ရေစွမ်းအား နှင့် ရေအားလျှပ်စစ်စွမ်းအင်
ကျွန်တော်တို့လူသားတွေဟာ နေ့စဉ် စွမ်းအင်များစွာကို အသုံးပြုလျက်ရှိပါတယ်.ထိုအထဲမှာ လျှပ်စစ် စွမ်းအင်ဟာ အသုံးအများဆုံးပါ..ထိုလွှပ်စစ်စွမ်းအင်ဖြစ်ပေယ်လာစေရင် သဘာဝဓာတ်ငွေ့ စွမ်းအင် /ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ/ဓာတ်ဆီ ဒီဇယ်အင်ဂျင်စွမ်းအင်
လေစွမ်းအင် ရေစွမ်းအင် များကို လျှပ်စစ်ဓာတ်အားအဖြစ်ပြောင်းလဲပီး အသုံးပြုလျက်ရှိပါတယ်. လေထုညစ်ညမ်းမှု မရှိ သဘာဝပတ်ဝန်းကျင်မထိခိုက်မှုမရှိ ရှိလျှင် အနည်းအကျင်းသာဖြစ်ပြီး
စွမ်းအင်များစွာ ထုတ်ယူနိုင်သည်မှာ လေအား ရေအား တို့မှ ဖြစ်သည်..ထိုအထဲမှ ရေအားစွမ်းအင်ကို Googleနှင့် စာအုပ်များမှ အချက်များကိုtranslateလုပ်ပောင်းစပ်ရေးသားရင်း တင်ပြသွားမည်...
လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတုန်းက လူသားတွေဟာ ရေစွမ်းအားကို ကို ဘယ်လိုအသုံးပြုရမယ်.. ဘယ်လို စွမ်းအားရှိတယ်ဆိုတာ မသိကြသေးချေ..သောက်သုံးရေ ရေချိုးဖို့ ဆေးဖို့လောက်သာ သိကြသည်..ရေစွမ်းအားရှိကြောင်း သိရှိလာချိန်မှာတော့ မြို့ရိုးများရဲ့ နားမှာ ဆည်တွေ ချောင်းတွေ တည်ဆောက်ခြင်းကို ဆောင်ရွက်ကြခြင်း(ရန်သူမြို့ရိုးနားကပ်လာသောအခါ အဆိုပါဆည်များအားဖွင့်ချခြင်းဖြင့် ရန်သူအား ဖွဲ့သည်းပုံပျက်စေပြီး သေကြေပျက်စီးစေသည်)/စီးဆင်းနေသောရေကို သစ်သားဒလိမ့်တုံးများ ဖြင့် လည်စေပြီး စက်စွမ်းအင် အသုံးပြုကာ ကြိတ်ခွဲငြ်း ပန်းပဲ ပန်းပု လုပ်ငန်းများမှာ ဖိုထိုးခြင်း
ရစ်လုံးလိမ့်ခြင်းများမှာ အသုံးပြုလာကြသည်..
လျှပ်စစ် တီထွင် လို့ရပြီးနောက်ပိုင်းမှာတော့
Dinamo များGeneratorများကို တီထွင်ထုတ်လုပ်လာခဲ့ကြသည်...အဆိုပါ Generatorများဟာ
မူလက စက်အားဖြင့် ပူလီဖြင့် ဆွဲကာ စက်အားဖြင့် လည်ပတ်ရသည်... ဆီဖိုးကုန်သည် အချိန်ကုန်သည် ၂၄နာရီ မနိုးထားနိုင်ပေ..
ထိုကြောင့် ရေစွမ်းအားရှိသည့်ကိုသိသည့်အတွက် ရေတံခွန်မှစီးကြသည့် ရေအားကို အနည်းငယ် ထိန်းချုပ်ပြီး generator အားလည်စေသည်...သို့သော်အဆင်မပြေ...ထို့နောက်မှာတော့ ရေတံခွန် မြစ်ခေချာင်းများ၏ ရေစီးအားကို တားကာ ဆည်များတည်ဆောက်ခဲ့ကြသည်..ထိုဆည်များ၏ အောက်ခြေ အရှေ့ဘက် ရေလွှတ်ပေါက်တွင် လျှပ်စစ်တာဘိုင်များ Generatorများကို ထည့်သွင်းတည်ဆောက်ထားသည်...အဆိုပါ ရေထွက်ပေါက်များကို 9မီတာ အချင်းရှိသော ကွန်ကရစ်ပိုက် (သို့) သံမဏိပိုက်လုံးများဖြင့် တပ်ဆင်ထားသည်...ထို့ပြင် ထိုရေထွက်ပေါက်များသည် အလိုအလျောက် ဖွင့်နိုင် ပိတ်နိုင်အောင် ပြုလုပ်ထားလေသည်...ထိုပိုက်များမှ တစ်ဆင့် ရေအားသည်
အောက်ခြေရှိ turbines များရှိရာသို့ စီးဆင်းသွားပြီး Turbineများအားလည်စေသည်...Turbineများလည်ခြင်း ကြောင့်လျှပ်စစ်သံလိုက် စွမ်းအင်ကို ရရှိကာ Generatorများမှ တစ်ဆင့် လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးလေသည်..Generatorများမှထုတ်လုပ်ပေးသည့် လျှပ်စစ်ဓာတ်အားသည် မဂ္ဂါဝပ်များစွာထွက်လေသည်.
1mega watt= 1×1000000 wattရှိလေသည်
အဆိုပါပမာဏကို ပို့လွှတ်လျှင် ရှိသမျှ လျှပ်စစ်စက်ပစ္စည်း အကုန်လောင်ကျွမ်းနိုင်သည်..ထိုကြောင့် generatoreများမှ လျှပ်စစ်ဓာတ်အားကို စက်ရုံနှင့် အိမ်များသို့မရောက်မီ transformerများဖြင့် ကြားခံထိန်းထားရသည်
ဆည်တွေတည်ဆောက်ခြင်းကြောင့် ရေအားလျှပ်စစ်ထုတ်ယူလို့ရသည်သာမဟုတ်ပေ အခြားသော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်နိုင်လေသည်...ကမ္ဘာပော်က ကန္တာရဒေသတွေ မြေဆီသြဇာ နည်းပါးလှတဲ့ ဆည်ရေသောက် စနစ်ဖြင့်လုပ်ဆောင်ဖြန့်ဝေပြီး ဆည်မြောင်းတာတမံများ တည်ဆောက်ထားကြပါတယ်...ဒါ့အပြင် ဆည်မြောင်း တာတမံများကိုလည်း မြစ်ချောင်းများတစ်လျှောက်တည်ဆောက်စေပြီး..ထိုဆည်မြောင်းတာတမံများမှ ရေလှောင်ကန် များကို ပို့ဆောင်စေပြီး ခြောက်သွေ့သောဒေသများတွင် ရာသီဥတုအချိန်မှာ လူသားများ အသက်ရှင်နိုင်ရန်အတွက် ရေလုံလောက်စွာ သုံးစွဲ နိုင်ရန် ပြုလုပ်ထားကြသည်..ဥပမာအားဖြင့် အာဖရိက တိုက်မှာ နိုင်းမြစ်မှာတည်ဆောက်ထားတဲ့ Aswanဆည်...Zambesiမှာတည်ဆောက်ထားသော Karibaဆည်တို့ဟာဆိုရင် ငုင်းတို့ကို တည်ဆောက်လိုက်ခြင်းကြောင့် လူသန်းပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်ခဲ့သည်...karibaဆည်ဟာဆိုရင် 3220စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ ရေလှောင်ကန်ကြီး တစ်ခု ဖြစ်သည်..အဆိုပါ ဆည်ကြီးဟာ လူသားများတည်ဆောက်ထားတဲ့ အထဲမှ ကမ္ဘာ့ အကြီးဆုံး ရေလှောင်ကန်ကြီးဖြစ်သည်...မြန်မာနိုင်သံတွင်လည်း အလားတူ ရေအားလျှပ်စစ်ထုတ်ယူရင်း ဆည်ရေ ဖြန့်ဝေ အကျိုးပြုနေသော ဆည်များစွာ ရှိလေသည်..ရဲရွာ.. သဖန်းဆိပ်၊ရွှေလီ၊ဇော်ဂျီ၊တမန်သီ၊အထက်/ အောက် ပေါင်းလောင်း
၊ဆည်တော်ကြီး ၊ ကောင်းလန်ဖြူ၊ချီဘွယ်၊ဓာတ်တော်ချိုင့် ၊သံလွင်၊ သူဌေးချောင်း၊ ရွှေစရေး
အစရှိသည်တို့မှာ ရေအားလျှပ်စစ်ထုတ်ယူရင်း ဆည်ရေများပေးဝင်လျက်ရှိသည်...ထိုအထဲမှ ရဲရွာဆည်သည် 14580ဧက(59.0 square kilometer) ကျယ်ဝန်းကာ 197.5မဂ္ဂါဝပ်ထုတ်နိုင်သည့်Generator လေးလုံးဖြင့် လည်ပတ်လျက်ကာ မြန်မာပြည်အလယ်ပိုင်းအားလုံလောက်စွာ ဓာတ်အားပေးနိုင်သည်...မြန်မာပြည်တွင်လည်းအကြီးဆုံးဆည်ဖြစ်ကာ အာရှတွင် ပဉ္စမမြောက်အကြီးဆုံးဆည်ဖြစ်သည်...
. စာကတော့ရှည်သွားပြီ ဒီနေ့တော့ ဒီနေရာတွင် ခဏနားမည် နောင်တွင် ဆည်များနှင့် ပတ်သတ်၍လည်း ဆက်လက်ရေးသားအုံးမည်...ရွှင်လန်းချမ်းမြေ့ကြပါစေ
22.8.2017
Translate and writer -Htetlinnaung
Photo-google
Ref-Gti 1st year,https://en.m.wikipedia.org/wiki/Dams_in_Myanmar and https://www.google.com.mm/search?client=ms-android-xiaomi&ei=4oecWcHQMMif0gSL37TIBA&q=dam+in+world&oq=dam+in+worl&gs_l=mobile-gws-serp.1.0.0j0i22i30k1l4.2316.6817.0.7857.20.15.0.2.2.0.353.3627.0j3j10j2.15.0....0...1.1j4.64.mobile-gws-serp..10.10.2211...41j0i67k1j0i10k1.5bbzfNLa-X8
အချက်အလက်များနှင့် အမှားများပါသည်က ထောက်ပြဝေဖန်ကြပါ...စာရှည်မည်စိုး၍အချက်အလက် များစွာဖြင့် မရေးခြင်းဖြစ်ပါသည်....