ်​လို့ ကိုယ်​နဲ့ထိုက်​တန်​လို့ဆိုတာကို
နားမလည်​ပဲတန်​ဖိုးမထားဂရုမစိုက်​ပဲ​နေတတ်​ကြတယ်​***

💝အချိန်​​နှောင်းလို့
တစ်​ပါးသူလက်​ထဲ​ရောက်​သွားမှ
ယူကြုံးမရ​နောင်​တရတဲ့အဖြစ်​မျိုးမကြုံဆုံ​စေဖို့
သတိထားကြ​စေလိုပါတယ်​။

Edit by htinlinn

Value | Ecency