ဇာတ်ပွဲကြည့်ုကြရအောင်
ဇာတ်ပွဲဆိုတာ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ အခကျေးငွေပေးကာ ငှားရမ်းပြီး အပန်းဖြေ ဇိမ်ခံပျော်ရွင်ကြတဲ့ပွဲပါ။ဇာတ်ပွဲများကို ဘုရားပွဲ ဆွမ်းလောင်းလှူပွဲ၊ ရှင်ပြုပွဲ၊ ကထိန်ပွဲ၊ ကျောင်းလွှတ်ပူဇော်လှုဒန်းပွဲ၊ ရဟန်းသံဃာတို့စာအောင်ဂုဏ်ပြုပွဲ ရဟန်းသံဃာဆရာသမားမွေးနေ့ နဲ့ ပျံလွန်တော်မူ ပူဇော်ပွဲ စသည့် ပွဲများတွင် တဦးတယောက် (သို့မဟုတ်)ဘုံအများစု၍ ငှားရမ်း ပျော်ရွှင်ကြလေ့ရှိပါတယ်။ငှားရမ်းတဲ့ အခကျေးငွေဟာလည်း တောင်သူလယ်သမားကြီးတဦးရဲ့ တနှစ် ဝင်ငွေ ပမာဏခန့် ပေးရပါတယ်။ဒီလိုပွဲ မျိုးတွေမှာ ငှားရမ်းသူများ နဲ့ အေးအေးဆေးဆေး အပန်းဖြေ ဇိမ်ခံပျော်ရွင်တက်တဲ့ ပွဲကြည့် ပရိသတ် တို့ ၏ စေတနာတို့ကို နားလည်သဘောပေါက်သောအားဖြင့် မိမိတို့အနေ နဲ့လည်း အပျော်လွန်ပြီး ဘေးရန်မဖြစ်သင့်ပါဘူး။
ကဲကျနော်တို့ သူငယ်ချင်းတွေ ဇာတ်ပွဲခင်းကို သွားရောက် ကြည့်ကြရအောင်နော။ ပွဲခင်းရောက် လို့ ပွဲမစခင် ပွဲကြည့် ပရိသတ်တွေအမျိုးမျိုး ကိုတွေ့ရပါတယ်။မိန်းကလေးအဖွဲ့လိုက်၊ကျနော်တို့လို
ယောက်ကျားလေးအဖွဲ့လိုက်၊ မိသားစု သုံးလေးစု အဖွဲ့လိုက်၊ အဖိုးအဖွားတွေမြေးတစုနဲ့အဖွဲ့လိုက်၊ အပျိုလူပျို စုံတွဲ နှစ်တွဲသုံးတွဲအဖွဲ့လိုက်၊ကိုယ်ရင် ကျောင်းသား အဖွဲ့စသည့် အရွယ်ပေါင်းစုံ လူတန်းစားပေါင်းစုံ တို့ဟာ အရောင်မျိုးစုံလို့ စည်ကား
လှပါတယ်။ဈေးသည်ဈေးတန်းမှာလည်း ဈေးဝယ်များဖြင့်လည်း စည်ကားလှပါတယ်။ဇာတ်ပွဲရဲ့
မင်္ဂလာဆိုင်းတော်ဟာလည်း ပွဲခေါ်သံ၊ ကနောင်းရိုက်သံ ၊ပန်းမချီသံတို့ဖြင့် စိတ်ကိုပျော်ရွင်အောင် တီးလိုက်၊အနောက်တိုင်း တေးဂီတကလည်း မြန်မာ့ဆိုင်းဝိုင်းကို အနိုင်မခံ အရှုံးမပေး တလှည့်ဆီ
မြိုင်မြိုင်ဆိုင်ဆိုင်တီးလိုက် နဲ့ ပွဲလာသူ ပရိသတ်အပေါင်းကို ရွှင်မြူးလန်းဆန်းစေပါတယ်။
ပွဲခင်းရဲ့ ပရိသတ်တို့အသ၊ံ ဂီတ တေးသံ တို့ကိုခံစားနေရင်း မှာပဲ ပွဲ စတင်ကပြပါပြီ။ ပထမဆုံး
ဘုရားကတော့ခန်းဖြင့် ပူဇော်ကတော့ကြပါတယ်။
ဒုတိယ နတ်ပင့်နတ်ဒိုးသံ သီချင်းတို့ဖြင့် နတ်က ကကြပါတယ်။တတိယအခန်းအဖြစ် မြန်မာသံစဉ်တေးသီချင်းများဖြင့် ဖျော်ဖြေရာမှာလည်း
ငြိမ့်ညောင်းသာယာလှပါတယ်။စတုတ္ထခန်းမှာတော့
လူကြီးကြိုက် အော်ပရာပညာပေး အခန်းအနေ နဲ့ ကပြဖျော်ဖြေရာမှာလည်း လူငယ်တို့ ပညာယူသင့်ပါတယ်။ ပဉ္စမအခန်းမှာတော့ လူငယ်တွေကို ဦးစားပေးတဲ့ စတိတ်ရှိုး။ ဒီ စတိတ်ရှိုးအခန်းရဲ့ထူးခြားမှုကတော့ ပွဲခင်းတခုလုံးကို လှုပ်ခါရမ်းလိုက်သလို ဇာတ်စင်ဒေါင့် တဖက်တချက်မှာလည်း လူငယ်တွေပါကကြခုံကြ နဲ့
အလွန် ပျော်စရာ ကောင်းပါတယ်။ဇတ်ရဲ့ ဖျော်ဖြေမှုက
လူငယ်တွေကို အရေးပေးတဲ့ သဘောဗျ။ဘာကြောင့်လဲဆိုတော့ စတိတ်ရှိုးဖျော်ဖြေချိန်ဟာ ည ၁၁.၀၀ လောက်ကစတာ
သန်းခေါင်ကျော် ၂.၀၀ ကျော်လောက်မှပြီးတယ်ဗျာ။ကျနော့်မှာတော့
နားတွေကို ပူထူနေရာကနေကို တခါတည်းအေးသွားပါလားလို့ ခံစားရတယ်။
အခုဆေက်လက် ကြည့်ရှုအားပေးရမှာကတော့ အသက်တရာမနေရ အမှုတရာကြုံရဆိုသလို လောကမှာ တွေ့၊ ကြုံ ၊ဆုံ ၊ကွဲ၊ပျော်ရွှင်၊ငိုရ၊ ရီရ အလွမ်း၊အဆွေး စသည့်ရသ အစုံကို ခံစားရတဲ့
ပြဇာတ် အခန်းကဏ္ဍဖြစ်ပါတယ်။
ပြဇာတ် ရဲ့ သဘောကတော့ ပြင်ပလောကနဲ့
သိပ်မခြားနားပါလား လို့ ကျနော် ခံစားမိတယ်ဗျ။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လောကလူသားတွေဟာလည်း ပြဇာတ်ထဲကလို
သူဌေး ဆင်းရဲသား၊ဆရာဝန်၊ကျောက်းဆရာ၊ စစ်တပ်၊ရဲ၊ ရှေ့နေ၊တရားသူကြီး၊ဈေးသည်၊ အရက်သမား၊ဖဲသမား၊ တောင်သူလယ်သမား၊အလုပ်သမားများ နဲ့ အရပ်သားစသည့် လူတန်းစား ပေါင်းစုံ၊အဆင့်အတန်းအလွှာပေါင်းစုံ ပါဝင် သရုပ်ဆောင် ကြရပါတယ်။ဒီအထဲမှ လူရိုး၊လူအ၊လူတော်၊လူကောင်း၊ လူလိမ္မာ၊သူတော်ကောင်း၊ လူညစ်ပတ်၊လူမိုက်၊ လူယုတ် စသည့် အကျင့်ဇရိုက်မျိုးစုံဟာလည်း အလွှာပေါင်းစုံမှာတွေ့နေရ
လို့ ပါပဲ။ အော်--- ဘဝဇာတ်ခုံဆိုတာ ဒါပါပဲလား ဆိုတဲ့ အတွေးနဲ့ကြည့်ရင်း ပြဇာတ် ပြီးသွားပါတော့တယ်။ပြဇာတ်ပြီးသွားလို့ အစောက
သရုပ်ဆောင် အားလုံး ဇာတ်စင်နောက်မှာ အတူတူ
ဇာတ်သမားဘဝ တွေပါပဲ။ဒါပေမဲ့ ဇာတ်ပွဲကြည့် ပရိသတ်ကတော့ လူဆိုး၊လူမိုက် နဲ့ သူယုတ်မာတွေကိုမုန်းတီးနေမိ ကြတော့တာပေါ့။
ကဲ သူငယ်ချင်း တို့ အိမ်ပြန်အိပ်ကြအုံးစို့။ နောက်ရက်မှ မနက်ပိုင်း ထပြီး နှစ်ပါးသွားမြိုင်ထ နှင့် နောက်ပိုင်း လာကြည့်ရအောင်ကွာ။
ကျေးဇူးတင်ပါတယ်ဗျာ။
ဇာတ်ပွဲ ကြည့်ရအောင် ဆိုတဲ့ ဒီစာလေးကို ဖတ်ပြီး
ကျနော်တို့ ခင်ဗျားတို့ ကနေကြတဲ့ လောကဇာတ်ခုံ ပေါ်မှာ ကျရာတာဝန်ကို အပီအပြင်သရုပ်ဆောင်ရင်း
ပြဇာတ်ပြီးသွားရင်(သေပြီဆိုရင်)တော့ ပရိသတ်တွေ
မမုန်းကြရအောင် ကြိုးစားကြပါ စို့
သူငယ်ချင်းတို့။
ိ