Knowledge

Words
151
Reading
1 min
Listen
Play
9y

#ဘဝကိုခွန်အားဖြစ်စေသောပုံပြင်

တစ်ခါက
ခရီးသွား ကုန်သည်အဖွဲ့တစ်ဖွဲ့ဟာ တောင်တန်းတစ်ခုကို ဖြတ်ပြီး ခရီးသွားကြရင်းမထင်မှတ်ပဲ အဖွဲ့ထဲမှ တစ်ယောက်ဟာ ခြေချော်ပြီးဂျောက်ကမ်းပါးထဲကို ပြုတ်ကျသွားခဲ့တယ် ။

ပြုတ်ကျသူဟာ ဂျောက်ကမ်းပါးရဲ့
ထက်ဝက်မှာရှိတဲ့ ကျောက်စွယ်လေးမှာ တင်နေတယ်
ဂျောက်ကမ်းပါးကြီးကလဲ အင်မတန်မှ နက်ရှိုင်းတော့
ဘယ်သူမှလဲ ဆင်းမကယ်ဝံ့ကြဘူးပေါ့ ။

ဒီတော့ ကုန်သည်အဖွဲ့က
" ပြုတ်ကျသူကို ကူညီဖို့ဟာ တကယ့်ကို မလွယ်ကူဘူး
သူဟာ သေလူ ဖြစ်သွားပါပြီ
ဒီတော့ သူ့အိမ်ကို ဘာများမှာချင်လဲဆိုပြီး
ကမ်းပါးထိပ်ကနေ အော်ဟစ်ပြီး မေးကြမယ် " ဆိုပီး

" ဟေ့လူ မင်းဟာ မကြာခင် သေရတော့မယ်
ဒီဂျောက်ကမ်းပါးကြီးကို မင်း တက်နိုင်မှာ မဟုတ်ဘူး
ငါတို့လဲ ဆင်းကယ်လို့ မရနိုင်ဘူး
ဒီတော့ မင်းအိမ်က မိသားစုကို ဘာမှာချင်လဲပြော
ငါတို့ သွားပြောပေးမယ် " လို့ အော်ပြောကြသတဲ့ ။

ဒီအချိန်မှာ ပြုတ်ကျသူဟာ
ဂျောက်ကမ်းပါးကြီးကို ကုတ်ခြစ်ပီး တက်ဖို့
ကြိုးစားပါတော့တယ် ။

ကမ်းပါးထိပ်က အဖွဲ့ကလဲ
တက်ဖို့မကြိုးစားပါနဲ့တော့ ဆက်ပီး အောက်ကို ပြုတ်ကျလိမ့်မယ် မင်းအိမ်ကို မှာချင်တဲ့ စကားကိုသာ ငါ့ကိုပြောပါ
အဖွဲ့ကရမယ့် မင်းရဲ့ ဝေစုကိုလဲ မင်းအိမ်ကို ပေးပေးပါ့မယ် " လို့ အော်ဟစ်ပြောဆိုကြပြန်တယ်။

ဒီလိုပြောလေ
ပြုတ်ကျသူဟာ ကြိုးစားပီး ကုတ်ခြစ်တက်လာလေပါပဲ

ဒီလိုနဲ့ တက်လာလိုက်တာ
မယုံနိုက်အောင်ပါပဲ သူဟာ အပေါ်ကို ရောက်လာနိုင်ခဲ့ပါတယ် ။

ဒီတော့မှ အပေါ်က သူ့အဖွဲ့ဟာ ဝမ်းသာအားရဖြစ်ပြီး
" မင်းကို မဖြစ်နိုင်ပါဘူး
မကြိုးစားနဲ့တော့လို့ ပြောတာကို ဂရုမစိုက်ပဲ
ဘာလို့ ဇွတ်အတင် တက်လာနိုင်ခဲ့တာလဲ " လို့
ဝိုင်းမေးကြတော့…

" ငါဟာ နားသိပ်မကြားသူ တစ်ယောက်ပါ
မင်းတို့ပြောတာကို ငါမကြားဘူး
ငါက မင်းတို့ဟာ ငါ့ကို အပေါ်တက်ဖို့
တိုက်တွန်း အားပေးနေကြတာလို့ ထင်တာနဲ့
အားကြိုးမာန်တက် တက်လာခဲ့တာပါ " လို့
ပြန်ပြောလိုက်ပါတော့တယ်

ဒီလိုပါပဲ
ဘဝမှာ အောင်မြင်ဖို့အတွက် အခက်အခဲတွေ
ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
ပတ်ဝန်းကျင်ရဲ့ အထင်သေး ကဲ့ရဲ့ ထိုးနှက်ချက်
စကားတွေကို လျစ်လျှူရှုပြီး
သင့်ရဲ့ ခွန်အားတွေအဖြစ် အသုံးချလိုက်ပါ ။
image

Credit....Original Uploader