စိတ်ညစ်လာရင် အမေ့ကိုပဲ ရင်ဖွင့်လေ့ရှိတယ်။
အမေကပဲ ချော့မော့ပေးတယ်။
ဖြောင့်ဖြပေးတယ်။
တစ်ယောက်တည်း တစ်ဘက်သတ်အတွေးတွေဟာ......
အမေရှင်းပြတဲ့အခါ .....
ပြဿ
နာကို
မတူညီတဲ့ ရှုထောင့်ကနေကြည့်တတ်လာတယ်။
သူ့ဘက်ကလည်း မှန်ချင်မှန်နိုင်ပါလားဆိုတဲ့ အတွေးမျိုးတွေ ဝင်လာတယ်။
ရင်ဖွင့်လိုက်ရတဲ့အတွက် အနည်းဆုံးတော့ ပေါ့ပါးသွားတယ်။
ကျေးဇူးပါ မေမေ။
ဒီနေ့ အမေများနေ့လေ မေမေ။
သူများတွေကတော့ သူတို့အမေတွေနဲ့အတူ ဓာတ်ပုံအတူတူရိုက်ကြပြီး အသည်းအသန် ချစ်ပြကြတဲ့နေ့လေးပေါ့မေမေ။
အမေ့ကျေးဇူး၊ အမေ့နို့ဖိုး တွေကို ချီးမွမ်း ဥဒါန်းကျူးကြတဲ့နေ့လေးပေါ့။
အဲ့ဒီနေ့မှာ fb ကသူငယ်ချင်းတွေရဲ့ အမေတွေကို တစ်ရက်တည်းနဲ့ တွေ့ ခွင့်ရခဲ့တယ်လေ။
အော်...ဒါသူရဲ့ အမေပုံပါလား!
သမီးလည်း ပြုံးနေတဲ့ အမေ့ဓာတ်ပုံကို ဖေ့ဘုတ်ပေါ်တင်ပီး
''ဒါ ငါ့အမေလေ ''
'' I Love you mom''
ဆိုပီး ကြွားချင်တာပေါ့။
ဒါပေမယ့် မတင်ခဲ့ပါဘူး မေမေ။
အမေ့အပြုံးကို သမီးတစ်ယောက်တည်းပဲ ပိုင်ချင်တယ်။
နည်းနည်းများ အတ္တကြီးသွားသလား မေမေ!
ကျနော်က ကျနော့်အမေကို သိပ်ချစ်ပါတယ်။
ကျနော် အမေဖြစ်နေလို့ ချစ်တာ မဟုတ်ပါဘူး။
သူမက ထက်မြက်တယ်၊ တော်တယ်၊ ရဲရင့်တယ်၊
မိသားစုအတွက် အမြဲတမ်းအနစ်နာခံတယ်၊
မိသားစုအတွက် သူမ တစ်ဘဝလုံးကို မြှုပ်နှံထားတယ်၊
ဇနီးမယားကောင်း ပီသတယ်၊
မိခင်ကောင်း ပီသတယ်။
ဒီအချက်တွေကြောင့် သူမကို ကျနော်ချစ်မြတ်နိုးလေးစားရတာပါ။
ကျနော့် အမေ, မဟုတ်ခဲ့ရင်တောင်မှ ချစ်နေမှာပါ။
လေးစားအားကျ နေမှာပါ။
"I Love You So Much MOM"
Happy mothers' day.
Thank you,
@honeysara
MSC 040