Special

Words
77
Reading
1 min
Listen
Play
9y

သင်ဟာ လူငယ်တစ်ယောက်ဆိုရင် …

ဘုရားသွားပါ
Bar လည်းသွားပါ
ပုတီးစိပ်ချင် စိပ်ပါ
အရက်သောက်ချင်သောက်ပါ
ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို တစ်လှည့်စီ ခံစားတတ်ပါစေ

ရည်းစားထားချင်ထားပါ မထားချင်လည်းမထားပါနဲ့
ဒါပေမယ့် ဘယ်သူ့ကိုမှ မျှော်လင့်ချက်ပေးပြီး
မနှိပ်စက်မိပါစေနဲ့
ကိုယ့်ကိုကိုယ်လည်း ခံစားချက်တွေထဲမှာ ပိတ်လှောင်မထားပါနဲ့

လူငယ်ဆန်ဆန် ဝတ်ချင်တာဝတ်ပါ သရုပ်တော့ မပျက်ပါစေနဲ့

ပွင့်လင်းပါ … မပျက်စီးပါနဲ့ social ကျတယ်ဆိုတဲ့စကားကို သွင်သွင်သုံးပြီး လူတကာနဲ့ ပရောပရီမနေချင်ပါနဲ့ … ပွင့်လင်းတာနဲ့ social ကျတာ သိသိသာသာကွာခြား လွန်းလို့ပါ

ငွေကို စိတ်ကြိုက်သုံးပါ သုံးသလောက်လည်း ပြန်ရှာတတ်ပါစေ

ခရီးတွေထွက်ပါ သဘာဝအလှတရားတွေ ခံစားကြည့်ပါလေ

ပရဟိတနဲ့ လူမှုရေးအသင်းအဖွဲ့တွေမှာ ပါဝင်ကူညီပါ … ကိုယ်မသိတဲ့ ဘဝတွေကို အမှန်တစ်ကယ်ထိတွေ့ခွင့်ရတဲ့ အခါ သင့်ရဲ့ကြင်နာစိတ်ဟာ ပိုမိုယိုဖိတ် လာမှာမို့ပါ

(တစ်ချို့အရာတွေက အသက်ကြီးမှ လုပ်လို့မသင့်တော်တာတွေရှိတယ် အသက် ၆၀ ကျော်မှ မတော်တရော်ဝတ်ပြီး ခလေးတွေနဲ့ club မှာကချင်လို့မရဘူး …
ဒါကြောင့် အသက်အရွယ်ကြီးရင့်လာချိန်မှာ သင့်ကိုနောင်တရစေမှာ သင်လုပ်ခဲ့တဲ့အရာတွေမဟုတ်ဘူး သင်မလုပ်ခဲ့ရတဲ့ အရာတွေပဲတဲ့)

#MieNge #Mtrollers

Special | Ecency