စိတ်ရှည်ခြင်း
စကားလုံးကတော့ ခပ်တိုတိုလေးပဲ ဒါပေမယ့်တော်တော်ကို မလွယ်ပါဘူး။ ကျွန်တော် အသက်မွေးဝမ်းကြောင်း ပြောင်းကာစကဆို လစာကလည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု နည်းလာခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာ သူငယ်ချင်း တစ်ယောက်က စိတ်ရှည်ရမယ်ဆိုတာကို သေသေ ချာချာ ရှင်းပြခဲ့လို့ ကျွန်တော် သဘောပေါက်ခဲ့တာ ပါ။ လူငယ်တွေထဲမှာလည်း ဒီလိုပဲ စိတ်မရှည်တဲ့ သူတွေ တစ်ခါတစ်လေ တွေ့ရတတ်တယ်။ အခု ရေတွင်းတူး အခုရေကြည်သောက်ချင်ကြတယ်။
ကိုယ်ကိုယ်တိုင်လည်း အဲ့လိုဖြစ်ခဲ့ဖူးတယ်။ ဒါပေ မယ့် အဲ့ဒါမဖြစ်နိုင်မှန်း နောက်တော့ သိလာတယ်။ ဖြစ်မယ်ဆိုရင်တောင် ဖြစ်နိုင်ခြေအရမ်း၊ အရမ်း
နည်းလွန်းတယ်။ အင်မတန်ကံကောင်းလွန်းသူ တွေမှာပဲ ဖြစ်လိမ့်မယ်။
ဒီတော့ စိတ်ရှည်ခြင်းဟာ အရေးပါလာတာကို သတိထားမိလာတယ်။ ကြီးမားတဲ့အရာတိုင်း ဟာ ဖြစ်ပျက်ဖို့ အချိန်ယူရတတ်တယ်။ အဲ့ဒီလို
ခက်ခက်ခဲခဲရယူမှလည်း အဲ့ဒီအောင်မြင်မှုဟာ ပိုပြီး အဖိုးတန်လေ့ရှိတယ်။ မြန်မြန်ဆန်ဆန် ပေါပေါလောလော ရယူလို့ရကြေးသာဆိုရင် အကုန်လုံး အောင်မြင်ချမ်းသာနေသူချည်း ဖြစ်နေပါလိမ့်မယ်။ ခက်လို့လည်း လူတိုင်းမရ တာပါ။ စိတ်ရှည်အောင် ကြိုးစားရတာ ခက်ပါ တယ်။ ဒါပေမယ့် အောင်မြင်ချင်ရင်တော့ အဲ့ဒီ
အကျင့်လေးမွေးယူရပါလိမ့်မယ်။ စိတ်ရှည်သင့် တဲ့နေရာတွေမှာ စိတ်ရှည်ခိုင်းတာဖြစ်ပြီး ပျင်းရိ ခင်းနဲ့ မရောထွေးစေချင်ပါ။
အပေါ်က စာကိုဖတ်ပြီးရင်း မေးခွန်းတစ်ခုပေါ် လာနိုင်တယ်။ ကြိုးစားတာ ကြာပေမယ့် လစာ ကလည်း တိုးမလာဘူး။ အဲ့ဒါကြောင့် စိတ်မရှည် ချင်တော့ဘူး။ ဒါမျိုးက အရင်ကလည်း မေးဖူး ကြတယ်။ ကျွန်တ်ာကတော့ အဲ့လိုဖြစ်လာရင် သူဘာမှားနေလဲထက် ငါဘာလိုနေလဲကို ပြန် ကြည့်တာများတယ်။ “အရည်အချင်းရှိရက်သား
နဲ့ လစာမတိုးတာ” အဲ့စကားကြီးက တကယ် တော့ သိပ်မဟုတ်ဘူး။ အရည်အချင်းဆိုတာ ဘာကိုပြောတာလဲ။ မိမိအလုပ်ကို ကောင်းမွန် စွာ လုပ်ကိုင်နိုင်ခြင်းလား။ အဲ့လိုထင်နေရင် တော့ မှားနေပါပြီ။ လူတစ်ယောက်ရဲ့ အရည် အချင်းဟာ အများကြီးပါဝင်ပါတယ်။ အမျှော် အမြင်ရှိခြင်း၊ အခွင့်အလမ်းရှာဖွေနိုင်ခြင်း၊ ဆုံးဖြတ်ချက်ချရဲခြင်း၊ မိမိဘာလိုနေလဲ