အကယ်၍သာ...(၄)

Words
162
Reading
1 min
Listen
Play
9y

(အပိုင်း ၁ ဖတ်ရန်)[https://steemit.com/myanmar/@htetwaihin/aky-tha]

(အပိုင်း ၂ ဖတ်ရန်) [https://steemit.com/myanmar/@htetwaihin/aky-tha-2]

(အပိုင်း ၃ ဖတ်ရန်)[ https://steemit.com/myanmar/@htetwaihin/aky-tha-3]

ထို့နောက် သူအကြိမ်ကြိမ် နားထောင်နေကျ
ဖြစ်သောNick Vujicic ၏
Something More သီချင်းခွေလေးကို
သူ၏ dvd player လေးထဲထည့်ပြီး
နားထောင်မိပြန်သည်။

ဒီတစ်ကြိမ် နားထောင်ပြီးနောက် ဖြစ်ပေါ်လာသော
ခံစားချက်တို့မှာ ယခင်အကြိမ်များစွာ
နားထောင်ခဲ့စဉ်ကနှင့်မတူပဲ
တမူထူးခြားလို့နေသည်။စိတ်ထဲ
အသိဉာဏ်ထဲတွင် လင်းခနဲဖြစ်သွားသည်။
သီချင်းလေးထဲက အတိုင်း ဘ၀ကို
အနိုင်မခံအရှုံးမပေးလိုသောစိတ်များ
ပြန်လည်မွေးဖွားလာသည်။

တည်ငြိမ်စွာထိုင်နေရင်းမှ သူ့ဘဝ
ရှေ့ဆက်နိုင်ရန် ဘယ်အရာကို
စိတ်အားထက်သန်မှုရှိသည်ကို
သေချာစဉ်းစားကြည့်မိသည်။ဘယ်အရာက
သူ့ကိုပျော်ရွှင်စေသလဲ အကြိမ်ပေါင်းများစွာ
မိမိကိုယ်ကိုမေးမြန်းရင်းအဖြေရှာမိတော့....

၁၅နှစ်ခန့်ကြာသော်

  " မြန်မာနိုင်ငံလုံးဆိုင်ရာမသန်စွမ်းသူများအသင်း၏ ရွေးကောက်ခံ ဥက္ကဌနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ "

FB_IMG_1520959445663.jpg

Photo credit - Google image

နိုင်ငံတကာအဆင့်မီ ကြီးကျယ်ခမ်းနားလှသော
Hilton Hotelကြီး၏ Grand Ballroom တွင်
လာရောက်သော ဧည့်သည်များဖြင့်
အလွန်ပင် စည်ကားလို့နေသည်။
တက်ရောက်လာကြသောသူများမှာ
နာမည်ကြီး အနုပညာရှင်များ၊
နယ်ပယ်အသီးသီးမှ အောင်မြင်သော
စီးပွားရေးလုပ်ငန်းရှင်များ၊နိုင်ငံရေးနယ်ပယ်မှ
အောင်မြင်သူများ၊ခန္တာကိုယ်မသန်သော်လည်း
နယ်ပယ်အသီးသီးတွင် အောင်မြင်စွာ
စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များနှင့်
သတင်းဌာနအသီးသီးမှ သတင်းသမားများလည်း များစွာတက်ရောက်ကြလေသည်။
ထိုအထဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ
မသန်စွမ်းသူများအသင်း၏ ဥက္ကဌအဖြစ်
ရွေးကောက်ခံရသော ကိုဇေယျလည်း
အပါအ၀င်ဖြစ်၏။

ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်သော
စွန့်ဦးတီထွင် စီးပွားရေးသမားလေးလည်းဖြစ်၊
မိမိနှင့်ဘ၀တူ မသန်စွမ်းသူများကိုပါ
အထူးတလည်ကူညီထောက်ပံ့မှုများအပြင်
လူမှုအကျိုးပြုလုပ်ငန်းများစွာပြုလုပ်လေ့ရှိသော သူ၏လုပ်ဆောင်ချက်များကြောင့်
ယခုကဲ့သို့ ဥက္ကဌအဖြစ်
ရွေးကောက်ခံခဲ့ရခြင်းဖြစ်၏။

FB_IMG_1520959705658.jpg

Photo credit - Google image

ပွဲစတင်ပြီး မကြာမီမှာပင် ဖျော်ဖြေပွဲ
အခမ်းအနားများ၊အစီအစဉ်များစွာနှင့်
လာရောက်သည့်ပရိသတ်များကို
ဖျော်ဖြေပြီးနောက် ရွေးကောက်ခံရသော
အဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်များ
ပေးအပ်ခြင်း၊အမှတ်တရ စကားများ
ပြောဆိုခြင်းများပြုလုပ်ပြီးနောက်ဆုံး
အစီအစဉ်အနေဖြင့် မသန်စွမ်းသူများ
ဥက္ကဌအဖြစ် ရွေးကောက်ခံရသော
ကိုဇေယျအား သတင်းသမားများ၏
မေးမြန်းမှု အစီအစဉ်ပြုလုပ်ရန်
အချိန်ကျရောက်လာလေသည်။

သတင်းသမားများက သူတို့သိချင်သည့်
အကြောင်းအရာများကို မေးမြန်းကြလေသည်။
ထို့နောက် သတင်းသမားတစ်ဦးမှ
ကိုဇေယျအား ငယ်ဘ၀အချိန်မှစ၍
ယခုအောင်မြင်လာချိန်အထိ ဖြတ်သန်းခဲ့ရသော ဘ၀ဇာတ်ကြောင်းအား အနည်းငယ်
ပြောကြားပေးရန်တောင်းဆိုလိုက်သည်။
ထိုအခါ ကိုဇေယျမှ ...
"ကောင်းပါပြီး ကျနော်ဖြတ်သန်းလာခဲ့ရတဲ့
ဘ၀ဇာတ်ကြောင်းကို အတိုချုံ့ပြီး
ပြောပြပါမယ်" ဟုပြန်ပြောလိုက်တော့
လာရောက်သော ပရိသတ်များမှ
လက်ခုပ်တီး၍ အားပေးကြလေသည်။

(ဇာတ်သိမ်းပိုင်းအားနောက်တပတ်တွင် ဆက်လက်တင်ပြပါမည်။)

htetwaihin@htetwaihin

MSC - 039

အကယ်၍သာ...(၄) | Ecency