ကမ္ဘာ့အန္တရယ်အကြီးဆုံး သတ္တဝါဆယ်မျိုး
တစ်ပုံခြင်းထောက်၍ဖတ်ကြပါရန်။
၁၀။ ကိတ်ကျွဲရိုင်း ( Cape Buffalo)
အရွယ်ရောက် ကိတ်ကျွန်ရိုင်းတစ်ကောင်ဟာ မဲမဲမြင်ရာရန်မူတတ်ပါတယ်။ သူ့ရှေ့က မည်သည့်အရာကိုမဆို တိုက်ခိုက်ရန်ပြုဖို့ ဝန်မလေးပါဘူး။ လူမပြောနဲ့ မော်တော်ဆိုင်ကယ်တွေ ကားတွေကိုတောင် သူဒေါသထွက်လာရင် တိုက်ခိုက်ဖျက်ဆီးပါလိမ့်မယ်။ သူနဲ့တစ်ယောက်ချင်းတွေမိရင် ထွက်ပြေးဖို့မစဉ်းစားပါနဲ့ တစ်နာရီသုံးဆယ့်ငါးမိုင်နှုံးနဲ့ လိုက်ပြီးတိုက်ခိုက်နိုင်ပါတယ် ကိတ်ကျွဲရိုင်းကို ကမ္ဘာ့အန္တရာယ်အရှိဆုံးအဖြစ် သတ်မှတ်ထားပါတယ်။
၉။ ကွန်းခရု (Cone Snail)
ကာရစ်ဘီယံ, ဟာဝိုင်ယီနှင့်အင်ဒိုနီးရှား ပင်လယ်ပြင်မှာ အတွေ့ရများပါတယ်။ ကွန်းခရုကိုဘယ်သူမှ မထိရဲကြပါ။ အရွယ်အစား 4- 6 လက်မ ခန့်ရှိပြီး သူတို့ရဲ့ဖွက်ထားတဲ့ အစွယ်နဲ့ထိုးမိတဲ့သူဟာ အလွန်ပြင်ထန်တဲ့အဆိပ်ဒဏ်ကို ခံကြရပါလိမ့်မယ်။ အချိန်မီဆေးရုံတင်နိုင်ရင်တောင်မှ ဆယ်ယောက်မှာတစ်ယောက်လောက်သာ အသက်ရှင်ဖို့ရှိပါတယ်။ သူ့ရဲ့အဆိပ်ဟာ လူ့အာရုံကြောဆဲတွေကို ရပ်တန့်သေဆုံစေပြီး အဆိပ်မိချင်း သွပ်ချာပါဒစွဲသလို ဖြစ်သွားပါလိမ့်မယ်။ သူ့ကိုနာမည်ပြောင်အနေနဲ့ စီကရက်ခရု(cigarette snail) လို့ခေါ်ကြပါတယ်။ သဘောကတော့ ကွန်းခရုအဆိပ်မိထားတဲ့ သူတစ်ယောက်ဟာ စီးကရက်တစ်လိပ် သောက်ချိန်တော့ရသေးတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
၈။ ရွှေအဆိပ်ဖား (Golden Poison Dart Frog)
သူတို့ရဲ့အရည်ပြားပေါ်မှာ ပြင်းထန်တဲ့ အဆိပ်ရည်အစေးတွေရှိနေတာပါ။ နာမည်ပါတဲ့အတိုင်း ရွှေဝါရောင်အဆင်းရှိပါတယ်။ တောင်အမေရိကမြောင်းပိုင်း နဲ့ ကိုလံဘီယာရဲ့ပစိဖိတ်ကမ်းရိုးတန်းတလျှောက် မိုးသစ်တောများမှာ တွေ့ရှိနိုင်ပါတယ်။ ဒေသခံတိုင်းရင်းသားမုအမဲလိုက်မုဆိုးများ အဆိပ်ဖားများကိုဖမ်းဆီးပြီး ဖားရဲ့အရေပြားနဲ့ မျှားလှံသွားများနဲ့ပွတ်တိုက်အဆိပ်ရယူပြီး သားကောင်တွေကို ပစ်ခတ်ဖမ်းဆီးလေ့ရှိပါတယ်။
၇။ ငါးဖန်ခွက် (Box Jellyfish)
ပင်လယ်ပြင်ရဲ့ အဆိပ်အပြင်းဆုံးသတ္တဝါးလေးတွေ ဖြစ်ကြပါတယ်။ ဟိုဘက်ဒီဘက် ဖောက်မြင်နိုင်တဲ့ ခန္ဓာကိုယ်နဲ့ ပြင်းထန်တဲ့အဆိပ်ရှိကြပြီး ကျောရိုးမဲ့သတ္တဝါပါ။ သူတို့ရဲ့အဆိပ်ဟာ လူ့နှလုံးကိုတိုက်ခိုက်ပြီး များသောအားဖြင့် အဆိပ်မိတဲ့သူများဟာ နှလုံးရပ်တန့်ကာ ရေမကူးခတ်နိုင်တော့ပဲ ရေနစ်ပြီးသေဆုံးကြရပါတယ်။ ဩစတေးလျှားမြောက်ပိုင်း အင်ဒိုပစိဖိတ် ပင်လယ်ပြင်မှာ တွေ့ရှိရတတ်ပါတယ်။
၆။ ပဖ်ဖားငါး (Pufferfish)
ရွှေဖားပြီးရင် ကျောရိုးရှိသတ္တဝါထဲက ဒုတိယမြောက် အဆိပ်အပြင်းဆုံးသတ္တဝါ ဖြစ်ပါတယ်။ အထူးသဖြင့်ဂျပန်, တရုတ်နှင့်ဖိလစ်ပိုင်ပင်လယ်ပြင်တို့မှာ တွေ့ရှိနိုင်ပါတယ်။ ဒီငါးရဲ့ အသား အတွင်းကလီစာ အရေပြား အကုန်အဆိပ်တွေပြည့်နေပါတယ်။ စားမိတဲ့သူအတွက် မူးဝေ အော့အန် အာရုံကျောများပျက်စီး အသက်ရှုမရ ဖြစ်ပြီးသေဆုံးရပါတယ်။ ဒီငါးရဲ့အဆိပ်မိတာနဲ့ သေဖို့ပဲရှိပါတယ် ကုသနိုင်ခြင်းမရှိသေးပါဘူး။
၅။ ဘလက်ခ်မမ်ဘာမြွေ (Black Mamba)
မြွေဟောက်နဲ့ မျိုးစိတ်တူပြီး ကမ္ဘာပေါ်က ရှိသမျှမြွေများထဲက အလျှင်မြန်ဆုံး မြွေဖြစ်ပါတယ်။ တစ်နာရီမှာ 12.5 မိုင်ထိသွားလာနိုင်ပြီး အာဖရိကတောင်ပိုင်း မြက်ခင်းလွင်ပြင်နဲ့ ကျောက်တောင်များမှာ တွေ့ရများပါတယ်။ ဘလက်ခ်မမ်ဘာမြွေ ကိုက်ခံရပြီးတဲ့ သူတစ်ယောက်ဟာ မိနစ်နှစ်ဆယ်အတွင် ကုသမှုမခံရရင် တစ်ရာရာခိုင်နှုံး သေဆုံးဖို့ သေချာပါတယ်။
၎။ ရေငန်မိကျောင်း (Saltwater Crocodile)
ရွေ့လျှားလူသတ်သမားဟု တင်စားခေါ်ဝေါ်ကြသည်။ သူတို့ရဲ့ လျှပ်တစ်ပျက်တိုက်ခိုက်မှုနဲ့ သန်မာတဲ့မေးရိုးတွေရဲ့အောက်မှာ မည်သည့်သတ္တဝါမှ မလွတ်မြောက်နိုင်ပါ။ ရေငန်ဒေသနဲ့ ရေချိုရေငန်စပ်များမှာ နေထိုင်ကျက်စားကြပါတယ်။ နှစ်စဉ် ငါးမန်းကြောင့်သေဆုံးမှုထက် မိကျောင်းများတိုက်ခိုက်မှုက ပိုများတယ်လို့ သိရပါတယ်။
၃။ စက်စီယင်ကောင် (Tsetse Fly)
ယင်ကောင်များတွင် လူတို့အား အန္တရာယ်အများဆုံး ပြု နိုင်သော ယင်ကောင်မှ အာဖရိကတိုက် အပူပိုင်း ဒေသရှိ စက်စီယင်ကောင် ဖြစ်သည်။စက်စီယင်သည် သာမန်ယင်ကောင် များထက် အတန်ငယ် ကြီးထွားသော်ကိုယ် ရှိသည်။ စက်စီယင်ကြောင့် တစ်နှစ်တစ်နှစ်တွင် ပျက်စီးဆုံးပါးရ ခြင်းသည် မခန့်မှန်းနိုင်လောက်အောင် ဖြစ်သည်။ အာဖရိက တိုက်ရှိ အချို့အရပ်ဒေသများတွင် လူမနေနိုင်လောက်အောင် ဆိုးရွားသည်။ ဤယင်မျိုး ကိုက်ခဲသည့်အခါ အကိုက်ခံသူ၏ သွေးထဲသို့ ပရိုတိုဇွန်း ပိုးကလေးများ ဝင်သွားသည်။ ဦးနှောက်ရောင် အိပ်မဝရောဂါဟု ဆိုခြင်းမှာ ရောဂါစွဲကပ်သူ သည် အစဉ်အိပ်ချင်နေတတ်ခြင်းကြောင့် ဖြစ်သည်။ ၎င်းရောဂါအတွက် ကူသရန်ဆေးမရှိပါ ကူးစက်ခံရပါက သေဆုံးဖို့သာရှိပါသည်။ ဂလောက် စင်းနား မော်စီတန်းခေါ် ယင်ကောင်မျိုးသည် ကျွဲ၊ နွား၊ တိရစ္ဆာန်၊ မြင်း၊ ခွေးနှင့် အခြား အိမ်မွေး တိရစ္ဆာန်များကို နာဂါနားခေါ် ရောဂါမျိုး ဖြစ်စေတတ်သည်။ စက်စီယင် သည် နားနေသည့်အခါ တောင်ပံကို နောက်ကျောအောက်သို့ အလျားလိုက် ခေါက်ထားလေ့ရှိသည်။
၂။ ခြင် (Mosquito)
စက်စီယင်ထက်ဆိုးသည်။ တစ်နှစ်အတွင်း ခြင်မတစ်ကောင်မှ ခြင်ကောင်ရေ သန်းပေါင်း ၁၅၉,၈၅၇ထောင် ပေါက်ဖွားနိုင်သည်။ အေးဒီးစ်ခြင် (ခေါ်)ပုန်းခြင်ကျား အမကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ အနိုဖလိခြင်မကြောင့် ငှက်ဖျားရောဂါ ၊ အသားဝါရောဂါ ၊ ဘေလုံးကြီးရောဂါများ၊ ကျူးလက်ခြင်မကြောင့် ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါများ ဖြစ်ပွားနိုင်သည်။ နောက်ဆုံးပေါ် ဇီကာရောဂါသည်လဲ ခြင်ကြောင့်ပင်ဖြစ်သည်။ အနောဖိလစ်ဟုခေါ်သည့် ငှက်ဖျားရောဂါကို ဖြစ်ပွားစေသော ခြင်သည် ကြောက်စရာအကောင်းဆုံး ခြင်အဖြစ် ကမ္ဘာ့မှတ်တမ်းဂင်းနစ်စာအုပ်ကြီး၌ ဖော်ပြထားသည်။ ထိုခြင်ကြောင့် ကျောက်ခေတ်မှ ယနေ့ခေတ်အထိ လူ ၁၀၀-လျှင် အယောက် ၅၀-ခန့်သည် ငှက်ဖျားရောဂါဖြင့် သေဆုံးနေရသည်။ အာဖရိကရှိ ဆာဟာရဆင်ခြေဖုံး အရပ်ဒေသများတွင်မူ တနှစ်လျှင် ၁.၄ သန်းမှ ၂.၈-သန်းအတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးနေကြသည်။ယင်းအာဖရိကနိုင်ငံများအတွက် ငှက်ဖျားရောဂါကုသစရိတ်အဖြစ် တနှစ်လျှင် ဒေါ်လာ ၁၂-ဘီလျံဖိုးခန့် သုံးစွဲနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
၁။ လူသား (humans)
လူနှင့်လူမဟုတ်သော အခြားသတ္တဝါများ သေဆုံးပျက်ဆီးမှုမှာ လူသားများကြောင့် အများဆုံးဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့်သစ်တောနှင့်သန္တာကျောက်တန်းများပျက်စီးခြင်းများ ကုန်းနေရေနေ သတ္တဝါများအတွက် လူသားသည်ရန်သူဖြစ်သည်။ အကြမ်းဖက်မှုများ နျူကလီယားလက်နက်ပိုင်ဆိုင်မှုများ စစ်ပွဲများ သတ္တဝါပေါင်းများစွာ မှီတင်းနေထိုင်ကြသော ကမ္ဘာမြေကြီးသည် လူသားတစ်မျိုးထဲကြောင့်ပင် ပျက်စီးတော့မည်ဖြစ်သည်။ အကယ်၍သာ သတ္တဝါများ တွေးတော စကားပြောဆိုနိုင်မည်ဆိုပါက ကမ္ဘာကြီးပျက်စီးခြင်း၏ တရားခံသည် လူသားမျိုးနွယ်သာဖြစ်ကြောင်း စွတ်စွဲပြစ်တင်ပြောဆိုကြပေလိမ့်မည်။ ထို့ကြောင့် ကမ္ဘာ့အန္တရယ်အကြီးသတ္တဝါ စားရင်း၌ လူသားသည် နံပါတ်တစ် ထိပ်ဆုံးကဟုဆိုလျှင် မှားမည်မဟုတ်ချေ။
Source-ဗဟုသုတ ဒိုင်ဂျက်