Life

Words
66
Reading
1 min
Listen
Play
9y

သင် အမြင့်ဆုံးကို ရောက်သွားရင်

❇️တက်နင်းခဲ့တဲ့ လှေကားထစ်လေးတွေကို မမေ့လိုက်ပါနဲ့။

❇️တွဲခို အားပြုခဲ့တဲ့ လက်ရမ်းလေးတွေကိုလည်း မမေ့လိုက်ပါနဲ့။

❇️အောက်ဆုံးကနေ အမြင့်ဆုံးကို အားငယ်စိုးရိမ်စွာ မော့ကြည့်ခဲ့ရတာတွေကိုလည်း မမေ့လိုက်ပါနဲ့။

❇️ဒီလို အမြင့်ဆုံးကို ရောက်ဖို့ ဘယ်လောက်မောပန်းခဲ့ရသလဲ ဆိုတာ မမေ့လိုက်ပါနဲ့။

❇️ဒီလို အမြင့်ဆုံးကိုရောက်ဖို့ သင်လည်း အနိမ့်ဆုံးကနေ စခဲ့ရတယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့။

❇️ကိုယ့်ကြောင့် နောက်ထပ် တက်လာမဲ့သူတွေကို လမ်းပိတ်သလို ဖြစ်မနေစေဖို့ကိုလည်း မမေ့လိုက်ပါနဲ့။

❇️သင့်လိုပဲ အမြင့်ဆုံးကို ရောက်ဖို့ ကြိုးစားနေတဲ့ သူတွေကို အားပေးလိုက်ဖို့လည်း မမေ့လိုက်ပါနဲ့။

❇️ဒီထက်မြင့်နိုင်တဲ့နေရာရှိသေးလားဆိုတာ ဆန်းစစ်ဖို့လည်း မမေ့လိုက်ပါနဲ့။

❇️အရေးကြီးဆုံးက အမြင့်ဆုံးကနေ ပြန်ကျရင် အနာဆုံးဖြစ်မယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့လေ။

အမြင့်ဆုံးတစ်နေရာက ကျွန်တော်
( ကျောင်းအဆောက်အဦးရဲ့ အမြင့်ဆုံး
နေရာကို ပြောတာနော်)
image
Dr Hlaing Chit Zaw.
Share from Dr Shwe Tun Post