 

hninwai(32)
Published in
#life
Words
296
Reading
2 min
Listen
Play
9y

အသိလိမ္မာရှိလိုလျှင် စာဖတ်ပါ

စာတတ်ရုံမျှနဲ့ ဗဟုသုတ ပြည့်စုံတယ်လို့ မဆိုနိုင်ဘူး။
ဘယ်လောက်ပဲ စာတွေတတ်တတ် စာမဖတ်တဲ့လူဟာ
တတ်သိပြည့်စုံတယ်လို့ မခေါ်နိုင်ဘူး။

ဗဟုသုတ ပြည့်စုံဖို့ဆိုရင်တော့ စာများများ ဖတ်ရပါမယ်။
စာဖတ်တဲ့အခါမှာ အကျိုးရှိအောင်ဖတ်တတ်ဖို့လည်း လိုပါတယ်။

စိတ်ကို ကာကွယ်ရာမှာ ပညာလိုပါတယ်။
စိတ်ရဲ့ ရန်သူဟာ ဓား၊လှံ၊ လက်နက်မဟုတ်ပါဘူး။
စိတ်ရဲ့ရန်သူကို စာဖတ်ခြင်းနဲ့အနိုင်ယူရပါတယ်။

ပညာ ဗဟုသုတ ရှိတဲ့အရပ်ဒေသဆိုတာ
စာကောင်းပေမွန်တွေ စုဝေးတဲ့နေရာဖြစ်တယ်။

သာမာန်လူတစ်ယောက်က တစ်ထွာမြင်ရင်
စာဖတ်တဲ့လူဟာ တစ်တောင်မြင်နိုင်ပါတယ်။

ရိုမေနီးယားနိုင်ငံရဲ့ လူအများစုဓလေ့ လေ့ကျင့်တစ်ခုရှိတယ်။
ကလေးကို မုန့်ဖိုးပေးရင် စာတစ်ပုဒ်(သို့) ကဗျာတစ်ပုဒ် ရွတ်ဆိုစေပြီးမှ ပေးလေ့ရှိတယ်။

ဒါဟာ ကလေးတွေရဲ့ စာပေဗဟုသုတ တိုးပွားစေလိုတဲ့
စိတ်ဓာတ်ကိုတွေ့မြင်ရပါတယ်။

နုနယ်နေတဲ့စိတ်တွေကို စာဖတ်ခြင်းနဲ့တစ်ဖန်ရင့်ကျက်စေတယ်ဆိုတာလည်း
စာဖတ်သူတိုင်း လက်ခံကြပါတယ်။

စာဖတ်တဲ့နေရာမှာ မိမိကိုယ်ကို ပြန်ဖတ်ခြင်းဆိုတာရှိပါတယ်။
မိမိရဲ့ အဆိုးအကောင်း အကျိုးအကြောင်းကိုလည်း
ပြန်လည်ဖတ်ရှု့ဖို့လိုအပ်ပါတယ်။

စာဖတ်ပါ
မိမိစိတ်ကို တိုက်ခိုက်လာသော ရန်သူကို
စာဖတ်ခြင်းဖြင့် အနိုင်ယူပါ။

စာဖတ်ပါ
စာအုပ်တစ်အုပ် ဝယ်ဖတ်ဖို့တောင် သင်နှမျောနေတယ် ဆိုရင်
ဘဝရဲ့ အခွင့်အရေးဆိုတာ ဘာလဲလို့...
သူများတွေကို လိုက်မေးနေရတဲ့သူ ဖြစ်သွားလိမ့်မယ်...

ဘဝဆိုတဲ့ အခွင့်အလမ်း တံခါးပေါက်ကို
စာအုပ်စာပေဆိုတဲ့ သော့နဲ့ဖွင့်ရပါတယ်
အဲ့ဒီ့ သော့တစ်ချောင်း သင့်မှာရှိနေပြီဆိုရင်
သေချာပါတယ်....
သင့်အတွက် ပန်းတိုင် ဆိုတာ လမ်းတစ်ကမ်းမှာ
ရောက်ရှိလို့နေပါပြီ။

Credit to လေးစားစွာဖြင့် သျှီ(တမာမြေ)

If you want to know cunning reading

Simply can not say with full knowledge.
No matter how people can not read letters
I could not be fulfilled.

To complete the knowledge you need to read more.
When reading, you need to read the value.

I need protecting.
Israel to explain his swords, spears, Not a weapon.
Mind reading and defeat the enemy.

Knowledge places
Where to assemble the food good.

A normal person span see
The reading public.

Many Romanian national culture has an exercise.
Baby food value passed into the experience of (usually) after a poem to recite.

This is a need to increase the knowledge of children's literature
You can see the spirit.

A young mind the importance of reading and once again brings to mature
Readers agree.

Himself to reading, reading.
His work method cue
We need to re-read.

reading
Haman attacked enemy
Reading to win.

reading
Even to buy a book to read if you are floating
I mean the rights of life ...
Ask others who happened to be ...

opportunity Doors
The lock can be opened with books
The software, there should be a key
Certainly ....
The goal is a ban

FB_IMG_1500128340115.jpg

  | Ecency